Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး

မဟာဗျူဟာဝဲဩဃထဲက တောင်အာရှ

Author picture

By

Saw Shin Nyo
Reading Time: 4 mins read
0
A A
0
SHARES
8
VIEWS
Share on FacebookShare on Twitter

Border News Agency
ဒါကာ၊ ဧပြီ ၁၆။

တောင်အာရှဒေသရပ်ဝန်းသည် ဗဟိုအာရှ၊ အရှေ့တောင်အာရှ၊ အနောက်အာရှ၊ အရှေ့အာရှနှင့် အကျိုးစီးပွားဆက်စပ်မှုရှိသည်။

သို့ဖြစ်၍ ကမ္ဘာလုံးဆိုင်ရာထိရိုက်ခတ်နိုင်သောကိစ္စရပ်များ တောင်အာရှတွင်လည်းရှိနေသည်။

ဗဟိုအာရှနိုင်ငံများ၏ပင်လယ်ထွက် ပေါက်ဗျူဟာ

ဗဟိုအာရှဒေသတွင်း နိုင်ငံများ၏အကျိုးစီးပွားကကြည့်လျှင် တောင်အာရှနှင့်ဆက်ဆံနေရသော အဓိကအစိတ်အပိုင်းနှစ်ခုရှိသည်။

ဗဟိုအာရှနိုင်ငံများက ရေနံနှင့်သဘာဝဓာတ်ငွေ့ကြွယ်ဝသောနိုင်ငံများဖြစ်ပြီး ပင်လယ်ပြင်ထွက်ပေါက်မရှိသောနိုင်ငံများဖြစ်သည်။

တောင်အာရှနိုင်ငံများက ဗဟိုအာရှမှစွမ်းအင်ကိုလိုအပ်သည်။ဗဟိုအာရှနိုင်ငံများက တောင်အာရှနိုင်ငံများ၏ပင်လယ်ဆိပ်ကမ်းများကို အသုံးပြုခွင့်ရလိုသည်။

ပါကစ္စတန်နှင့်အိန္ဒိယအဖို့ ဗဟိုအာရှမှာ စွမ်းအင်အရင်းအမြစ်ဖြစ်လာသည်။

TAPI ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းသည် (တာ့ခ်မင်နစ္စတန်-အာဖဂန်-ပါကစ္စတန် -အိန္ဒိယ)စသည့်နိုင်ငံများကို ဖြတ်သန်းသွားသည်။

ဗဟိုအာရှနိုင်ငံများအတွက် ပါကစ္စတန်၏ဂွာဒါဆိပ်ကမ်း(Gwadar)သည် အနီးဆုံးပင်လယ်ထွက်ပေါက်ဖြစ်သည်။

ထိုဆိပ်ကမ်းစီမံကိန်း၏ကြိုးကိုင်ရှင်မှာ တရုတ်ဖြစ်သည်။တရုတ်အနေဖြင့် ပါကစ္စတန်ဆိပ်ကမ်းမှတဆင့် ဗဟိုအာရှနှင့်ဆက်သွယ်နိုင်သောလမ်းကြောင်းကို အကောင်အထည်ဖော်လိုသည်။

ထိုလမ်းကြောင်းက တရုတ်၏ CPEC (China-Pakistan Economic Corridor – တရုတ် – ပါကစ္စတန်စီးပွားရေးစင်္ကြန်) အ တွက်အဓိကဗျူဟာလည်းဖြစ်သည်။

တောင်အာရှအဖို့ အရှေ့တောင်အာရှ (Southeast Asia)နှင့်ဆက်စပ်ရသော ကိစ္စရပ်များထဲတွင် စီးပွားရေးနှင့်လုံခြုံရေးဆိုင်ရာဆက်စပ်မှုရှိသည်။

အိန္ဒိယ၏အရှေ့မျှော်မူဝါဒ(Look East / Act East Policy)အရ အရှေ့တောင်အာရှနှင့် ကုန်သွယ်ရေးတိုးမြှင့်ရန်လိုအပ်သည်။

