Border News Agency
ရန်ကုန်၊ စက်တင်ဘာ ၂ ။
ရန်ကုန်၊ ကချင်နဲ့ရှမ်းပြည်က အမျိုးသမီးလေးဦးကို တရုတ်မယားအဖြစ်ရောင်းစားဖို့ ပို့ဆောင်ပေးခဲ့တဲ့ဖြစ်ရပ် သုံးခုအတွက် လူပွဲစားအမျိုးသမီးလေးဦးကို ထောင်ဆယ်နှစ်စီချမှတ်လိုက်တယ်လို့ စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ စက်တင်ဘာ ၂ ရက်၊ ဒီနေ့ ဖော်ပြပါတယ်။
ပထမဖြစ်ရပ်ကတော့ ရန်ကုန်တိုင်း၊ခ ရမ်းမြို့နယ်က ၁၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို တရွာတည်းနေမနိုင် (ခေါ်)လေးလေးနိုင်ဆိုသူက တရုတ်နိုင်ငံမှာရှိတဲ့ ဆံပင်တုနဲ့လက်သည်းတုစက်ရုံမှာအလုပ်ရမယ်လို့ စည်းရုံးပြီးတော့ မူဆယ်မှာရှိတဲ့ မိုးသူဇာ(ခေါ်)မချိုဆီကို ပို့ဆောင်ခဲ့ပါတယ်။
ဒါပေမယ့် မချိုက စက်ရုံမှာလုပ်ရမှာမဟုတ်ဘဲ တရုတ်ယောကျ်ားကိုယူရမှာဖြစ်ပြီး မယူရင်လမ်းစာရိတ်တွေ ပြန်ပေးရမယ်လို့ပြောဆိုပြီးနောက် တရုတ်နိုင်ငံကို ပို့ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ဒုတိယဖြစ်ရပ်ကတော့ ကချင်ပြည်၊မိုးညှင်းမြို့နယ်နဲ့ မန္တလေးတိုင်း၊တောင်သာမြို့နယ်က ၂၄ နှစ်အရွယ်အမျိုးသ မီးငယ်နှစ်ဦးကို မူဆယ်မှာနေထိုင်တဲ့ အေးမြတ်မွန ဆိုတဲ့အမျိုးသမီးက Tik Tok မှတဆင့် တရုတ်အငှားမယားအဖြစ်လုပ်ကိုင်လိုရင် ယွမ်ငွေတသောင်းရမှာဖြစ်ပြီး သူ့ရဲ့အမွှာညီမဖြစ်သူ အေးအိမွန်က တရုတ်သူဌေးတွေနဲ့ တွေ့ဆုံပေးမယ်လို့ပြောဆိုစည်းရုံးခဲ့တယ်လို့ ဆိုပါတယ်။
တတိယဖြစ်ရပ်ကတော့ မူဆယ်မှာနေတဲ့ လူပွဲစားအေးမြတ်မွန်ကပဲ ရှမ်းပြည်၊ လားရှိုးမြို့က အသက် ၃၉ နှစ်အရွယ်အမျိုးသမီးတဦးကို တရုတ်အငှားမယားအဖြစ်လုပ်ကိုင်လိုရင် ယွမ်ငွေတသောင်းခွဲရမှာလို့စည်းရုံးပြီး မန္တ လေးမှာရှိတဲ့ ဒေါ်သန်းအေး(ခေါ်)ပီရင်း ဆိုတဲ့ လူပွဲစားဆီပို့ဆောင်ခဲ့ပါတယ်။
အဲဒီဖြစ်ရပ်သုံးခုမှာပါတဲ့ လူပွဲစားအမျိုးသမီးလေးဦးကို လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးဥပဒေပုဒ်မ – ၃၅/၄၄ နဲ့အလုပ်နဲ့ထောင်ဆယ်နှစ်စီချမှတ်ခဲ့တာလို့ဆိုပါတယ်။
စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ရခိုင်မှာလည်း တရုတ်မယားအဖြစ်လူကုန်ကူခံနေရတဲ့ အမျိုးသမီးတွေရှိနေတယ်လို့ လူကုန်ကူးမှုတားဆီးရေးဆော င်ရွက်နေသူတွေက ဆိုကြပါတယ်။
ပြီးခဲ့တဲ့မတ်လဆန်းပိုင်းကလည်း အသ က် ၁၅ နှစ်မှ ၃၈ နှစ်အရွယ်ကြား ရခိုင်အမျိုးသမီး နှစ်ဆယ်တဦးကို မန္တလေးတိုင်းအတွင်းမှာ အာဏာပိုင်တွေထိန်း သိမ်းခဲ့ပါတယ်။
အဲဒီအထဲမှာစစ်တွေမြို့နယ်ကဆယ်ဦး၊ ကျောက်ဖြူ မြို့နယ်ကသုံးဦး၊ ကျောက်တော်မြို့နယ်ကတဦး၊ မြန်မာပြည်က ခုနစ်ဦး၊ စုစုပေါင်းအမျိုးသမီးနှစ်ဆယ်တဦးဖြစ်ပါတယ်။
ကချင်အမျိုးသမီးအစည်းအရုံး(KWA T)ရဲ့ ၂၀၂၄ ဒီဇင်ဘာလ ၁၉ ရက်နေ့ထုတ်ပြန်တဲ့ “Sold To China” လို့ အမ ည်ရအစီရင်ခံစာမှာ မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ တရုတ်မယားအဖြစ် လူကုန်ကူးရောင်းစားခံရတာတွေဟာ စိုးရိမ်စရာကောင်းလောက်အောင်ကျယ် ပြန့်လာနေတယ်လို့ သတိပေးထားပါတယ်။