Border News Agency
ရန်ကုန်၊ သြဂုတ် ၁၃။
အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားတဲ့ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ အသက်ကိုးဆယ်နှစ်နှစ်အရွယ် သက်ကြီးလူနာအမျိုးသားတဦးသေဆုံးခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထုတ်ပြန်ပါတယ်။
အဲဒီရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ သြဂုတ်လ ၁၃ ရက်နေ့က အသက်ကိုးဆယ်နှစ်နှစ်အရွယ် သက်ကြီးလူနာအမျိုးသားတဦးသေဆုံးခဲ့တာပါ။
အဲဒီဆေးရုံမှာ ဩဂုတ်လ ၁၂ ရက်နေ့ထိ လူနာ ၁၈၂ ဦးကုသမှုခံနေပြီး ရှစ်ဦးဟာ ရောဂါသက်သာလို့ ဆေးရုံဆင်းသွားပြီလို့ ဆိုပါတယ်။
အဲဒီလူနာတွေထဲမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုးတွေ့ရှိသူ ငါးဆယ်လေးဦးရှိတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ရန်ကုန်တိုင်း၊ လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတားစတဲ့မြို့နယ်တွေမှာ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဦးဆောင်ပြီး စည်ပင်၊ ကျန်းမားရေးဦးစီးဌာန၊ ခရို င်/ မြို့နယ်ထွေ/အုပ်ပေါင်းကာ အစားအသောက်နဲ့ ရေစစ်ဆေးတာတွေလုပ်နေတယ်လို့ ထုတ်ပြန်ပါတယ်။