ထိုလိုအပ်ချက်ကိုအကောင်အထည်ဖော်ရန် မြန်မာနှင့်ထိုင်းနိုင်ငံမှတဆင့် ကုန်းလမ်း၊ ရေလမ်းဆက်သွယ်ရေးများကို အိန္ဒိယကတည်ဆောက်နေသည်။

အိန္ဒိယသမုဒ္ဒရာကအရှေ့တောင်အာရှကိုဖြတ်ပြီး အရှေ့အာရှ(တရုတ်၊ ဂျပန်) ကို သွားသောမလက္ကာရေလက်ကြား (Malacca Strait)လမ်းကြောင်း၏ ဆက်စပ်ရေပြင်လမ်းကြောင်းအစိတ်အပိုင်းအချို့မှာ တောင်အာရှ၏ထိန်းချုပ်မှုအောက်တွင်ရှိနေသည်။

မလက္ကာရေလက်ကြားသည်လည်း ကမ္ဘာ့ကုန်သွယ်ရေးအတွက် အရေးပါဆုံးလည်ပတ်ကြော(Choke point)များထဲပါဝင်သည်။

(အနောက်အာရှ၊ အရှေ့အလယ်ပိုင်းနှင့် တောင်အာရှ) ဆက်စပ်မှုတွင် စွမ်းအင်နှင့်အလုပ်သမားကိစ္စက အဓိကအချက်ဖြစ်သည်။

တောင်အာရှနိုင်ငံများ၏ လောင်စာဆီရှစ်ဆယ်ရာခိုင်နှုန်းကျော်သည် အနောက်အာရှက ဝယ်ယူနေရခြင်းဖြစ်သည်။

တောင်အာရှ၏ သန်းချီသောအလုပ်သမားများ အနောက်အာရှတွင်အလုပ်လုပ်နေကြသည်။

ထိုအလုပ်သမားများက ပြန်ပို့သောနိုင်ငံခြားငွေ (Remittances) များက တောင်အာရှ၏စီးပွားရေးအသက်သွေးကြော ဖြစ်သည်။

ထို့ပြင် တောင်အာရှနှင့်အရှေ့အလယ်ပိုင်းကြားတွင် ဘာသာရေးနှင့်ယဉ်ကျေး
မှုဆိုင်ရာဆက်နွယ်မှုလည်းရှိနေသည်။

တောင်အာရှ၏ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အာဖဂန်နစ္စတန်က အစ္စလာမ်ကမ္ဘာနှင့် ခိုင်မာသောယဉ်ကျေးမှု၊ ဘာသာရေးဆိုင်ရာဆက်နွှယ်မှုများရှိနေသည်။

တောင်အာရှနှင့်အရှေ့အာရှအဆက်အစပ်က အရှိန်အဟုန်အပြင်းဆုံးဗျူဟာမြောက်အားပြိုင်မှုအဖြစ် တည်ရှိနေသည်။ အိန္ဒိယနှင့်တရုတ်ပြိုင်ဆိုင်မှုဖြစ်သည်။

တရုတ်နိုင်ငံက အိန္ဒိယအပေါ် ပုလဲကုံးဗျူဟာ(String of Pearls) ဝိုင်းပတ်ထားပုံမျိုးဖြင့် ပါကစ္စတန်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်တွင် ဆိပ်ကမ်းတည်ဆောက် ခြေကုပ်ယူထားသည်။

တရုတ်- အိန္ဒိယ၏ ဟိမဝန္တာနယ်စပ် (Himalayan Frontier) တွင်ရှိသော နီပေါနှင့်ဘူတန်သည် တရုတ်နှင့်အိန္ဒိယကို ခြားပေးထားသောကြားခံနိုင်ငံများ (Buffer States) ဖြစ်နေသည်။

ထိုနိုင်ငံနှစ်ခု၏နိုင်ငံရေးတည်ငြိမ်မှုသည် အင်အားကြီးနှစ်နိုင်ငံလုံး၏ အကျိုးစီးပွားနှင့်တိုက်ရိုက်ဆက်စပ်နေသည်။

