Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

မြန်မာပြည်နှစ်ခြမ်းကွဲကြား ခရီးသွားခွင့်မဲ့ ၁၁ မျဉ်းစောင်းများ

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
27
VIEWS
Share on FacebookShare on Twitter

မြတ်နှင်းဝေ ရေးတယ်။

Border News Agency
မြောက်ဦး၊ သြဂုတ် ၃၀။

အရင်ပုံမှန်ကာလတွေတုန်းကကားနဲ့သွားရင် တညအိပ်ခရီးသာကြာသလိုလေယာဉ်နဲ့သွားရင်တနာရီကျော်ခန့်သာကြာတဲ့ရခိုင်မှရန်ကုန်ခရီးဟာသုံးပတ်နီးပါးထိခက်ခဲကြမ်းတမ်းစွာဖြတ်ကျော်သွားနေကြရတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှစစ်ကော်မရှင်တပ်ထိန်းချုပ်နယ်မြေဖြစ်တဲ့ရန်ကုန်မြို့သို့သွားရောက်ကြသူတွေဟာ ကန္တရခရီးကြမ်းကိုအသက်စွန့်ဖြတ်ကျော်ခဲ့ကြရတာလို့ကိုယ်တိုင်ဖြတ်ကျော်လာကြသူတွေကဆိုကြပါတယ်။

အဲဒီကန္တရခရီးကြမ်းမှာအသက်စွန့်သွားလာနေကြသူတွေဟာ မြေမြုပ်မိုင်းတွေကြားကံတရားကိုပုံအပ်လျှောက်ခဲ့ကြရသလိုပေပေါင်းထောင်ချီမြှင့်တဲ့ရ ခိုင်ရိုးမတောင်တန်းကြီးကိုလည်း ငတ်တလှည့်ပြတ်တလှည်ဖြတ်ကျော်လျှော က်လာခဲ့ကြရတယ်လို့ ဆိုကြပါတယ်။

အဲဒီမြန်မာပြည်နှစ်ခြမ်းကွဲကြားကို သုံးပတ်ခန့်(တဆယ့်ရှစ်ရက်)ကြာ တောအထပ်ထပ်၊ တောင်အသွယ်သွယ်ကို ခြေလျင်ခရီးလျှောက်လာခဲ့ကြရတာလို့ကိုယ်တိုင်ဖြတ်ကျော်လာကြသူတွေက
ဆိုကြပါတယ်။

“ရိုး(မ)ကိုလမ်းလျှောက်ပြီးညည့်ကျော်ရတာ။ အဖမ်းခံရဖို့လည်းကြောက်ရသေးတယ်။လမ်းမှာဘယ်လိုပင်ပန်းမှန်းကိုမသိတော့ဘူး။ သေမလိုတောင်ခံစားတယ်။ အားလုံးပေါင်းဆယ့်ရှစ်ရက်ကြာတယ်။” လို့ အာရက္ခဒေသမှရိုးမအရှေ့ခြမ်း ရန်ကုန်မြို့ဆီမတ်စော က်လှတဲ့ရခိုင်ရိုးမတောင်တန်းတွေကိုဖြတ်ကျော်ပြီး တောလမ်းအတိုင်းဆယ့်ရှစ်ရက်ကြာ ခြေကျင်ခရီးနှင်ခဲ့ရတဲ့ကိုမောင်စိုးက သူကြုံခဲ့ရတဲ့လမ်းခရီးအ ခြေအနေကိုပြောပြနေတာပါ။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာစစ်ကော်မရှင်တပ်က ကုန်းလမ်းရေးလမ်းအား လုံးပိတ်ဆို့ဖြတ်တောက်လိုက်တာမို့အလုပ်အကိုင်ရှားပါးပြီးစား၀တ်နေရေးအခက်အခဲကြုံလာလို့ မိသားစုရှိရာ ရန်ကုန်မြို့သို့သွားနိုင်မယ့်လမ်းကြောင်းရှာကာခက်ခက်ခဲခဲသွားခဲ့ရတယ်လို့ သူ က ဆိုပါတယ်။

စစ်ကော်မရှင်ဟာ လမ်းပန်းဆက်သွယ်ရေးအားလုံးကို ဖြတ်တောက်ထားပြီးလေကြောင်းသာဖွင့်ပေးထားပေမယ့် စစ်ကော်မရှင်ဟာ ခရီးသွားပြည်သူတွေကို ထောက်ခံချက်အမျိုးမျိုး၊ငွေကြေးအများအပြားတောင်းခံပြီးမှ သွားလာခွင့်ပြုပေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

