Border News Agency
မွန်ပြည်၊သြဂုတ် ၃၀ ။
မွန်ပြည်သစ်ပါတီ -စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ရာမညမွန်တပ်တော်ရဲ့စနိုက်ပါအပတ်စဉ် ၁ သင်တန်းဆင်းပွဲပြုလုပ်ခဲ့တယ်လို့ သြဂုတ်လ ၃၀ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီစနိုက်ပါသင်တန်းဆင်းပွဲကို ဩဂုတ်လ ၂၉ ရက်နေ့က လွတ်မြောက်နယ်မြေမှာ ပြုလုပ်ခဲ့တာပါ။
အဲဒီမွန်ပြည်သစ်ပါတီရဲ့အတွင်းရေးမှူး နိုင်ဗညားလယ်၊ ဒုဗိုလ်မှူးကြီးနိုင်မာဃ၊ သင်တန်းဆရာတွေ၊ တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းရဲဘော်တွေကိုဂုဏ်ပြုမိန့်ခွန်းတွေပြောခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီသင်တန်းမှာထူးချွန်စွာ အောင်မြင်ခဲ့ကြတဲ့ ရဲဘော်တွေကိုဂုဏ်ပြုဆုတံ ဆိပ်တွေကိုလည်းအပ်နှင်းခဲ့ကြတယ်လို့ဆိုပါတယ်။