Border News Agency
ကရင်ပြည်၊ ဇူလိုင် ၁၇။
ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်မှာ ဇူလိုင်လ ၇ ရက်နေ့မှ ၁၁ ရက်နေ့ထိ အ ခြေခံနိုင်ငံရေးသင်တန်းပေးခဲ့တယ်လို့ကရင်အမျိုးသားအစည်းအရုံးမှ ဇူလိုင် လ ၁၇ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
ပညာပေးစည်းရုံးရေးနဲ့ဖွဲ့စည်းတည် ဆောက်ရေးလုပ်ငန်းကော်မတီ(EIWC) ၊ မြို့နယ်တာဝန်ရှိခေါင်ဆောင်တွေပူး ပေါင်းပြီး သင်တန်းပေးခဲ့တာလို့ဆိုပါတယ်။
နို့တကောမြို့နယ်ရှိ ရုံးလုပ်သားတွေ၊ဆေးလုပ်သားတွေနဲ့ကျောင်းသူ၊ကျော င်းသားစုစုပေါင်းလူဦးရေသုံးဆယ်ကျော်တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ကရင်သမိုင်းဆိုင်ရာတွေ၊ KNU ဖွဲ့စည်းပုံအခြေခံဥပဒေတွေ၊ KNU လမ်းစဥ်လုပ်ငန်းစဥ်တွေနဲ့နည်းဥပဒေဆိုင်ရာတွေကို သင်ကြားပေးခဲ့တာလို့ဆိုပါတယ်။