Border News Agency
ကရင်ပြည်၊ ဇူလိုင် ၉။
ထိုင်း-မြန်မာနယ်စပ်က လယ်ဒိုစိုးမြို့ နယ်၊ တပ်ရင်း ၁၀ နယ်မြေက စစ်ကောင်စီတပ်ရဲ့ကမ်းရိုးတန်းတိုင်စစ်ဌာနချုပ်လက်အောက်ခံ၊ ခလရ ၂၈၂၊သုခ မဆုတ်တမ်းခံတပ်စခန်းကို ဇူလိုင်လ ၇ ရက်နေ့သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဇူလိုင်လ ၉ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မြိတ်ထားဝယ်ခရိုင်၊ တပ်မဟာ၄၊ တပ်ရင်း ၁၀ နဲ့တပ်မဟာ ၆ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အထူးဗျူဟာ ၂ မှဦးဆောင်ပြီး မဟာ မိတ်တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တာလို့ဆိုပါတယ်။
အဲဒိီစခန်းမှာစစ်ကောင်စီတပ်သားအင်အားသုံးကျော်ခန့်ရှိပြီး စခန်းသိမ်းနေချိန်မှာစစ်ကောင်စီတပ်သားတွေဟာ ထိုင်းနိုင်ငံဖက်ကို ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။