Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်တော်မြို့နယ် စီးပွားရေး မြောက်ဦးခရိုင် သတင်း အာရက္ခဒေသ

တောင်သူလယ်သမားတွေ ဓာတ်မြေသြဇာအကူအညီလိုအပ်နေ

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
6
VIEWS
Share on FacebookShare on Twitter

Border News Agency
ကျောက်တော်၊ ဇူလိုင် ၂၉။

အာရက္ခဒေသက တောင်သူလယ်သမားတွေဟာ လယ်ယာစိုက်ပျိုးရေးအတွက်ဓာတ်မြေသြဇာတွေ အကူအညီလိုအပ်နေကြတယ်လို့ တောင်သူလယ်သမားတွေကဆိုကြပါတယ်။

အာရက္ခဒေသက တောင်သူတွေရဲ့စိုက်ပျိုးထားတဲ့စပါးပင်တွေဟာ ဓာတ်မြေသြဇာလိုအပ်လာပေမယ့် ငွေကြေးအခက်အခဲတွေကြောင့် ဝယ်ယူမသုံးစွဲနိုင်တာမို့ဓာတ်မြေသြဇာအကူအညီတွေလိုအပ်နေတာလို့ ဆိုကြပါတယ်။

“စပါးပင်တွေက အရွယ်ရောက်နေတဲ့ ကာလရောက်နေပြီ။ဓာတ်မြေသြဇာတွေ ကျွေးဖို့လိုအပ်နေပြီ။ဈေးတက်နေတော့ မဝယ်နိုင်တော့ဘူး။လယ်စလုပ်ကတည်းကရှိသမျှအရင်းအနှီးတွေထည့်လုပ်ထားတာ။ကုန်သွားပြီ။ဓာတ်မြေသြဇာအကူညီလိုအပ်နေပါတယ်” လို့ ကျောက်တော်မြို့နယ်ရှိ လယ်သမားတဦးက Border News Agency ကိုပြောပါတယ်။

အဲဒီအပြင် တောင်သူလယ်သမားတွေမှာ စပါးစိုက်ပျိုးချိန်ကနေ ပျိုးပင်ကာလအထိ မိုးအဆက်မပြတ်ရွာသွန်းလို့ ရေကြီးရေလျံပြီးစပါးပင်တွေရှင်သန်မှုအားနည်းတာမို့ဓာတ်မြေသြဇာအချိန်မီထည့်ပေးဖို့ လိုအပ်နေတာလို့ လယ်သမားတွေကဆိုကြပါတယ်။

ဓာတ်မြေသြဇာ အချိန်မီထည့်သွင်းတာဟာအထွက်နှုန်းတိုးဖို့အတွက် မဖြစ်မနေလိုအပ်တယ်လို့ တောင်သူလယ်သမားတွေကဆိုပါတယ်။

“ဓါတ်မြေသြဇာမထည့်ရင် စပါးတွေကအထွက်နှုန်းကောင်းမှာမဟုတ်ဘူး။ အပင်တွေအားနည်းတော့အပင်မသန်ရင်သီးနှံလည်းဖျင်းသွားတာရှိတယ်။ဓါတ်မြေသြဇာကထည့်ပေးဖို့လိုအပ်နေပေမယ့်ဓါတ်မြေသြဇာမထည့်နိုင်ကြဘူး။ဈေးနှုန်းတွေကမြင့်တက်နေတော့ တတ်နိုင်တဲ့သူတွေဘဲထည့်ကြတယ်။ဒါတောင်လယ်ဧကတရာလောက်မှာနို့ဆီဘူးနှစ်ဘူးလောက်ပဲထည့်ကြတာ” လို့ တောင်
သူလယ်သမားတဦးက Border News Agency ကိုပြောပါတယ်။

အာရက္ခဒေသမှာ မိုးတွင်းကာလဓာတ်မြေဩဇာအဖြူတအိတ်ကို နှစ်သိန်း၊ပေါင်းသေပင်ကောင်းဓါတ်မြေသြဇာတအိတ်ကိုသုံးသိန်းခွဲ၊သုံးမျိုးစပ်ဓါတ်မြေဩဇာတအိတ်ကို ငါးသိန်းအထိ ဈေးနှုန်းရှိနေပါတယ်။

တိုက်ပွဲတွေမဖြစ်ခင်က သံကွင်းဓါတ်မြေသြဇာအမျိုးအစားမှာကျပ်ကိုးသောင်းကျော်၊ယူရီးယားဓါတ်မြေသြဇာ အဖြူအမျိုးအစားမှာကိုးသောင်းခွဲ၊ပေါင်းသေပင်ကောင်းအမျိုးအစားမှာခြောက်သောင်းကျပ်ဈေးနှုန်းသာ ရှိနေခဲ့တာဖြစ်ပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်တဲ့ ၂၀၂၃ ခုနှစ်ကနေ စစ်ကောင်စီက ကုန်းလမ်းရေလမ်းတွေကို ပိတ်ဆို့ထားတာမို့ ကုန်ပစ္စည်းတွေမဝင်တာကြောင့် ကုန်စျေးနှုန်းအဆမတန်မြင့်တက်ပြီးတောင်သူလယ်သမားတွေဟာ လယ်ယာမြေတွေမှာဓါတ်မြေသြဇာတွေမထည့်နိုင်ဘူးလို့ဆိုကြပါတယ်။

