Border News Agency
သီဟိုဠ်၊ ဧပြီ ၁၇။
သီဟိုဠ်ကျွန်းသည် အိန္ဒိယသမုဒ္ဒရာနိုင် ငံတကာရေကြောင်းပေါ်တွင်ရှိနေသော နိုင်ငံဖြစ်သည်။
သီဟိုဠ်ကျွန်းအကြောင်း ပြောမည်ဆိုပါက သီဟိုဠ်ကျွန်း၏တောင်ဘက် နိုင်ငံ တကာရေကြောင်း(The Main Route) ကိုလည်း ထည့်ပြောရမည်ဖြစ်သည်။
ကမ္ဘာ့အရှေ့ဘက်အခြမ်း တရုတ်၊ဂျပ န်၊အရှေ့တောင်အာရှမှ သင်္ဘောများနှင့် ကမ္ဘာ့အနောက်ဘက်အခြမ်း ဥရောပ၊ အာဖရိက၊အရှေ့အလယ်ပိုင်းမှသင်္ဘော များသည် သီဟိုဠ်ကျွန်း၏တောင်ဘက်စွန်းနားမှကပ်၍ပတ်မောင်းကြရသည်။
ထိုသို့အချက်အချာကျမှုကြောင့် ထိုလ မ်းကြောင်းသည် ကမ္ဘာ့အလုပ်အရှုပ်ဆုံးပင်လယ်ရေကြောင်းလမ်းမကြီးများထဲတွင် တခုဖြစ်နေသည်။
သီဟိုဠ်တောင်ဘက်စွန်းတွင် တရုတ်ရင်းနှီးမြုပ်နှံထားသောဟမ်ဘန်တိုတာ ဆိပ်ကမ်း(Hambantota Port)ရှိသည်။
ထိုဆိပ်ကမ်းအား တရုတ်က အိန္ဒိယသ မုဒ္ဒရာတွင်ဖြတ်သန်းသွားလာနေသော သင်္ဘောကြီးများကို ဝန်ဆောင်မှုပေး၍ အကျိုးအမြတ်ယူရန် ဗျူဟာမြောက် ရည်ရွယ်ထားသည်။
သီဟိုဠ်ကျွန်း၏မြောက်ဘက် အိန္ဒိယနှင့်နီးကပ်နေသော ရေလက်ကြားအား ပါ့ခ်ရေလက်ကြား(Palk Strait)ဟု ခေါ် သည်။
ထိုရေလက်ကြားတွင် အဒမ်တံတား (Adams Bridge)သိုမဟုတ် Ram Setu ဟုခေါ်သော သဲသောင်ခုံတန်းများနှင့် ကျောက်တန်းကြီးရှိနေသည်။
ထိုသို့သဲသောင်ခုံတန်းနှင့်ကျောက်တန်းကြီးကြောင့် ထိုရေလက်ကြားမှာ ရေ တိမ်နေသည်။ထိုရေလက်ကြား၏ နေ ရာအများစုတွင် ရေအနက်တမီတာမှဆယ်မီတာခန့်သာရှိသည်။
သို့ဖြစ်၍ သင်္ဘောကြီးများဖြတ်၍မရပေ။ကုန်သေတ္တာတင်သင်္ဘောကြီးများ (Cargo Ships)နှင့်ရေနံတင်သင်္ဘောကြီးများသည် ရေအနက် အနည်းဆုံးတဆယ်နှစ်မီတာမှတဆယ့်ငါးမီတာအထ က်ထိလိုအပ်သည်။ပါခ့်ရေလက်ကြား တွင် လှေငယ်များ၊ငါးဖမ်းသင်္ဘောငယ်များသာဖြတ်မောင်းကြသည်။
အိန္ဒိယအစိုးရက ထိုပါခ်ရေလက်ကြား ရေတိမ်နေသော ပြဿနာကို ဖြေရှင်းရန်ဆီတူဆမုဒရမ်သင်္ဘောတူးမြောင်း စီမံကိန်း(Sethusamudram Shipping Canal Project)ကို အကောင်အထည် ဖော်ရန် ကြိုးစားခဲ့ဖူးသည်။
ထိုစီမံကိန်းက ပါခ်ရေလက်ကြားတွင် တူးဖော်ကာ သင်္ဘောကြီးများဖြတ်သ န်း၍ရအောင်ပြုလုပ်မည့် စီမံကိန်းဖြစ် သည်။
သို့ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအရ သန္တာကျောက်တန်းများမှာ ဆိုးဆိုးဝါးဝါးပျက်စီးသွားမည်ဖြစ်သည်။ ဘာသာရေးအရထိုကျောက်တန်းမှာ ရာမမင်းသားတည်ဆောက်ခဲ့သော တံ တားဖြစ်သည်ဟုဆိုကာ ဟိန္ဒူဘာသာဝင်များက ထိုကျောက်တန်းကိုအထိမခံကြပေ။
