Border News Agency
ကျောက်ဖြူ၊ ဇူလိုင် ၂၄ ။
ကျောက်ဖြူမြို့နယ်၊ ကုလားဘာရွာကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသားတဦး ဗုံးစထိမှန်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အဲဒီ ကုလားဘာရွာကို ဇူလိုင်လ ၂၂ ရက် ညနေငါးနာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က တိုက်လေယာဥ်နဲ့ ဗုံးငါးလုံးကြဲချခဲ့တာလို့ ဆိုပါ တယ်။
“အဲဒီနေ့က ဗုံးပတ်ကြဲနေတာ၊ရွာထဲကို လေးလုံး၊ ရွာနားလေးမှာ တလုံးကျတယ်။ ယုတ်ကန်းပြီးတော့ လိုက်ကြဲနေတာ။အရပ်သားတွေကို လိုက်သတ်နေတာ။” လို့ ကျောက်ဖြူဒေသခံတဦးက ပြောပါတယ်။
အဲဒီဗုံးကြဲမှုကြောင့် ရွာအနီး လယ်ကွင်းပြင်မှပြန်လာတဲ့အသက်ငါးဆယ်ကျော်အရွယ်ဦးမောင်သန်းရွှေမှာ ဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီး လက်၊ခြေထောက်ထိမှန်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ဇူလိုင်လ ၂၂ ရက်နေ့ မနက်အစောပိုင်း ညည့်အချိန်ကလ ည်း ကျောက်ဖြူမြို့နယ်၊ကျောက်ပြော က်ရွာဘုန်းတော်ကြီးကျောင်းကို ဗုံးကြဲခဲ့လို့ သက်ကြီးသံဃာတော်တပါးဒဏ် ရာရခဲ့ပါသေးတယ်။
ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီရေ တပ်ဌာနချုပ်အပါအဝင်တပ်စခန်းတွေ တိုက်ခိုက်ခံနေရတာမို့ အရပ်သားလူနေရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းတွေ၊တိုက်လေယာဉ်နဲ့ဗုံးကြဲနေပြီး ရေ တပ်စစ်သင်္ဘာတွေဆီကလည်း လက် နက်ကြီးပစ်ခတ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အခြေစိုက်တပ်ရင်းသုံးခု၊ရဲတပ်ရင်းတခု၊ရေတပ်ဌာနချုပ်အပါအဝင် ရေတပ်စခန်းသုံးခုရှိတဲ့ ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော်နဲ့စစ်ကောင်စီတပ်ကြားတိုက်ပွဲဖြစ်ပွားနေပြီး မြို့အနီးရှိတပ်စခန်းတွေဝန်းရံပိတ်ဆို့ဖြတ်တော က်ခံထားရတယ်လို့ သတင်း ရင်းမြစ်တွေက ဆိုကြပါတယ်။