စစ်တွေမြို့မှာနေထိုင်ခဲ့တဲ့ကိုမောင်စိုးဟာ အာရက္ခအဆုံးအဖြတ်စစ်ပွဲဖြစ် လာပြီးနောက် စစ်တွေမြို့မှာ စစ်ဆေး ဖမ်းဆီးမှုတွေပိုများလာတာမို့ ဇာတိဖြစ်တဲ့ပေါက်တောမြို့နယ်ကို စစ်ရှောင်ခဲ့တယ်လို့ဆိုပါတယ်။

သူဟာ အရင်ကအစိုးရဝန်ထမ်းမူလတန်းပြကျောင်းဆရာဖြစ်ပြီး လစာမရ၊ဝ င်ငွေလုံး၀မရှိတော့တာမို့ သူ့ဇာတိကျေးရွာမှာ ကလေးတွေကို ကျူရှင်ပြကာ စားဝတ်နေရေး ဖြေရှင်းနေခဲ့တယ်လို့ဆိုပါတယ်။

ဒါပေမယ့်တလလုံးနေမှကျူရှင်ခကျပ်တသိန်းနှစ်သောင်းဝန်းကျင်ရပြီး တလ စာထမင်းစားဖို့ပင် တသိန်းဝန်းကျင်ကုန်ကျတာမို့ ရန်ကုန်မှာရှိနေတဲ့ မိသား စုဆီက လတိုင်းမှာယူသုံးစွဲခဲ့ရတယ်လို့ ကိုမောင်စိုးက ပြောပါတယ်။

အဲဒီကြားထဲမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေပြတ်တောက်သွားတာကြောင့် မိသားစုနဲ့အဆက်အသွယ်မရတော့ဘဲ နာမကျန်းဖြစ်တဲ့အခါမျိုးတွေမှာ ဆေးခန်းပြဖို့ ဆေးခန်းတွေလည်း မရှိဘူးလို့ဆိုပါတယ်။

အဲဒါကြောင့် ကိုမောင်စိုးဟာ အလုပ်အ ကိုင်ရှားပါး၊ အခြေခံစားသောက်ကုန်စျေးနှုန်းကြီးမြင့်ပြီး ကျန်းမာရေးလက်လှမ်းမီမှုလည်းမရှိတဲ့ အာရက္ခဒေသမှမိသားစုရှိရာ ရန်ကုန်သွားဖို့ဆုံးဖြတ်ခဲ့ရတာလို့ ဆိုပါတယ်။

“အစတော့ တောင့်ခံနေပါသေးတယ်။ ဒီမှာကိုယ့်ပြည်မှာကလေးတွေကို စာသင်ပြီးနေမယ်လုပ်ထားတာ။ နောက်မိသားစုနဲ့အဆက်အသွယ်မရတော့စိ တ်ပူတယ်။ကိုယ်တိုင်လည်းနေမကောင်းဖြစ်တယ်။ သွားပြဖို့ ဆေးခန်းမရှိဘူး။ တလတလအိမ်ကပဲပိုက်ဆံမှာ သုံးနေရတော့ နောက်ဆုံးသွားတော့မယ်ဆိုပြီးဆုံးဖြတ်လိုက်ရတာ။ အဓိကအိမ်နဲ့အဆက်အသွယ်မရလို့ပါ။” လို့ ကိုမောင်စိုးက ပြောပြပါတယ်။

အာရက္ခဒေသမှာ ကိုမောင်စိုးလိုအလုပ် လက်မဲ့ဖြစ်နေတဲ့ လူငယ်တွေအများကြီးရှိနေပြီး အင်တာနက်၊ဖုန်းလိုင်းမရတာကြောင့် ပိုပြီးတော့အခက်အခဲတွေနဲ့ ကြုံနေကြရတယ်လို့ ဆိုကြပါတယ်။