သို့ဖြစ်၍နိုင်ငံတကာ သင်္ဘောကြီးများမှာ သီဟိုဠ်နှင့်အိန္ဒိယကြားက ပါခ်ရေ လက်ကြားကိုမဖြတ်နိုင်ဘဲသီဟိုဠ်တော င်ဘက်မှကွေ့ပတ်သွားနေကြခြင်းဖြစ် သည်။
သီဟိုဠ်၏တောင်ဘက်ဆိပ်ကမ်းများမှာ ပထဝီဝင်အရအလွန်အရေးပါသော နေရာတွင်ရှိနေခြင်းဖြစ်သည်။
ထိုတောင်ဘက်ဆိပ်ကမ်းများအား တ ရုတ်ဝင်တိုးလာသောအခါ သီဟိုဠ်သည်လည်း စူပါပါဝါကြီးများ၏အားပြိုင်မှုကြားရောက်သွားခဲ့သည်။
တရုတ်၊ အိန္ဒိယ၊ အမေရိကန်၏သီဟိုဠ် တွင်ရင်းနှီးမြုပ်နှံ့မှုကိုကြည့်ပါက စူပါ ပါဝါများ၏အားပြိုင်မှုများကို တွေ့ရမည်ဖြစ်သည်။
တရုတ်ရင်းနှီးမြုပ်နှံမှုများ
သီဟိုဠ်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများက အခြေခံအဆောက်အအုံကဏ္ဍများတွင် အဓိကရှိနေသည်။ဟမ်ဘန်တိုတာ ဆိပ်ကမ်း(Hambantota Port)မှာ သီ ဟိုဠ်တောင်ဘက်ခြမ်းမှာရှိ အကြီးဆုံး ဆိပ်ကမ်းစီမံကိန်းတခုဖြစ်သည်။
ထိုဆိပ်ကမ်းနား ရေပြင်ပေါ်မှ နိုင်ငံတကာသင်္ဘောများဖြတ်သန်းသွားရသည် ။ဟမ်ဘန်တိုတာဆိပ်ကမ်း (Hambantota Port)စီမံကိန်း၏နာမည် ကြီးမှုနောက်တမျိုးမှာတရုတ်က အ ကြွေးနှင့်သိမ်းပိုက်သွားသောဆိပ်ကမ်းအဖြစ်လည်းနာမည်ကြီးပါသည်။
လက်ရှိတွင် သီဟိုဠ်အစိုးရက အကြွေးပြန်မဆပ်နိုင်သည့်အတွက် တရုတ်ကုန် သည်ဆိပ်ကမ်းကုမ္ပဏီ( China Merchants Port Holdings)ကို ၉၉နှစ်ငှားရမ်းစာချုပ်ဖြင့်လွှဲပြောင်းပေးထားရသောစီမံကိန်းလည်းဖြစ်သည်။
နောက်ထပ် တရုတ်လက်တံတခုမှာကိုလံဘိုဆိပ်ကမ်းမြို့တော်(Colombo Port City)စီမံကိန်း ဖြစ်သည်။ကိုလံဘိုမြို့ကမ်းနားတွင် ပင်လယ်ကို မြေဖို့ပြီး တည်ဆောက်နေသောစီးပွားရေးဇုန်အသစ်ဖြစ်သည်။
ထိုဇုန်အသစ်က တရုတ်၏ခါးပတ်လမ်း Belt and Road Initiative(BRI)စီမံကိ န်းအောက်ရှိ အကြီးမားဆုံးသောရင်း နှီးမြှုပ်နှံမှုတခုဖြစ်သည်။
တရုတ်က ကိုလံဘိုဆိပ်ကမ်းအား နိုင်ငံ တကာပင်လယ်ရေကြောင်းကုန်သွယ်မှု တွင် သူ့ကြိုးကိုင်ထားနိုင်သော အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးနှင့်စီးပွားရေးအ ချက်အချာနေရာဖြစ်လာရန်ရည်ရွယ်ထားသည်။
ကိုလံဘိုဆိပ်ကမ်းမြို့တော်စီမံကိန်းနှင့် ဆက်စပ်၍ ကိုလံဘိုတောင်ဘက်ကွန်တိန်နာဆိပ်ကမ်း(Colombo South Container Terminal)စီမံကိန်းလည်းရှိနေသည်။
တရုတ်ကုမ္ပဏီက ရင်းနှီးမြှုပ်နှံတည် ဆောက်ထားကာ တောင်အာရှရေနက်ဆိပ်ကမ်းများတွင် တခုအပါအဝင်ဖြစ် လာမည့်အနေအထားတွင်ရှိသည်။
