Border News Agency
မြောက်ဦး၊သြဂုတ် ၂၅။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့ကို ဩဂုတ်လ၂၅ ရက်နေ့ညကစစ်ကော်မရှင်တပ်လေကြော င်းတိုက်ခိုက်လို့ အရပ်သား ၁၃ ဦးထိသေဆုံးသွားပါတယ်။
မြောက်ဦးမြို့၊အောင်တပ်အုပ်စု၊ဒိုင်းကျီရပ်ကွက်ကို သြဂုတ်လ ၂၅ ရက်နေ့ည ၁၁ နာရီကျော်အချိန်က စစ်ကော်မ ရှင်တပ်က လေကြောင်းမှပေါင်းငါးရာဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
အဲဒီဗုံးဟာ ဒိုင်းကျီရပ်ကွက်ရှိစိုက်ပျိုးရေးဂိုဒေါင်အနီး ကျရောက်ပေါက်ကွဲပြီးအနီးရှိအရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရခဲ့ကြတာပါ။
အဲဒီအထဲမှာ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေလည်းပါဝင်ပြီး ဒဏ်ရာပြင်းထန်သူတွေလည်းပါဝင်ပါတယ်။
အဲဒီအပြင်လူနေအိမ်တွေလည်း တစစီပျက်စီးသွားခဲ့သလို မြေကျင်းကြီးတွေထိဖြစ်သွားခဲ့ပြီးမိသားစုလိုက်သေဆုံးသွားကြသူတွေလည်း ရှိပါတယ်။
Border News Agency က လက်လှမ်းမီမေးမြန်းလို့ရသလောက်သေဆုံးသူစာရင်းကို ဖော်ပြလိုက်ပါတယ်။
အဲဒီအပြင် ဒဏ်ရာရသူစာရင်းကိုလည်းပြုလုပ်နေပြီး ဆက်လက်ဖော်ပြပေးပါမယ်။