Border News Agency
မဲဆောက်၊ စင်တင်ဘာ ၅။
ရခိုင်ပြည်ထောင်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီးဆွေးနွေးရှင်းလင်းပွဲပြုလုပ်သွားမယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနဲ့ လူငယ်အစည်းအရုံး (AASYC)က စက်တင်ဘာလ ၅ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
ရခိုင်အမျိုးသားအဆင့်မူဝါဒရေးရာညှိနှိုင်းရေးဆွဲရေးအဖွဲ့ (ANPCC)မှရေးဆွဲတဲ့ “ရခိုင်ပြည်ထောင်ဖွဲ့စည်းပုံအခြေခံဥပဒေ” နဲ့ပတ်သက်ပြီးဆွေးနွေးရှင်းလင်း ပွဲကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ စက်တင်ဘာလ ၇ ရက်နေ့ပြုလုပ်သွားမယ်လို့ဆိုပါတယ်။
အဲဒါကြောင့် သတင်းမီဒီယာတွေလာရောက်သတင်းယူနိုင်ပြီး ကြိုတင်ဆက်သွယ်စာရင်းပေးကြဖို့ အသိပေးထားပါတယ်။
ရခိုင်အမျိုးသားအဆင့်မူဝါဒရေးရာညှိနှိုင်းရေးဆွဲရေးအဖွဲ့ (ANPCC)ကို ထိုင်းနိုင်ငံ၊မဲဆောက်မြို့မှာ ၂၀၁၈ ခုနှစ်၊ဇန်န ဝါရီလက စတင်ဖွဲ့စည်းခဲ့ကြတာဖြစ်ပြီးရခိုင်ပြည်ထောင်ဖွဲ့စည်းပုံအခြေခံဥပ ဒေမူကြမ်းအကြံပြုချက်တွေကို ၂၀၂၂ခုနှစ်ကရေးဆွဲထားတာဖြစ်ပါတယ်။
အဲဒီရခိုင်အမျိုးသားအဆင့်မူဝါဒရေး ရာညှိနှိုင်းရေးဆွဲရေးအဖွဲ့ (ANPCC)မှ ရခိုင်လက်နက်ကိုင်အဖွဲ့တွေ၊ ပါတီတွေ၊ အရပ်ဖက်အဖွဲ့တွေပါဝင်ပေမယ့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)မပါဝင်ဘူးလို့ ဆိုကြပါတယ်။
အာရက္ခတပ်တော်ဟာ ပလက်ဝမြို့နယ်အပါအဝင်တဆယ့်ငါးမြို့နယ်ကို အပြီးသတ်ထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပါတယ်။
အာရက္ခတပ်တော်ဟာ အာရက္ခ-အိန္ဒိယနယ်စပ်၊အာရက္ခ-ဘင်္ဂလာနယ်စပ်အပြင် အာရက္ခ-မကွေးနယ်ခြား၊ အာရက္ခ-ပဲခူးနယ်ခြား၊ အာရက္ခ-ဧရာဝတီနယ်ခြားကိုလည်း ထိန်းချုပ်ထားပြီး နွေဦးတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေကို စစ်ရေးအကူအညီပေးပူးပေါင်းဆောင်ရွက်နေပါတယ်။