အာရက္ခဒေသမှလူငယ်ခြောက်ဆယ် ရာခိုင်နှုန်းကျော်ဟာ ဒေသတွင်းအလုပ်အကိုင်ရှားပါးတာ၊လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတာနဲ့စစ်မှုထမ်းဥပဒေတွေကြောင့် ဒေသကိုစွန့်ခွာဖို့ဆန္ဒရှိနေကြတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်(UNDP)ရဲ့ဩဂုတ်လ ၁၂ ရက်နေ့ထုတ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အာရက္ခဒေသက အရင်အစိုးရဝန်ထမ်းတွေအကုန်လုံးနီးပါးဟာ လစာမဲ့သွားကြပြီး တချို့ကတော့လစဉ်ထောက်ပံ့ငွေအနည်းငယ်ရတဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရလက်အောက်မှာ တာဝန်ထမ်းနေကြပေမယ့် အများစုကတော့ အလုပ်လက်မဲ့ဖြစ်သွားကြတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအပြင် ပုဂ္ဂလိကကုမ္ပဏီတွေမှာအ လုပ်လုပ်ခဲ့သူတွေ၊ကိုယ်ပိုင်လုပ်ငန်းလု ပ်ခဲ့သူတွေဟာလည်း အလုပ်ပျောက် သူပျောက်ခဲ့ကြရကာ အင်တာနက်ကနေတဆင့် အလွတ်တန်းအလုပ်တွေ၊Work from Home လို့ခေါ်တဲ့ နေအိမ်မှာနေပြီးအလုပ်လှမ်းလုပ်ခဲ့ကြသူတွေလည်း အင်တာနက်လိုင်းပြတ်တောက်သွားတာကြောင့် အလုပ်လက်မဲ့ဖြစ်ခဲ့ကြရတယ်လို့ ဆိုကြပါတယ်။

စစ်ကော်မရှင်တပ်ထိန်းချုပ်နယ်မြေ စစ်တွေမြို့မှ တိုက်ပွဲဖြစ်ပြီးလပိုင်းအကြာ ၂၀၂၄ ခုနှစ်၊နှစ်ဆန်းပိုင်းတွင်မှ ခက်ခက်ခဲခဲထွက်ခွာလာရတဲ့ကိုမောင်စိုးဟာ ပေါက်တောမြို့နယ်ရှိ ဇာတိရွာမှာတနှစ်ကျော်ကြာ စစ်ဘေးရှောင်ရင်း တကိုယ်စာ စားသောက်ရေးအတွက် ရုန်းကန်နေခဲ့သေးတယ်လို့ဆိုပါတယ်။

အဲဒီလိုနဲ့ အာရက္ခတပ်တော်ရဲ့စစ်မှုထ မ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း ၂၀၂ ၅ ခုနှစ်၊နှစ်လယ်ပိုင်း မိုးဦးကာလမှာတော့ ရန်ကုန်သို့ သွားဖို့ဆုံးဖြတ်ချက်ချကာ အချိတ်အဆက်တွေရှာဖွေခဲ့တယ်လို့ဆိုပါတယ်။

နောက်ဆုံးတော့ တောလမ်းမှ ရန်ကုန်သို့ပို့ပေးတဲ့ ပွဲစားတယောက်နဲ့ ချိတ်ဆက်မိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလမ်းခရီးတလျှောက် စားသောက်တည်းခိုဖို့စာရိတ်မပါဘဲ လမ်းပြခ၊ လမ်းခရီးစီစဉ်ပေးခအဖြစ်ပွဲစားတွေကိုရန်ကုန်အရောက်လူတဦးအတွက် ကျပ်တဆယ့်ရှစ်သိန်းစီပေးပြီး ကိုမောင်စိုးတို့ခရီးစနှင်ခဲ့ကြရတယ်လိို့ ရှင်းပြပါတယ်။

“လမ်းမှာစမ်းရေတွေသောက်ရတယ်။ တောထဲမှာ ခြင်ထောင်မပါဘဲအိပ်ရတယ်ဆိုတော့ ငှက်ဖျားဖြစ်တာများတယ်။ ရခိုင်ကလာတဲ့ သူတွေဆီကနေငှက်ဖျားတောတွေပါလာတာ။ ရန်ကုန်မှာတောင် ငှက်ဖျားဖြစ်တဲ့သူတွေမနည်းဘူးဒီနှစ်။” လို့ရန်ကုန်မြို့စစ်ကော်မရှင်လက်အောက်ခံဆေးရုံတခုမှာ အလုပ်လုပ်နေတဲ့ သူနာပြုဆရာမတဦးက ပြောပါတယ်။