တောင်အာရှ၏အရေးပါမှုသည် ကမ္ဘာ့လုံးဆိုင်ရာမဟာဗျူဟာပိုင်းချန်ထား၍ မရသောအစိတ်အပိုင်းများရှိနေသည်။

အိန္ဒိယသမုဒ္ဒရာသည် ကမ္ဘာ့စွမ်းအင်ကုန်သွယ်၏ အဓိကလမ်းမကြီးဖြစ်သည်။တောင်အာရှဒေသတွင်းရှစ်နိုင်ငံတွင် ငါးနိုင်ငံကအိန္ဒိယသမုဒ္ဒရာနှင့်တိုက်ရိုက်ထိစပ်နေသည်။

ထိုသို့ထိစပ်နေခြင်းက ရေကြောင်းထိန်းချုပ်မှုနှင့် ရေပြင်ဆက်စပ်မှုအခွင့်အရေးကိုရစေသည်။

အိန္ဒိယ- ပါကစ္စတန်စသည့် နျူကလီးယားလက်နက်ပိုင်ရှင်နှစ်နိုင်ငံ ထိပ်တိုက်တွေ့ကြသောနေရာဖြစ်၍ ကမ္ဘာ့လုံခြုံရေးအတွက် အမြဲစောင့်ကြည့်နေရသည်။

ကမ္ဘာ့လူဦးရေ၏နှစ်ဆယ်ငါးရာခိုင်နှုန်းနီးပါးရှိသော လူဦးရေစျေးကွက်ရှိနေသည်။

ထိုလူဦးရေက လုပ်သားအင်အားကိုရရှိစေသောကြောင့် အနာဂတ်ကမ္ဘာ့စီးပွားရေး၏ အင်ဂျင်စက်သစ်လည်းဖြစ်လာနိုင်သည်။

ထိုသို့အချက်များစုဆုံနေ၍ တောင်အာရှတွင်အမေရိကန်၊ အိန္ဒိယ၊ တရုတ်စသောအင်အားကြီးပါဝါများစုပြုံတိုးကြသည်။

ရူပဗေဒသဘောတရားအရ လာရာလမ်းကြောင်းမတူသော လေစီးကြောင်းများတခုနှစ်တခု စုဆုံတိုးကြသောအခါ လေပွေဝဲဂယက်များဖြစ်ပေါ်တတ်သည်။

၂၀၂၂ ခုနှစ်အတွင်း နီပေါ၊ ပါကစ္စတန်နှင့် သီရိလင်္ကာတွင်ဖြစ်ခဲ့သော နိုင်ငံရေး၊ စီးပွားရေးမငြိမ်သက်မှုများကို တကမ္ဘာလုံးစောင့်ကြည့်နေရခြင်းက အထူးအဆန်းမဟုတ်ပေ။

၂၀၂၂ ခုနှစ်ဝဲဩဃများ

နီပေါတွင် အမေရိကန်စီမံကိန်း MCC နှင့် SPP ကို ကန့်ကွက်ခြင်း

MCC (Millennium Challenge Corporation) စီမံကိန်းသည် အမေရိကန်မှနီပေါတွင် ရင်းနှီးမြုပ်နှံမည့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ရေးစီမံကိန်းဖြစ်သည်။

MCC တွင် ဒေါ်လာ သန်းငါးရာတန်သောလျှပ်စစ်နှင့် လမ်းတံတားစီမံကိန်းများပါဝင်သည်။

SPP (State Partnership Program) စီမံကိန်းသည် အမေရိကန်အမျိုးသားအစောင့်တပ်ဖွဲ့ (US National Guard) နှင့် နီပေါစစ်တပ်ကြား ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းဖြစ်သည်။

ထိုစီမံကိန်းများသည် တရုတ်အပေါ် အမေရိကန်မှတန်ပြန်မည့်စီမံကိန်းများဖြစ်၍ တရုတ်နှင့်အမေရိကန်ကြားတွင် နီပေါမှာကြားညှပ်သွားနိုင်သည်ဟုဆိုကာ ကန့်ကွက်ကြခြင်းဖြစ်သည်။

နီပေါတွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း MCC စီမံကိန်းအား လမ်းပေါ်ထွက်ကန့်ကွက်ဆန္ဒပြမှု အပြင်းထန်ဆုံးဖြစ်ခဲ့သည်။ဖေဖော်ဝါရီလ ၂၀ ရက်တွင် အငြင်းပွားဖွယ်ရာ MCC သဘောတူညီချက်ကို နီပေါအစိုးရက လွှတ်တော်တွင်တင်သွင်းခဲ့သည်။

ထိုနေ့မှာပင် လွှတ်တော်အပြင်ဘက်၌ ရဲနှင့်ဆန္ဒပြသူတွေကြား အကြမ်းဖက်ပဋိပက္ခများဖြစ်ခဲ့ကြသည်။

၂၀၂၂ ဖေဖော်ဝါရီလ ၂၇ ရက်တွင် နီပေါလွှတ်တော်မှ MCC ကို “အဓိပ္ပာယ်ဖွင့်ဆိုချက်ဆိုင်ရာကြေညာချက် (Interpretative Declaration)”ထည့်ကာအတည်ပြုလိုက်သည်။ ဇွန်လ ၂၁ ရက်တွင် SPP စီမံကိန်း၌ မပါဝင်ရန် ဆုံးဖြတ်ခဲ့သည်။

ပါကစ္စတန်၏ ၂၀၂၂ခု နှစ်၊မတ် – ဧပြီလများ

နီပေါ၌ ထိုသို့ပြဿနာများဖြစ်နေချိန် ပါကစ္စတန်တွင် ဝန်ကြီးချုပ်အီမရန်ခန်းအား ရာထူးမှဖယ်ရှားရန် ကြိုးပမ်းမှုများဖြစ်နေခဲ့သည်။

ဝန်ကြီးချုပ်အီမရန်ခန်းက သူ့အားဖြုတ်ချရန် နောက်ကွယ်တွင် အမေရိကန်ကြိုးကိုင်ကြောင်းစွပ်စွဲခဲ့သည်။

၎င်းက သူ့၏နိုင်ငံခြားရေးမူဝါဒသည်အနောက်အုပ်စုထက် ရုရှားနှင့်တရုတ်ဘက်သို့ ပိုယိမ်းခဲ့၍ သူအားဖြုတ်ချခဲ့ကြသည်ဟုဆိုခဲ့သည်။

၂၀၂၂ ခုနှစ်၊ မတ်လ ၈ ရက်တွင် အီမရန်ခန်းအပေါ် အယုံအကြည်မရှိအဆို (No-confidence motion) ကို လွှတ်တော်တွင် အတိုက်အခံပါတီများတင်သွင်းခဲ့သည်။ ဧပြီလ ၃ ရက်နေ့တွင် လွှတ်တော်ဒုဥက္ကဋ္ဌက အဆိုကိုပယ်ချပြီး လွှတ်တော်အား ဖျက်သိမ်းရန်ကြိုးစားခဲ့သည်။

သို့သော် တရားရုံးချုပ်က အဆိုကိုပယ်ချကာ လွတ်တော်အားဖျက်သိမ်းရန် ကြိုးစားခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီဟု ဆုံးဖြတ်ခဲ့သည်။

သို့ဖြစ်၍ ပါကစ္စတန်လွတ်တော်ဆက်လက်တည်ရှိနေပြီး ဧပြီလ ၁၀ ရက်နေ့တွင် မဲခွဲဆုံးဖြတ်ရာအီမရန်ခန်းအား ရာထူးမှ ဖယ်ရှားလိုက်ကြသည်။ ဧပြီလ ၁၁ ရက်တွင် ရှာဘတ်ရှရစ်ဖ် (Shehbaz Sharif) ဝန်ကြီးချုပ်သစ်ဖြစ်လာခဲ့သည်။

သီရိလင်္ကာ၏ ၂၀၂၂ ခုနှစ်၊မတ် – ဇူလိုင်လများ

ထိုကာလများတွင် သီရိလင်္ကာ၌ စီးပွားရေးအကြပ်အတည်းဆိုက်ကာ လူထုအုံကြွမှုကြီးဖြစ်ပေါ်ခဲ့သည်။

