Border News Agency
မြောက်ဦး၊ ဇူလိုင် ၁၁။
ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလု ပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် ကျန်းမာရေးသင် တန်းတွေ ပေးနေတယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဇူလိုင်လ ၁၁ ရ က်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီပြည်သူ့ကျန်းမာရေးကြီးကြပ် ၂သ င်တန်းကို ဇူလိုင်လဆန်းမှာ ဖွင့်ခဲ့တာဖြ စ်ပြီး သင်တန်းသူ၊သင်တန်းသား ၁၀၀ ကျော်ဟာ ရှစ်လကြာသက်ကြားရမယ်လို့ဆိုပါတယ်။
အခြေခံခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒ၊ ဆေးဝါးဗေဒ၊ ပတ်ဝန်းကျင်ကျန်းမာရေး၊ အခြေခံရောဂါဗေဒ၊ကူးစက်ရောဂါဗေဒ၊ ပြည်သူ့ကျန်းမာရေး၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ အခြေခံသားဖွားပ ညာစတာတွေကို ဆရာ၊ ဆရာမဆယ့်ခုနှစ်ဦးက သင်ကြားပေးနေတာလို့ဆိုပါတယ်။
သင်တန်းပြီးရင် သင်တန်းဆင်းလက်မှ တ်နဲ့အတူ ပြည်သူ့ကျန်းမာရေးကြီးကြ ပ်နှစ်အလုပ်ခန့်တာကို ကျေးလက်ကျန်းမာရေးဌာနတွေမှာ တာဝန်ပေးအပ်သွားမယ်လို့ဆိုပါတယ်။
သူတို့တွေဟာ ကူးစက်မြန်၊ကူးစပ်ရော ဂါတွေကိုကာကွယ်နှိမ်နင်းရေး၊ ဘေးအန္တရာယ်၊ အရေးပေါ်ကျန်းမာရေးအခြေအနေတွေကို စီမံခန့်ခွဲရေး၊ စီမံချက်ဝင်ရောဂါတွေကို တိုက်ဖျက်ရေး၊ မကူးစပ်နိုင်တဲ့ရောဂါတွေကို ကာကွယ်ကုသရေး၊ ပတ်ဝန်းကျင်၊ လုပ်ငန်းခွင်ကျန်းမာရေးလုပ်ငန်းတွေ၊ ကျန်းမာရေးအသိပညာလုပ်ငန်းတွေကို လုပ်ကိုင်ရမှာဖြစ်ပါတယ်။
အဲဒီအပြင် ကျန်းမာရေးဆိုင်ရာစာရင်းတွေ၊အချက်အလက်တွေကောက်ယူတာ၊ စုစည်းတာ၊ မိခင်၊မွေးကင်းစ၊ ငါးနှစ်အောက်ကလေးတွေရဲ့ကျန်းမာရေးဖွံ့ဖြိုးမှုတွေ၊မျိုးဆက်ပွားကျန်းမာရေသလုပ်ငန်းတွေ၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ ကာကွယ်ဆေးထိုးလုပ်ငန်းတွေ၊ ကျေးလက်ကျန်းမာရေးဌာနတွေမှာ တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။
အာရက္ခဒေသလူငယ်၊လူရွယ်တွေကို ပညာရေးဆိုင်ရာအခွင့်အလမ်းတွေ၊အ လုပ်ကိုင်အခွင့်အလမ်းတွေဆောင်ရွက်ပေးနိုင်ဖို့ ရွယ်ရည်တယ်လို့ဆိုပါတယ်။
အဲဒီအပြင် တခြားကျန်းမာရေးဆိုင်ရာသင်တန်းတွေကို ဆက်ဖွင့်သွားမယ်လို့ဆိုပါတယ်။
ကျန်းမာရေးဌာနမှာ လူအရင်းအမြစ်တွေလိုအပ်နေပေမယ့် အာရက္ခပြည်တွ င်းက ဆေးဖက်ဆိုင်ရာဝန်ထမ်းတွေအ ပြင် ပြည်ပမှစေတနာ့ဝန်ထမ်းတွေလ ည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
ဆေးဖက်ဆိုင်ရာဝန်ထမ်းတွေလိုအပ်နေတာမို့ လူမျိုး၊ဘာသာမရွေးအာရက္ခပြည်သူ့ကျန်းမာရေးဌာနမှာ တာဝန်ထမ်းဆောင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။
Comments 1
where to buy tadalafil online – fast ciltad buy cheap cialis online with mastercard