အမ်းဒေသခံလူမှုကူညီရေးလုပ်နေသူတဦးကလည်း ရခိုင်ရိုးမကို ဖြတ်ကျော်ကာ တောလမ်းအတိုင်းပြည်မဘက်ဆီသွားကြသူတွေထဲ ငှက်ဖျားရောဂါကြောင့် လမ်းခုလပ်မှာသေဆုံးခဲ့ရသူ ခုနှစ်ဦးထက်မနည်းရှိခဲ့ကြောင်းသူရရှိထားတဲ့ အချက်အလက်ကို ပြောပြပါတယ်။

အဲဒီလိုနဲ့ကိုမောင်စိုးတို့ဟာ ငါးညတာ ခရီးနှင့်ပြီးနောက်ရခိုင်ရိုးမအရှေ့ခွမျးမကှေးတိုငျးနဲ့အာရက်ခပြည်အစပ် ရိုးတောင်ခြေရင်းတနေရာဆီ ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီနေရာမှာ စခန်းချ၊လမ်းကြောင်းအ ခြေအနေစောင့်ဆိုင်းရင်း တပတ်ကျော်ဆက်နေခဲ့ကြရသေးတယ်လို့ ပြောပြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အဖမ်းအဆီးမခံရဘဲ အောင်အောင်မြင်မြင်ဖြတ်ကျော်နိုင်ခဲ့ကြပေမယ့် စစ်ကော်မရှင်တပ်သားတွေ၊စစ်ကော်မရှင်လက်အောက်ခံဝန်ထမ်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဖမ်းဆီးမယ့်အန္တရာယ်နဲ့ ထပ်ကြုံရတော့မှာပါ။

စစ်ကော်မရှင်လို့ နာမည်ပြောင်းထားတဲ့ အာဏာသိမ်းစစ်ကောင်စီဟာ အာရက္ခဒေသမှ ပြည်မဆီသွားကြတဲ့ ၁၁ မျဉ်းစောင်းနိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်ထားကြသူ၊ရခိုင်လူမျိုးတွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးတာ၊ ဖမ်းဆီးတာတွေ တောက်‌လျှောက်ရှိနေပြီး ပြည်မသို့သွားကြစဉ် ဖမ်းဆီးခံရသူဟာ ရာချီရှိခဲ့ပြီလို့ ကိုယ်တိုင်သွားခဲ့သူတွေရဲ့မိသားစုဝင်တွေက ဆိုကြပါတ ယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ဂွစတဲ့မြို့နယ်တွေက စစ်ဘေးရှောင်ထွက်ပြေးလာကြတဲ့အရပ်သားပြည်သူတွေကို ဧရာ၀တီတို င်းအတွင်းက စစ်ဆေးရေးဂိတ်တွေမှာ
စစ်ကော်မရှင်က စောင့်ဖမ်းပြီး ထောင်ချတာတွေလည်း ရှိနေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအပြင် စစ်တွေမြို့နဲ့ကျောက်ဖြူမြို့မှလေယာဉ်စီးပြီး ရန်ကုန်သွားကြသူတွေကိုလည်း ဖမ်းဆီးတာတွေရှိခဲ့တယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အချက်အလက်တွေအရအာရက္ခအဆုံး အဖြတ်စစ်ပွဲမှာ အရပ်သားပြည်သူ ၉၄၇ဦး ကို စစ်ကော်မရှင်တပ်ကဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒါကြောင့် ကိုမောင်စိုးတို့ဟာ ဘယ်နေ့ဘယ်ရက် ဘယ်သူတွေလာဖမ်းသွားမလဲဆိုတဲ့စိုးရိမ်စိတ်တွေနဲ့ရခိုင်ရိုးမတောင်ခြေကျေးလက်ဒေသမှာ အပြင်ထွက်သွားလာခွင့်လုံး၀မရှိဘဲ ပွဲစားတွေဝယ်ပြီးလာပို့ပေးတဲ့ အစားအသောက်တွေကို စားသောက်စောင့်ဆိုင်းနေခဲ့ကြရတယ်လိို့ ဆိုပါတယ်။

“၁၁ မျဉ်းစောင်းရခိုင်ဆိုရင်အဖမ်းခံရမှာစိုးလို့ မကွေးကမှတ်ပုံတင်အတုနဲ့ လိုင်းကားစီးတာကျနော်တို့အဖွဲ့ကနှစ်ယောက်အဖမ်းခံလိုက်ရတယ်။ ကျန်တဲ့လူတွေ မသွားရဲကြတော့ဘူး။ အဲဒီမှာတအားကြာသွားတယ်။ ကျနော်တို့လည်းမသွားရဲကြတော့ဘူဆက်စောင့်ရတာတပတ်ကျော်သွားတယ်။” လို့ ကိုမောင်စိုးက ဆိုပါတယ်။