လျှပ်စစ်စွမ်းအင်နှင့်စက်မှုဇုန်များတည်ဆောက်ရေးတွင်လည်း တရုတ်ပါဝင်နေသည်။နိုရောချိုလိုင်း (Norochcholai)ကျောက်မီးသွေးဓာတ် အားပေးစက်ရုံမှာ သီဟိုဠ်၏လျှပ်စစ်လိုအပ်ချက် အမြောက်အမြားကို ဖြည့် ဆည်းပေးနေသောစက်ရုံဖြစ်ကာ တရု တ်နိုင်ငံ၏ချေးငွေဖြင့် တည်ဆောက်လည်ပတ်နေခြင်းဖြစ်သည်။
ထိုပြင် သယ်ယူပို့ဆောင်း နယ်ပါယ်များဖြစ်သော အမြန်လမ်းမကြီးများ (ဥပမာ- Southern Expressway)နှင့် မာတာလာရာဂျာပတ်ဆာအပြည်ပြည်ဆိုင်ရာလေဆိပ်(Mattala Rajapaksa International Airport)တည်ဆောက်ရေးတွင်လည်း တရုတ်ဘက်၏ရင်းနှီး မြှုပ်နှံမှု၊ချေးငွေနှင့်အခြားအကူအညီ အများအပြားကို ရယူထားသည်။
မာတာလာရာဂျာပတ်ဆာအပြည်ပြည်ဆိုင်ရာလေဆိပ်(Mattala Rajapaksa International Airport)ကား လည်ပတ်မှုအားနည်းသောကြောင့်”ကမ္ဘာ့အခြော က်သွေ့ဆုံးလေဆိပ်”ဟု အခေါ်ခံနေရသောနေရာဖြစ်သည်။
အိန္ဒိယ၏ရင်းနှီးမြုပ်နှံမှု
သီဟိုဠ်ရှိ အိန္ဒိယရင်းနှီးမြှုပ်နှံမှုများမှာ တရုတ်နှင့်မတူပေ။သို့သော် အိန္ဒိယဝင်တိုးသောနယ်ပါယ်များမှာ သီဟိုဠ်အတွ က်အရေးကြီးသောစွမ်းအင်၊နည်းပညာ ၊ခရီးသွားလုပ်ငန်း၊ပို့ဆောင်ရေးကဏ္ဍများတွင်ဖြစ်နေသည်။
အိန္ဒိယမှ သီဟိုဠ်၏စွမ်းအင်လိုအပ်ချ က်အားဖြည့်ဆည်းရန် စွမ်းအင်ကဏ္ဍ (Energy Sector)တွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံပေးထားသည်။
ထရင်ကိုမာလီး(Trincomalee)ရေနံသို လှောင်ကန်မှာ ဗျူဟာမြောက်အရေးပါသည့်အရာဖြစ်သည်။
ထိုရေနံသိုလှောင်ကန်များမှာ အိန္ဒိယရေ နံကုမ္ပဏီ(IOC)၏ပူးပေါင်းစီမံခန့်ခွဲမှု အောက်တွင်ရှိနေသည်။အိန္ဒိယ၏အာဒါနီအုပ်စု(Adani Group )ကုမ္ပဏီမှလေစွမ်းအင်စီမံကိန်းများတွင် ရင်းနှီးမြုပ်နှံထားသည်။
သီဟိုဠ်မြောက်ပိုင်းရှိမန်နာ(Mannar)နှ င့်ပုဏ္ဏားရင်(Pooneryn)နေရာများတွင် ဒေါ်လာသန်း ၄၄၀ ကျော်တန်ဖိုးရှိသော လေစွမ်းအင်လျှပ်စစ်ထုတ်လုပ်ရေးစီမံ ကိန်းများရှိနေသည်။နေရောင်ခြည်စွမ်း အင်တွင်လည်း အိန္ဒိယ၏ခြေတံလက် တံများရှိနေသည်။
အိန္ဒိယအမျိုးသားအပူစွမ်းအင်ကော်ပို ရေးရှင်း(NTPC)က နေရောင်ခြည်စွမ်း အင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် စိုင်းပြင်းနေသည်။
တရုတ်၏လွှမ်းမိုးမှုအပေါ် တန်ပြန်ရန် ကိုလံဘိုဆိပ်ကမ်းတွင် အိန္ဒိယခြေကုပ်ယူလာသည်။
ကိုလံဘိုဆိပ်ကမ်း၏အနောက်ဘက် ကွ န်တိန်နာဆိပ်ကမ်း(West Container Terminal (WCT))ကို အာဒါနီ အုပ်စု ( Adani Group)က ဦးဆောင်ရင်းနှီးမြှု ပ်နှံနေသည်။
