Border News Agency
မကွေး၊ ဩဂုတ် ၃၁။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ငတရော်ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးသေဆုံးပြီးလေးဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
စစ်ကော်မရှင်တပ်ဟာသြဂုတ်လ ၃၁ ရက်၊ ဒီနေ့နေ့လည်က တိုက်ပွဲဖြစ်ပွားတာမရှိပဲ ငတရော်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ၊သေဆုံးဒဏ်ရာရခဲ့ကြတာလို့ဒေသခံတွေကဆိုကြပါတယ်။
အဲဒီသေဆုံးသူတွေထဲမှာ သက်ကြီးပိုင်းအမျိုးသမီးသုံးဦး၊ နောက်ထပ်အမျိုးသမီးလေးဦးမှာလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့ဒေသခံတွေကဆိုကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ တရော်ကျေးရွာဟာကို ရွယ်ရည်ချက်ရှိရှိလေကြောင့် တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေသေဆုံးခဲ့ကြရသလို နေအိမ်တချို့လည်းပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။