Border News Agency
ကိုးကန့်၊ ဇူလိုင် ၁၆။
သိန္နီခရိုင်စစ်ပွဲမှာ ပျက်စီးသွားတဲ့အိမ်တွေအတွက် ငွေကြေးထောက်ပံ့ပြီး ပြန်လည်တည်ဆောက်ရေးအကူအညီတွေပေးနေတယ်လို့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်က ဇူလိုင်လ ၁၆ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီပျက်စီသွားခဲ့တဲ့အိမ်တအိမ်ကိုယွမ်တထောင်မှခြောက်ထောင်ထိသတ်မှတ် ထားပြီး ယွမ်တသန်းကိုးသောင်းကူညီခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီသိန္နီခရိုင်အုပ်ချုပ်ရေးကော်မတီမှ ဇူလိုင်လ ၈ ရက်ကနေ ၁၃ ရက်နေ့ထိ နေအိမ်ပျက်စီးသွားတဲ့ပြည်သူတွေကိုထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီထောက်ပံ့ကြေးတွေကို ပြည်သူတွေကကျေနပ်မှုရှိတာမို့ အုပ်ချုပ်ရေးကော်မတီမှကျေးဇူးတင်တယ်လို့ဆိုပါတယ်။
အဲဒီသိန္နီခရိုင်ပူးတွဲမြို့နယ်၊ နောင်မွန်မြို့နယ်၊ မုန်ဘမြို့နယ်၊ ကန်မုန်မြို့နယ်နဲ့ သိန္နီမြို့နယ်များမှ စစ်ဘေးကြောင့်ပျက်စီးသွားတဲ့ကျောင်းတွေနဲ့ နေအိမ်စုစုပေါင်း လေးရာ့နှစ်ဆယ့်လေးလုံးရှိခဲ့တယ်လို့ဆိုပါတယ်။