Border News Agency
ဆမီး၊ သြဂုတ် ၁၃။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်၊ဆမီးမြို့ရှိ အမှတ် ၂ ရပ်ကွက်ကို သြဂုတ်လ ၁၂ ရက်နေ့ညက အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးသေပြီး ရှစ်ဦးဒဏ်ရာရသွားတာပါ။
အဲဒီဆမီးမြို့၊အမှတ် ၂ ရပ်ကွက်ကို သြဂုတ်လ ၁၂ ရက်နေ့ ည ၁၁ နာရီ ၂၃ မိနစ်အချိန်မှ ၁၁ နာရီ ၄၀ မိနစ်အချိန်ထိ လေးကြိမ်လေကြောင်းတိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် အသက်တဆယ့်ခြောက်နှစ်အရွယ် အမျိုးသမီးတဦးသေဆုံးပြီး အသက်ရှစ်နှစ်အရွယ် ကလေးတဦး၊အသက်ဆယ်နှစ်အရွယ် ကလေးတဦး၊အသက်တဆယ့်တနှစ်အရွယ် ကလေးတဦးအပါအဝင် ရှစ်ဦးဒဏ်ရာရသွားကြပါတယ်။
အဲဒီပလက်ဝမြို့ကို သြဂုတ်လ ၁၁ ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကျောင်းသူနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်တာတွေမကြာခဏလုပ်နေလို့ ပြည်သူတွေ သေဆုံးဒဏ်ရာရနေကြပါတယ်။