နီပေါကဲ့သို့ပင် သီရိလင်္ကာကိုလည်း အမေရိကန်ဘက် MCC စီမံကိန်းဖြင့်ထောက်ပံ့ငွေပေးရန် ကြိုးစားခဲ့ဖူးသည်။

သို့သော် ထိုစီမံကိန်းသည် တရုတ်လိုလားသော အုပ်စုများ၏ကန့်ကွက်မှု
ကြောင့် ပျက်ပြယ်ခဲ့ရသည်။

မဟာပါဝါများ၏အားပြိုင်မှုကြားတွင် သီရိလင်္ကာသည် အပြိုင်အဆိုင် ကမ်းလှမ်းချက်များကိုရရှိခဲ့သည်။

ထိုကမ်းလှမ်းချက်များကြား ခွထိုင်ရင်း တရုတ်ထံမှ အတိုးနှုန်းကြီးသောချေးငွေများနှင့် အကျိုးအမြတ်မထွက်သော စီမံကိန်းများကိုလုပ်နေခဲ့သည်။

၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် ကိုလံဘိုမြို့သမ္မတအိမ်တော်ရှေ့တွင် စားနပ်ရိက္ခာနှင့် လောင်စာဆီပြတ်လပ်မှုကြောင့် လူထုစတင်ဆန္ဒပြခဲ့ကြသည်။ ဧပြီ လ ၁၂ ရက်တွင် သီရိလင်္ကာအစိုးရက နိုင်ငံခြားကြွေးမြီ (ဒေါ်လာ ၅၁ ဘီလီယံခန့်) ကို ပြန်မဆပ်နိုင်တော့ကြောင်း (Default) နှင့် ဒေဝါလီခံကြောင်း တရားဝင်ကြေညာခဲ့သည်။ မေလ ၉ ရက်တွင် အကြမ်းဖက်မှုများဖြစ်ပွားပြီး ဝန်ကြီးချုပ်မဟင်ဒါရာဂျာပက်ဆာ (Mahinda Rajapaksa) ရာထူးမှ နုတ်ထွက်ခဲ့ရသည်။ ဇူလိုင်လ ၉ ရက်တွင် ဆန္ဒပြသူ ထောင်ပေါင်းများစွာ သမ္မတအိမ်တော်ထဲ စီးနင်းဝင်ရောက်ခဲ့ကြသည်။ ဇူလိုင်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် သမ္မတဂိုတာဘာယာ ရာဂျာပက်ဆာနိုင်ငံမှ ထွက်ပြေးကာနုတ်ထွက်စာပေးပို့ခဲ့သည်။

သီရိလင်္ကာ၏ဖြစ်စဉ်သည် အိန္ဒိယနှင့် အမေရိကန်ကိုကျော်ကာ တရုတ်ထံအရမ်းနီးကပ်သွားခဲ့ခြင်းကြောင့် စူပါပါဝါများကြားတွင် မျှချေဟန်ချက်ပျက်သွားခြင်းဖြစ်သည်။

ထိုသို့မျှချေဟန်ချက်ပျက်သွားချိန် စီးပွားရေးအကြပ်အတည်းက ပေါ်ပေါက်လာသောအခါ အနောက်အုပ်စု၏အချိန်မှီထောက်ပံ့မှုများရရန် ခက်ခဲသွားကာ ပြိုလဲခဲ့ရခြင်းဖြစ်သည်။

မော်လဒိုက်၏ ၂၀၂၂ ခုနှစ်ဝဲဩဃ များ

၂၀၂၂ ခုနှစ်အတွင်း တောင်အာရှတခွင် စူပါပါဝါများ၏အားပြိုင်မှုကြောင့် နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်တွင် ငလျင်လှုပ်သလိုရိုက်ခတ်နေချိန် မော်လ်ဒိုက်သည်လည်း လုံးဝအေးဆေးနေခဲ့ရသည်တော့မဟုတ်ပေ။