အဲဒီလိုတပတ်ကျော်ကြာစောင့်ဆိုင်းပြီးနောက် လိုင်းကား၊ ရထား၊ ဆိုင်ကယ် အဆင့်ဆင့်စီးကာ ရက်နှစ်ဆယ်နီးပါးအကြာမှာတော့ ရန်ကုန်မြို့ဆီရောက်သွားကြတယ်လို့ဆိုပါတယ်။

“ပထမဆုံးဘူတာကြီးကိုရောက်တယ်။ နောက်အဝေးပြေးကားဂိတ်ကိုပို့တယ်။ မလေး(မလေးရှားနိုင်ငံ)ကိုသွားရမယ့်သူတွေလည်းပါသေးတာကို။ ကားဂိတ်ရောက်မှပဲစိတ်ကျနိုင်တော့တယ်။တလမ်းလုံး ရင်တထိတ်ထိတ်နဲ့လာခဲ့ရတာ။” လို့ ကိုမောင်စိုးက ဆိုပါတယ်။

အဲဒီတဆယ့်ရှစ်ရက်ကြာခရီးကြမ်းနှင်ပြီး ရန်ကုန်မြို့ရှိမိသားစုဆီရောက်ခဲ့ပြီးလို့ ခဏတာ စိတ်အေးနိုင်ပေမယ့် ကိုမောင်စိုးတယောက် နေ့ရက်တိုင်းစိုးရိမ်စိတ်တွေနဲ့ နေထိုင်နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံအဝှမ်းတော်လှန်စစ်တွေကို ရင်ဆို င်နေရပြီး တပ်သားအင်အားဆုံးရှုံးမှုများစွာရှိနေတဲ့ စစ်ကော်မရှင်တပ်ဟာ စစ်မှုထမ်းသင်တန်းသစ်တွေကို ဆက် တိုက်ခေါ်ယူနေပြီး ရန်ကုန်အပါအဝင် သူတို့ထိန်းချုပ်နယ်မြေတွေမှာရှိတဲ့ လူ ငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးကာ စစ် သင်တန်းပေး၊ရှေ့တန်းပို့တဲ့ဖြစ်စဉ်တွေ ဆက်တိုက်ကြားနေရတာကြောင့်လို့ ကိုမောင်စိုးက ပြောပါတယ်။

“အပြင်လည်းမထွက်ရဲဘူး။ ကျနော်တို့ရပ်ကွက်ကတောင်မနည်းတော့ဘူး။ ပေါ်တာဆွဲခံရတာ။” လို့ ကိုမောင်စိုးကဆိုပါတယ်။

စစ်ကော်မရှင်တပ်ဟာ ခရီးသွားတွေကိုဖမ်းဆီးနေတာ၊ပေါ်တာဆွဲ စစ်မှုထမ်း ခိုင်းနေတာဟာ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးအကြေငြာစာတမ်းပါ လွတ်လပ်စွာသွားလာခွင့်ကို ချိုးဖောက်နေတာဖြစ်ပြီး စစ်ရာဇဝတ်မှုတွေကျူး လွန်နေတာလည်းဖြစ်တယ်လို့ လူ့အခွင့် အရေးစစ်ရာဇဝတ်မှုတွက ထောက်ပြပြောဆိုကြပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်(National Defense Emergency Provision (NDEP)ကို ပြီးခဲ့တဲ့မတ်လ ၁၈ ရက်နေ့ကပြဋ္ဌားန်းခဲ့တယ်လို့ မေလ ၂၂ ရက်နေ့ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒါကြောင့်အသက် ၁၈ နှစ်မှ ၄၅ နှစ်ထိ အမျိုးသားတွေ၊အသက် ၁၈ နှစ်မှ ၂၅ နှစ်ထိ အမျိုးသမီးတွေကို မဲစနစ်နဲ့ခေါ်ယူနေပြီး အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေရှိပြည်သူလူထုကို အာရက္ခ
ဒေသပြင်ပသို့ခရီးသွားလာခွင့်ကို တားမြစ်ထားပါတယ်။

