Border News Agency
မူး၊ စက်တင်ဘာ ၅။
မူးမြို့နယ်ကို စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့အရပ်သားတဦးသေ ဆုံးပြီးတဦးဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ စက်တင် ဘာလ ၅ ရက်မနေ့ကထုတ်ပြန်ပါတယ် ။
စစ်ကော်မရှင်တပ်ဟာ မူးမြို့နယ်၊ ငထွေစုတ်ကျေးရွာကို စက်တင်ဘာလ ၃ ရက်နေ့ကလက်နက်ကြီးနှစ်လုံးပစ်ခတ်ခဲ့တာကြောင့် အသက် ၆၂ အရွယ်ဒေါ်ဆန်းတင့်ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် စက်တင်ဘာလ ၂ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်ရဲ့နတ်သံ ကွင်းမှ ၁၂၀ မမ ရေလဲအရှေ့ဘက်က မ်းကျေးရွာနဲ့အနောက်ဘက်ကမ်း ကျေး ရွာအနီးကိုလက်နက်ကြီးပစ်ခတ်လို့ အ သက် ၃၇ နှစ်အရွယ် စောဖါးလါးမူး (ခ)မောင်လူပေသေဆုံးပြီး အသက် ၇၅ နှစ်အရွယ်ဦးအောင်သိန်းဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် လယ်ကွင်းထဲမှာလှံထားတဲ့နွားတကောင်လည်းသေဆုံးခဲ့ရပြီးတကောင် ဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ နေ့စဥ်လိုလို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားပစ်ခတ်တာတွေကြောင့် သေဆုံး၊ ဒဏ်ရာရခဲ့ကြသလို အိုးအိမ်ပစ္စည်းဥစ္စာတွေလည်း ပျက်စီးဆုံးရှုံးနေကြရတယ်လို့ဆိုပါတယ်။