Border News Agency
နောင်ချို၊ ဇူလိုင် ၁၆။
နောင်ချိုမြို့ပေါ်ရှိတအာင်းတပ်မတော် (TNLA/PSLF)ရဲ့ အရပ်ဖက်အုပ်ချုပ်ရေးရုံးတွေကို လုံခြုံတဲ့နေရာကို ပြောင်း ထားရတယ်လို့ ဇူလိုင်လ ၁၆ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ထိုးစစ်ဆင်တိုက်ခို က်မှုတွေကြောင့်ဖြစ်ပြီး စစ်ကောင်စီထောက်ခံသူတွေကတော့ နောင်ချိုမြို့ကို စစ်ကောင်စီတပ်သိမ်းပိုက်နိုင်ပြီလို့ ဆိုကြပါတယ်။
ဒါပေမယ့် နောင်ချိုမြို့ခံတွေကတော့ စစ်ကောင်စီတပ်ကအလုံးစုံမထိန်းချုပ်နိုင်သေးတာမို့ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းလို့ ဆိုကြပါတယ်။
“အခုက နောင်ချိုမြို့ရဲ့ လေးပုံသုံးပုံလောက်ကို စစ်ကောင်စီတပ်က ထိန်း ချုပ်လိုက်ပြီ။ကျန်တဲ့တပုံလောက်မှာတော့ TNLA တပ်တွေရှိနေသေးတယ်။ မြို့တခုလုံး စစ်ကောင်စီတပ်လက်ထဲ မရောက်သေးဘူး။တိုက်ပွဲတွေကတော့ ပြင်းထန်နေဆဲပဲ။” လို့ နောင်ချို့မြို့ခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့မေလကစလို့ နောင်ချို့မြို့တွင်းနဲ့အနီးဝန်းကျင်က ကျေးရွာတွေကို စစ်ကောင်စီတပ်က မြေပြင်ဝေဟင်ပူးတွဲထိုးစစ်ဆင်တာ၊လက်နက်ကြီးပစ်ခတ်တာတွေ နေ့စဉ်ပြုလုပ်နေတယ်လို့ TNLA ဆိုပါတယ်။
နောင်ချိုဒေသမှာ ပြီးခဲ့တဲ့မေလမှစတင်ပြီးဇူလိုင်လ ၁၅ ရက်နေ့ထိ နှစ်ဖက်တို က်ပွဲပေါင်း ၃၁၉ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်း ၁၀၆ ကြိ မ်၊ဒရုန်း ၁၆၂ ကြိမ်၊လက်နက်ကြီး ၄၆ ၉ ၂ ကြိမ်နဲ့အဆိပ်ငွေ့ဗုံး ၁၈၆ ကြိမ် တို က်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်တိုက် ခိုက်မှုတွေကြောင့် အရပ်သားတွေဟာ ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့လည်း ဆိုပါတယ်။
ကျောက်မဲ၊နောင်ချို၊သီပေါ၊မိုးကုတ်၊ မိုင်းငေါ့မြို့တွေမှာ မေလမှဇူလိုင်လ ၁ ၅ ရက်နေ့ထိ သေဆုံးသူ ၂၃ ဦး၊ထိခိုက်ဒဏ်ရာရသူ ၈၈ ဦး၊ဘုန်းကြီးကျောင်း ၈ ကျောင်း၊စာသင်ကျောင်း ၈ ကျောင်းနဲ့နေအိမ် ၂၂၀ လုံး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ မိုးကုတ်၊ကျော က်မဲ၊သီပေါ၊နောင်ချို၊ကွတ်ခိုင်အပါ အဝင် မြို့ ၁၂ မြို့ကို တအာင်းတပ်မတော်က သိမ်းပိုက်ထိန်းချုပ်ထားတာပါ။
အဲဒီအထဲက နောင်ချိုမြို့ကိုတော့ ၂၀၂ ၄ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က သိမ်း ပိုက်ခဲ့တာပါ။
စစ်ကောင်စီနဲ့တအာင်းတပ်မတော်ဟာ တရုတ်အစိုးရရဲ့ကြားဝင်ဆောင်ရွက်မှုနဲ့ တရုတ်နိုင်ငံ၊ကူမင်းမြို့မှာ မကြာသေးခင်က ဆွေးနွေးခဲ့ကြပြီး စစ်ကော င်စီက တအာင်းတပ်မတော်ထိန်းချုပ် မြို့တွေထဲက နောင်ချို၊ကျောက်မဲအပါ အဝင် ငါးမြို့ကိုပြန်ပေးဖို့ တောင်းဆိုလို့သဘောတူညီမှုမရဘဲ တိုက်ပွဲတွေပြင်း ထန်နေခဲ့တာပါ။
တအာင်းတပ်မတော်နဲ့စစ်ကောင်စီဟာ လာမယ့်ဩဂုတ်လမှာ ပြန်ပြီးတွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။
Comments 1
order cheap viagra online uk – https://strongvpls.com/# cheap viagra paypal payment