သီဟိုဠ်၏မီးရထားလမ်းပိုင်းများအဆ င့်မြှင့်တင်ဖို့ ရထားတွဲများဝယ်ယူနိုင်ရန် အိန္ဒိယကချေးငွေ(Lines of Credit) များဖြင့် ကူညီရင်းနှီးမြှုပ်နှံနေသည်။
အိန္ဒိယဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်သော Airtel မှာ သီရိလင်္ကာဆက်သွယ်ရေးစျေးကွက်တွင်အဓိကနေရာက ပါ ဝင်ထားပြီး Airtel Sri Lanka ဆက်သွ ယ်ရေးလုပ်ငန်းကိုတည်ဆောက်ထားသ ည်။
သီဟိုဠ်၏ Digital ကတ်စနစ် (Unique Digital Identity)အတွက် အိန္ဒိယမှနည်းပညာ၊ရန်ပုံငွေအကူအညီပေးထားသ ည်။
ကိုလံဘိုမြို့တွင် အိန္ဒိယ၏နာမည်ကြီး ITC အုပ်စုက ဒေါ်လာ သန်း ၃၀၀ ကျော် ရင်းနှီးမြှုပ်နှံပြီးကာ ITC Ratnadipa Hotel အဆင့်မြင့်ဟိုတယ်ကြီးကို ဖွင့်ကာ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ် ငန်းများတွင် နေရာယူထားသည်။
Tata Motors နှင့် Mahindra ကဲ့သို့ အိန္ဒိယကုမ္ပဏီများက သီဟိုဠ်တွင် ကားတပ်ဆင်ရေးနှင့်ကားအရောင်းပြခန်းများ ဖွင့်ထားသည်။
အိန္ဒိယ၏ရင်းနှီးမြှုပ်နှံမှုများသည် များ သောအားဖြင့် သီဟိုဠ်အစိုးရနှင့်အစိုးရချင်းချိတ်ဆက်မှုထက် ပုဂ္ဂလိကကဏ္ဍ (Private Sector)ပူးပေါင်းဆောင်ရွက်မှုတွင် ပိုများနေသည်။
သီဟိုဠ်စီးပွားရေးအကြပ်အတည်းကာလအတွင်းအိန္ဒိယက အရေးပေါ် ကူညီများပေးခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံစီးပွား ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုအား ကောင်းလာခဲ့သည်။
အမေရိကန်၏ရင်းနှီးမြုပ်နှံမှု
အမေရိကန်ပြည်ထောင်စု၏သီဟိုဠ်ရှိ ရင်းနှီးမြှုပ်နှံမှုများမှာ တရုတ်၊ အိန္ဒိယကဲ့သို့အခြေခံအဆောက်အအုံတည် ဆောက်ရေးပိုင်းတွင်ပါဝင်မှုသိပ်မရှိပေ ။
သို့ရာတွင် အထည်အလိပ်၊စွမ်းအင်နှင့် ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့များတွင် အမေရိကန်၏လက်တံများကပိုရှည်နေသည်။
အမေရိကန်မှ တရုတ်အပေါ် တန်ပြန်သည့်အနေဖြင့် International Development Finance Corporation (DFC)စီမံကိန်းကို ရေးဆွဲထားသည်။
ထိုစီမံကိန်းထဲတွင်ကိုလံဘိုဆိပ်ကမ်းရှိ အနောက်ဘက်ကွန်တိန်နာဆိပ်ကမ်းစီ မံကိန်း(West Container Terminal – WCT)လည်းပါဝင်သည်။WCT စီမံကိန်းအတွက် အမေရိကန်က ဒေါ်လာ ၅၅၃ သန်းရင်းနှီးမြှုပ်နှံထားသည်။
ဤစီမံကိန်းသည် အိန္ဒိယ၏အာဒါနီအု ပ်စု( Adani Group)နှင့် ပူးပေါင်းဆောင် ရွက်မှုဖြစ်ကာ ဒေသတွင်း တရုတ်လွှမ်း မိုးမှုကိုတန်ပြန်ရန် ဗျူဟာမြောက်လုပ် ဆောင်ချက်ဖြစ်သည်။
