Border News Agency
စစ်တွေ၊ ဩဂုတ် ၁၃။
စစ်ကော်မရှင်ဟာ ပြည်နယ်အစိုးရရုံး စိုက်စစ်တွေမြို့ကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပါတယ်။
အဲဒီစစ်တွေမြို့အနီးအနားမြို့တွေအား လုံးကိုတော့ အာရက္ခတပ်တော်(AA)ကသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
အာရက္ခအဆုံးအဖြတ်စတင်ကတည်း ကစစ်တွေမြို့ခံအများစုဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။
အဲဒါကြောင့် မြို့ဟာ လူသူကင်းမဲ့ပြီး အသွားအလာတိတ်ဆိတ်သွားခဲ့ပါတယ်။
ဒါပေမယ့် ဒီနှစ်မှာတော့စာသင်ကျောင်းတွေပြန်ဖွင့်ပြီး မြို့ခံတချို့ ပြန်လည်ဝ င်ရောက်နေထိုင်တာတွေ ရှိလာတာမို့ စည်ကားစပြုလာပါပြီ။
အဲဒီလိုနေရပ်ပြန်လာသူတချို့ရှိနေပေမယ့် အိမ်အများအပြားကတော့ လူနေထိုင်တာတွေမရှိကြဘဲ ပိတ်ထားကြရဆဲပါ။
မြို့တွင်းမှာအရပ်သားပြည်သူတွေသွား လာလှုပ်ရှားခွင့်ရကြပေမယ့် မြို့ပြင်ကို သွားရောက်ခွင့်တားမြစ်ခံထားကြရပါတယ်။
စစ်တွေမြို့ခံတချို့နေရပ်ပြန်လာကြတာမို့ အနည်းငယ်စည်ကားနေပေမယ့်ကုန်စျေးနှုန်းအဆမတန်ကြီးမားတဲ့ဒ ဏ်ကို မြို့နေလူထုဟာ ခါးစည်းခံနေကြရဆဲဖြစ်ပါတယ်။
အဲဒီစစ်တွေမြို့ကို သြဂုတ်လဆန်မှဒုတိ ယပတ်ထိ Border News Agency က ဝ င်ရောက်လေ့လာစုံစမ်းနိုင်ခဲ့ပါတယ်။