မော်လဒိုက်၌ သီရိလင်္ကာကဲ့သို့ စီးပွားရေးပြိုမှု၊ ပါကစ္စတန်ကဲ့သို့ အစိုးရပြုတ်ကျမှုမျိုးထိမဖြစ်ခဲ့ပေ။

သို့သော် “အိန္ဒိယ – တရုတ်အားပြိုင်မှု” စက်ကွင်းအတွင်း ပြည်တွင်းနိုင်ငံရေးတင်းမာမှုများဖြင့် လုံးပန်းနေခဲ့ရသည်။

မော်လဒိုက်၏ကျွန်းစုများအတွင်း ဆိပ်ကမ်းငယ်များတိုးချဲ့ရန်နှင့်ဖွံ့ဖြိုးရေးစီမံကိန်းများတွင် တရုတ်သည် အဓိကငွေချေးသူ၊ရင်းနှီးမြုပ်နှံသူဖြစ်နေသည်။

အိန္ဒိယက မော်လဒိုက်တွင် တရုတ်လွမ်းမိုးမှုအားတန်ပြန်ရန် ကြိုးစားချိန်တွင် တင်းမာမှုများစတင်ရှိလာတော့သည်။

၂၀၂၂ ခုနှစ်အတွင်း မော်လဒိုက်တွင် “India Out” လှုပ်ရှားမှုဖြင့် အိန္ဒိယဆန့်ကျင်ရေးစိတ်ဓါတ်အမြင့်ဆုံးရောက်ခဲ့သည်။

တရုတ်ဘက်ကိုနီးကပ်သော အတိုက်အခံခေါင်းဆောင် (သမ္မတဟောင်း) အဗ္ဗဒူ လာယာမင်း (Abdulla Yameen) က ဦးဆောင်ကာ မော်လ်ဒိုက်သည် အိန္ဒိယစစ်တပ်အခြေစိုက်နေသည်ဟူသော စွပ်စွဲချက်ဖြင့် ကန့်ကွက်ခဲ့ကြကာ အိန္ဒိယဆန့်ကျင်ရေးလုပ်လာခဲ့ကြသည်။

ဧပြီလတွင် ထိုအချိန်သမ္မတတာဝန်ယူထားသူ အီဘရာဟမ်ဆိုလီ (Ibrahim Solih) က “India Out” လှုပ်ရှားမှုအား အမျိုးသားလုံခြုံရေးအပေါ် ထိခိုက်စေသည်ဟုဆိုကာ အမိန့်ဒီကရီထုတ်တားမြစ်ခဲ့ရသည်။

သီရိလင်္ကာဆန္ဒပြပွဲများ အရှိန်တက်နေသော ဇွန်လ ၂၁ ရက်နေ့တွင် မော်လဒိုက်မြို့တော်မာလီ (Male) ၌ နိုင်ငံတကာယောဂနေ့အခမ်းအနားကျင်းပနေသည်။

ထိုအခမ်းအနားကိုအစွန်းရောက်အုပ်စုများက ဝင်ရောက်စီးနင်းဖျက်ဆီးခဲ့ကြသည်။

ထိုသို့စီးနင်းမှု၏ရည်ရွယ်ချက်က အိန္ဒိယ၏ ယဉ်ကျေးမှုလွှမ်းမိုးမှုအား ဆန့်ကျင်ပြခြင်းဖြစ်သည်။

သီရိလင်္ကာ ဒေဝါလီခံလိုက်တဲ့အချိန်တွင် ကမ္ဘာ့ဘဏ်၊ IMF က မော်လဒိုက်အတွက် သတိပေးချက်များထုတ်ပြန်ခဲ့သည်။

မော်လဒိုက်က တရုတ်နှင့်အိန္ဒိယမှ ချေးငွေအများအပြားယူထားသည်။

၂၀၂၂ ခုနှစ်တွင် နိုင်ငံခြားအရံငွေလျော့ကျလာသောအခါ”သီရိလင်္ကာနောက် မော်လ်ဒိုက်လိုက်သွားမှာလား။”
ဆိုသော စိုးရိမ်မှုရှိလာခဲ့သည်။