အဲဒီလိုဓါတ်မြေသြဇာအချိန်မီမထည့်နိုင်တဲ့အတွက်တောင်သူတွေဟာ နှစ်တိုင်းစပါးအထွက်နှုန်းနည်းပါးတဲ့ခက်ခဲမှုတွေနဲ့ ကြုံနေကြရတယ်လို့ ဆိုကြပါတယ်။

အာရက္ခဒေသမှာ စပါးစိုက်လယ်ယာမြေဧက တဆယ့်နှစ်သိန်းကျော်ရှိပေမယ့် ဒီနှစ်မှာ ထွန်ယက်စိုက်ပျိုးနေကြတဲ့ လယ်ယာမြေတွေဟာ ထက်ဝက်ပင်မရှိနိုင်ဘူးလို့ တောင်သူလယ်သမားတွေက ခန့်မှန်းထားကြပါတယ်။

အဲဒီလိုစပါးစိုက်လယ်ယာမြေပမာဏ လျော့နည်းသွားတာဟာ လယ်ယာလုပ်ငန်းသုံး သွင်းအားစုစျေးကြီးတာ၊ အလုပ်သမားခစျေးမြင့်တာ၊ လယ်ယာထွက် စပါးနဲ့ ဆန်တွေ ရောင်းမထွက်တာ၊ ဒေသမတည်ငြိမ်တာတွေကြောင့်ဖြစ်တယ်လို့လည်း တောင်သူလယ်သမားတွေကဆိုကြပါတယ်။

PrevPreviousAA က လူ့အခွင့်အရေးချိုးဖောက်နေကြောင်း HRW စွပ်စွဲ
Nextကွတ်ခိုင်မှာ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားငါးဦးသေဆုံးNext
Previous Post

AA က လူ့အခွင့်အရေးချိုးဖောက်နေကြောင်း HRW စွပ်စွဲ

Next Post

ကွတ်ခိုင်မှာ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားငါးဦးသေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဟော်မုဇ်ရေလက်ကြားမှာသတ္တိရှိရှိခရီးနှင်ဖို့ သင်္ဘောသားတွေကို ဒေါ်နယ်ထရမ့်တိုက်တွန်း

March 13, 2026
ဓာတ်ပုံ-ဝေဟင်အောင်

​ကျောက်တော်ကစ္ဆပနဒီတံတားကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်

March 13, 2026
Photo-APM

​ဒါးလက်ချောင်းစစ်သုံ့ပန်းစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ ဆရာဝန် ၂ ဦးသေဆုံး

March 13, 2026

အမေရိကန် လေယာဉ်တင်သင်္ဘော USS Gerald R. Ford ပေါ်မှာ မီးလောင်မှုဖြစ်ပွား

March 13, 2026

ဟော်မုဇ်ရေလက်ကြားမှာသတ္တိရှိရှိခရီးနှင်ဖို့ သင်္ဘောသားတွေကို ဒေါ်နယ်ထရမ့်တိုက်တွန်း

PDF အထူးတိုင်းစစ်ဌာနရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

​ကျောက်တော်ကစ္ဆပနဒီတံတားကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်

​ဒါးလက်ချောင်းစစ်သုံ့ပန်းစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ ဆရာဝန် ၂ ဦးသေဆုံး

အမေရိကန် လေယာဉ်တင်သင်္ဘော USS Gerald R. Ford ပေါ်မှာ မီးလောင်မှုဖြစ်ပွား

PDF တွေထိန်းချုပ်ထားတဲ့တကောင်းမြို့ကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်

Releated Post

ဟော်မုဇ်ရေလက်ကြားမှာသတ္တိရှိရှိခရီးနှင်ဖို့ သင်္ဘောသားတွေကို ဒေါ်နယ်ထရမ့်တိုက်တွန်း

March 13, 2026
ဓာတ်ပုံ-အထူးတိုင်းစစ်ဌာန

PDF အထူးတိုင်းစစ်ဌာနရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

March 13, 2026
ဓာတ်ပုံ-ဝေဟင်အောင်

​ကျောက်တော်ကစ္ဆပနဒီတံတားကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်

March 13, 2026
Photo-APM

​ဒါးလက်ချောင်းစစ်သုံ့ပန်းစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ ဆရာဝန် ၂ ဦးသေဆုံး

March 13, 2026

အမေရိကန် လေယာဉ်တင်သင်္ဘော USS Gerald R. Ford ပေါ်မှာ မီးလောင်မှုဖြစ်ပွား

March 13, 2026
​ဓာတ်ပုံ - စစ်ကော်မရှင်တပ်

PDF တွေထိန်းချုပ်ထားတဲ့တကောင်းမြို့ကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်

March 13, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page