အထည်အလိပ်နှင့်အဝတ်အထည်ကဏ္ဍ(Apparel Sector)တွင် အမေရိကန် သည် သီရိလင်္ကာ၏အကြီးဆုံးပို့ကုန်စျေးကွက်ဖြစ်သည်။ Victoria’s Secret,Gap,Nike စသော နာမည်ကြီး အမေရိကန်အမှတ်တံဆိပ်များမှာ သီ ဟိုဠ်ရှိ Brandix၊ MAS Holdings ကုမ္ပ ဏီကြီးများနှင့်ရေရှည်လက်တွဲကာရင်းနှီးမြှုပ်နှံထုတ်လုပ်နေကြသည်။
အမေရိကန်အခြေစိုက်စွမ်းအင်ကုမ္ပဏီဖြစ်သော( New Fortress Energy )သ ည် သီဟိုဠ်၏သဘာဝဓာတ်ငွေ့ (LNG) ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်သဘောတူညီချက်များ ရယူထားသည်။
သီဟိုဠ်၏လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအဆင့်မြှင့်တင်မှုတွင် အမေရိကန်၏အရေးပါမှုကို ဖော်ပြနေသည်။
အမေရိကန်၏( Sysco LABS)ကဲ့သို့ န ည်းပညာကုမ္ပဏီအချို့သည် သီဟိုဠ်တွ င် နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာန(R&D Centers)များဖွင့်ကာ နည်းပညာနှင့်ဝန် ဆောင်မှု(Tech & Services)အပိုင်းတွင် ဒေသခံလူငယ်ထောင်ပေါင်းများစွာကို အလုပ်အကိုင်ပေးထားသည်။ရင်းနှီး မြှုပ်နှံမှုတိုက်ရိုက်မဟုတ်သော ဖွံ့ဖြိုးရေးအကူအညီများတွင် USAIDမှတဆင့် သီဟိုဠ်၏စိုက်ပျိုးရေး၊အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း(SM E)များတွင် ဒေါ်လာသန်းပေါင်းများစွာ ကူညီပံ့ပိုးပေးထားသည်။
သီဟိုဠ်၌ အမေရိကန်၏ရင်းနှီးမြှုပ်နှံမှုပုံစံမှာ ပုဂ္ဂလိကလုပ်ငန်းများ(Private Sector)ကို အားပေးသောပုံစံဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း အိန္ဒိယနှင့်ပူးပေါင်းကာ ဆိပ်ကမ်းကဲ့သို့အခြေခံအဆောက်အအုံစီမံကိန်းများတွင် အမေရိကန်တိုးဝင်လာသည်။
အမေရိကန်မှ သီဟိုဠ်တွင် အစိုးရချင်း ချိတ်ဆက်မှုများ ပြုရသော စီမံကိန်းများကိုပိုမိုလုပ်ဆောင်ခဲ့သည်။ အမေရိကန်မည်သို့ပင်ဆိုစေ သီဟိုဠ်အတွက် ငြင်းဆန်ခွင့်မရှိသော အရေးအပါဆုံးသောစီးပွားဖက်နိုင်ငံအဖြစ် ရပ်တည်နေသည်။
ဤသို့ရင်းနှီးမြုပ်နှံမှုများ ရှိနေသည့်ကြားကပင် ၂၀၂၂ ခုနှစ်တွင် သီဟိုဠ်စီးပွားရေးပြိုလဲကာ ဒေဝါလီခံလိုက်ရသော ဘဝကို ရောက်သွားရသည်။
၂၀၂၂ခု နှစ်၊ သီဟိုဠ်စီးပွားရေးပြိုလဲမှုမှာ အစိုးရ၏စီမံခန့်ခွဲမှုလွှဲမှားမှုကြောင့်ဟုပြောဆိုကြသော်လည်း အိန္ဒိယ၊တ ရုတ်၊အမေရိကန်၏ပါဝါအားပြိုင်မှုအကျိုးဆက်လည်းဖြစ်သည်ဟု ဆိုကြသည်။
ဆက်ရန်…