သို့ရာတွင် အိန္ဒိယ၏လျင်လျင်မြန်မြန်ကူညီမှုနှင့် ခရီးသွားလုပ်ငန်း (Tourism) က COVID-19 အပြီးတွင် သီရိလင်္ကာထက်ဆန်စွာ ဦးမော့လာနိုင်ခဲ့၍သီရိလင်္ကာကဲ့သို ဆိုးဆိုးရွားရွားမဖြစ်ခဲ့ခြင်းဖြစ်သည်။

ဝဲဩဃနှင့်အရှုံးမရှိအောင်နှစ်ဖက်ခွက စားခြင်း(Hedging)

တောင်အာရှ၏နိုင်ငံငယ်များသည် စူပါပါဝါများကြားတွင် (Hedging) ဘက်ခွကစားခြင်းဗျူဟာကိုသုံးနေကြသည်။

တရုတ်မှလမ်းတံတားတွေလိုချင်သည်။ အိန္ဒိယမှ လောင်စာဆီနှင့်ကုန်စည်လိုချင်သည်။ အမေရိကန်မှထောက်ပံ့ငွေ (Grants) လိုချင်သည်။

ထိုနိုင်ငံငယ်များက ဘက်ခွကစားမှုအား Leverage (အသာစီးရစေရန်) ဘက်ကို ပြောင်းရန်ကြိုးစားကြသည်။

အိန္ဒိယမှတခုခုကို ဖိအားပေးလာလျှင် “ငါတို့ တရုတ်ဘက် လှည့်လိုက်မည်။”ဆိုသည့်အကွက်ဖြင့် အင်အားကြီးနိုင်ငံများထံမှ ပိုကောင်းသောအခွင့်အရေးကိုတောင်းဆိုကြသောဗျူဟာကို ကျင့်သုံးကြသည်။

ဤဗျူဟာက ထိုနိုင်ငံများ၏ပြည်တွင်းနိုင်ငံရေးတွင် အပြန်အလှန်ထိုးနှက်ကြသော လက်နက်လည်းဖြစ်လာသည်။

အတိုက်အခံပါတီများက အာဏာရအစိုးရအား “နိုင်ငံကို တရုတ်/အိန္ဒိယလက်ထဲထိုးအပ်နေပြီ” လို့ စွပ်စွဲကာ လူထုထောက်ခံမှုရအောင်လုပ်လေ့ရှိကြသည်ပင်။

အဆိုပါ တောင်အာရှနိုင်ငံငယ်များသည် “အင်အားကြီးနိုင်ငံများ၏ရန်ပွဲ” ထဲတွင် “မြေစာပင်” မဖြစ်လိုကြပေ။

သို့ဖြစ်၍ ဘက်တခုတည်းတွင် အသေမရပ်နိုင်ကြပေ။ စီးပွားရေးအရ တရုတ်ကိုချဉ်းကပ်သည်။ လုံခြုံရေးအရ အိန္ဒိယကို အားကိုးသည်။ ဒီမိုကရေစီနှင့် ဖွံ့ ဖြိုးရေးအတွက် အမေရိကန်ကိုမျက်နှာမူသည်။

ထိုသို့ ဘက်ခွကစားမှု (Hedging) ဗျူဟာကို ကိုင်စွဲကြသည်။ ထိုသို့ဘက်ခွမှုနှင့်ဘက်ပြောင်းမှုကစားပွဲများတွင် အဆိုပါတောင်အာရှနိုင်ငံများရင်ဆိုင်ရသောစိန်ခေါ်မှုသည် ဟန်ချက်မျှခြေကိုမထိန်းနိုင်သောဒုက္ခလည်း အမြဲရှိနေသည်။

၂၀၂၂ ခုနှစ်၊ သီရိလင်္ကာဒေဝါလီခံလိုဘက်ရသောကိစ္စများ၊ ၂၀၂၄ ခုနှစ်၊ ဘင်္ဂလားဒေ့ရှ်ဂျင်ဇီတော်လှန်ရေးဖြစ်ရပ်များက စူပါပါဝါများကြားတွင်မျှခြေမထိန်းနိုင်ပါက နိုင်ငံ၏တည်ငြိမ်မှုသည် အန္တရာယ်ရှိသောဝဲဩဃထဲရောက်သွားတတ်သည်ကို တောင်အာရှနိုင်ငံရေးက မကြခဏသတိပေးနေသည်။