အာရက္ခအဆုံးအဖြစ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင်တဆယ့်ငါးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထားပြီး စစ်တွေ၊ကျောက်ဖြူ၊ မာန်အောင် သုံးမြို့နယ်ကိုသာ တိုက်ခို က်သိမ်းပိုက်ဖို့ ကျန်နေပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအားလုံးကို ခရိုင်ရှစ်ခုဖွဲ့ပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပေမယ့် အာရက္ခပြည်သူတွေဟာ ၁၁ မျဉ်း စောင်း၊နိုင်ငံသားစီစစ်ရေးကဒ်တွေကိုင်ပြီးလွတ်လပ်စွာခရီးသွားလာခွင့်မရကြသေးဘူးလို့ ဆိုကြပါတယ်။

အာရက္ခစစ်ပွဲစတင်ကတည်းက ဆက်သွယ်ရေးဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားကြရတဲ့ပြည်သူလူထုဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်​မြေတွေနဲ့စစ်ကော်မရှင်ထိန်းချုပ်
နယ်မြေတွေကြား နှစ်ခြမ်းကွဲနေကြရတယ်လို့ ဆိုကြပါတယ်။

အဲဒီလိုအာရက္ခတပ်တော်ထိန်းချုပ်နယ်​မြေတွေနဲ့စစ်ကော်မရှင်ထိန်းချုပ်နယ် မြေတွေကြား စစ်ရေး၊ နိုင်ငံရေးအားပြိုင်မှုတွေမှာ အရပ်သားပြည်သူလူထုဟာကြားခံမြေဇာပင်တွေအဖြစ်စစ်ရာဇဝ တ်မှု၊လူ့အခွင့်အရေးချိုးဖောက်မှုတွေခံနေကြတယ်လို့ ဆိုကြပါတယ်။

အဲဒါကြောင့် ၁၁ မျဉ်းစောင်းနိုင်ငံသားစီစစ်ရေးကဒ်တွေဟာလည်း နိုင်ငံသားအခွင့်အရေး၊ အခြေခံလူ့အခွင့်အရေးတွေကင်းမဲ့နေပြီး ခရီးသွားလာခွင့်တွေမဲ့နေကြတာမို့ နှစ်ခြမ်းကွဲမြန်မာပြည်ကြီးငြိမ်းချမ်းတည်ငြိမ်းကာပြန်လည်အဆင်ပြေပေါင်းစည်းမယ့်နေ့တွေကိုမျှော်လင့်စောင့်စားနေကြတော့တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

PrevPreviousမွန်ပြည်သစ်ပါတီရဲ့ စနိုက်ပါသင်တန်းဆင်းပွဲ
Nextမိုင်းလုံမှာ စစ်ကော်မရှင်တပ်လေ ကြောင်းတိုက်ခိုက်လို့ သီလရှင်တပါးနဲ့အမျိုးသမီးတဦးသေဆုံးNext
Previous Post

မွန်ပြည်သစ်ပါတီရဲ့ စနိုက်ပါသင်တန်းဆင်းပွဲ

Next Post

မိုင်းလုံမှာ စစ်ကော်မရှင်တပ်လေ ကြောင်းတိုက်ခိုက်လို့ သီလရှင်တပါးနဲ့အမျိုးသမီးတဦးသေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အမေရိကန်-အီရန်ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးဖို့နီးစပ်နေ

June 15, 2026
ဓာတ်ပုံ - Proof of Life

ကိုရီးယားမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် “Proof of Life” ဆန္ဒပြပွဲ ပြုလုပ်

June 14, 2026
​ကိုးကား/ဓာတ်ပုံ - Al Jazeera

ဘေရွတ်ကို အစ္စရေးလေကြောင်းတိုက်ခိုက်လို့ လူ ၃ ဦး သေဆုံး

June 14, 2026
ဓာတ်ပုံ - APM

ရသေ့တောင်မှာ ၅ နှစ်အောက်ကလေးတွေကို အာရက္ခကျန်းမာရေးဌာနက ကာကွယ်ဆေးအခမဲ့ထိုးပေး

June 14, 2026

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

Releated Post

ဓာတ်ပုံ - 7 EAO Alliance

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

June 9, 2026
ဓာတ်ပုံ - မီဇိုရမ်ရဲတပ်ဖွဲ့

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

June 9, 2026
ဓာတ်ပုံ - Al Jazeera

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

June 9, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

June 9, 2026
(ဓာတ်ပုံ - ကြိုးဆွဲချသေဆုံးသွားသူ/ပေးပို့)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

June 9, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

June 9, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page