Border News Agency
နေပြည်တော်၊ သြဂုတ် ၃၁။
မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းမှဝန်ထမ်းတွေ၊ အဖွဲ့အစည်းတွေ၊စီမံကိန်းတွေရဲ့ဘေးကင်းလုံခြုံမှုကို အာမခံပေးရမယ်လို့တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်က အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပြောပါတယ်။
တရုတ်နိုင်ငံမှာ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်နဲ့အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ သြဂုတ်လ ၃၀ ရက်၊မနေ့ကတွေ့ဆုံကြချိန်မှာ တောင်းဆိုလိုက်တာပါ။
အဲဒီတွေ့ဆုံကြတာကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကဖော်ပြထားတာမှာပါဝင်ပြီးတခြားအချက်တွေလည်းပါဝင်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ၂၀ ၂၅ ခုနှစ်၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ထိပ်သီးအစည်းအဝေးအပါအဝင် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် ၈၀ ပြည့်အခမ်းအ နားတက်ရောက်ဖို့ တရုတ်နိုင်ငံသို့ ရော က်ရှိနေတာပါ။
အာရက္ခတပ်တော်နဲ့စစ်ကော်မရှင်ကြားတိုက်ပွဲတွေပြင်းထန်နေကြတဲ့ကျောက်ဖြူမြို့နယ်မှာတရုတ်အကျိုးစီးပွားတွေရှိနေပါတယ်။
အဲဒါကြောင့် တရုတ်နိုင်ငံက စစ်ကော်မရှင်တပ်ကို ဒရုန်းတွေအပါအဝင်နည်းပညာတွေ အကူအညီပေးပြီး စစ်ရေးအရပါဝင်ကာကွယ်ပေးနေတယ်လို့ မြေပြ င်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
တရုတ်နိုင်ငံနဲ့အတူ အရည်အသွေးမြင့် “Belt and Road”ကို ပူးတွဲတည်ဆော က်ပြီး ကုန်သွယ်မှု၊ရင်းနှီးမြှုပ်နှံမှု၊စွမ်း အင်၊အခြေခံအဆောက်အအုံစတဲ့နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေချဲ့ထွင်ကာ နှစ်နိုင်ငံပြည်သူတွေအတွ က် အကျိုးပြုမှုတွေ ပိုမိုဆောင်ကြဉ်းပေးသွားဖို့ဆန္ဒရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါပေမယ့် ရခိုင်ပြည်သူလူထုအပါအဝင်မြန်မာပြည်သူလူထုကတော့ တရုတ်ဟာ မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွပ်ဖက်နေပြီး အာဏာသိမ်းစစ်တပ်ကိုအကူအညီအကာအကွယ်ပေးနေတယ်လို့ ဝေဖန်ပြစ်တင်နေကြပါတယ်။