PrevPrevious​လှိုင်းဘွဲ့စခန်းသိမ်းတိုက်ပွဲဖြစ်ပွားပြီးနောက် လေကြောင်းတိုက်ခိုက်ခံရ
Next​အမေရိကန်နဲ့အီရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ကြိုးပမ်းနေNext
Previous Post

​လှိုင်းဘွဲ့စခန်းသိမ်းတိုက်ပွဲဖြစ်ပွားပြီးနောက် လေကြောင်းတိုက်ခိုက်ခံရ

Next Post

​အမေရိကန်နဲ့အီရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ကြိုးပမ်းနေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ကျမလည်း ဗင်နစ်ဆာဂူလင်နဲ့စစ်မေတွေအပေါ် လိင်အမြတ်ထုတ်မှု

May 16, 2026

စစ်ပွဲ၊လူဦးရေလိုအပ်ချက်၊မယားပြိုင်စနစ်အတွေးအခေါ်နဲ့အာရက္ခ

May 11, 2026

တော်လှန်သူတို့အတွက် ကိန်းဘာရင်း၏သင်ခန်းစာများ

May 10, 2026

အာရက္ခမြေက အမျိုးသမီးများ ယစ်ပလ္လင်ထဲ ဝတ္ထုပြုခံရခြင်း

May 10, 2026

မုတ်သုံလေအားကောင်းလာပြီး တနိုင်ငံလုံး မိုးကြီးရေကြီးနိုင်လို့ သတိပြုဖို့ နှိုးဆော်

​ယူအေအီး နျူကလီးယားစက်ရုံ ဒရုန်းနဲ့ တိုက်ခိုက်ခံရ

​ဟောမုဇ်ရေလက်ကြားမှာ အီရန်က အခွန်ကောက်မယ်ဆိုပြီး အစ္စရေးက လက်ဘနွန်ကို ဆက်ဗုံးကြဲနေ

​တနင်္သာရီမှာ အာဏာသိမ်းစစ်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရလို့စစ်သား ၅ ဦးသေဆုံး

စလင်းမှာ ကင်းပုန်းဝပ်ဖို့လာတဲ့ အာဏာသိမ်းစစ်တပ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများပြား

ကနီမြို့နယ်အတွင်းရှိ မုံရွာ-ယာကြီး-ကလေးလမ်းနဲ့ချင်းတွင်းမြစ်ကြောင်းကို ယာယီပိတ်

Releated Post

မုတ်သုံလေအားကောင်းလာပြီး တနိုင်ငံလုံး မိုးကြီးရေကြီးနိုင်လို့ သတိပြုဖို့ နှိုးဆော်

May 18, 2026

​ယူအေအီး နျူကလီးယားစက်ရုံ ဒရုန်းနဲ့ တိုက်ခိုက်ခံရ

May 18, 2026

​ဟောမုဇ်ရေလက်ကြားမှာ အီရန်က အခွန်ကောက်မယ်ဆိုပြီး အစ္စရေးက လက်ဘနွန်ကို ဆက်ဗုံးကြဲနေ

May 18, 2026

​တနင်္သာရီမှာ အာဏာသိမ်းစစ်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရလို့စစ်သား ၅ ဦးသေဆုံး

May 18, 2026
ဓာတ်ပုံ - မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း

စလင်းမှာ ကင်းပုန်းဝပ်ဖို့လာတဲ့ အာဏာသိမ်းစစ်တပ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများပြား

May 17, 2026
ဓာတ်ပုံ - အာဏာရှင်တော်လှန်းရေး ပြည်သူ့တပ်မတော်

ကနီမြို့နယ်အတွင်းရှိ မုံရွာ-ယာကြီး-ကလေးလမ်းနဲ့ချင်းတွင်းမြစ်ကြောင်းကို ယာယီပိတ်

May 17, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page