Border News Agency
အီရန်၊ဧပြီ ၁၈။
အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားကို ယာယီပြန်ဖွင့်ပေးလိုက်ပေမယ့် အမေရိကန်ဘက်က ရေကြောင်းကုန်သွယ်ရေး ပိတ်ဆို့မှုတွေကို အဆုံးမသတ်ဘူးဆိုရင် ရေလက်ကြားကို ပြန်ပိတ်ပစ်မယ်လို့ သတိပေးလိုက်ပါတယ်။
လက်ဘနွန်မှာ အပစ်အခတ်ရပ်စဲထားချိန်အတွင်း ရေနံနဲ့ကုန်တင်သင်္ဘောတွေ ဖြတ်သန်းနိုင်ဖို့ ရေလက်ကြားကို ယာယီပြန်ဖွင့်ပေးမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တာပါ။
သမ္မတထရမ့်ကလည်း ရေလက်ကြား ပြန်ဖွင့်တာကို အလွန်ကောင်းမွန်တဲ့နေ့ လို့ ဆိုရှယ်မီဒီယာမှာ ချီးကျူးခဲ့ပေမယ့် နှစ်ဖက်ကြား သဘောထားကွဲလွဲမှုတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။
အမေရိကန်ဘက်ကတော့ အီရန်နဲ့ အပေးအယူ ၁၀၀ ရာခိုင်နှုန်း အကောင်အထည်မဖော်နိုင်ခင်အထိ ရေကြောင်းပိတ်ဆို့မှုတွေကို အပြည့်အဝ ဆက်ထားဦးမယ်လို့ တုံ့ပြန်ထားတာကြောင့် အခြေအနေက ပြန်လည်တင်းမာလာနိုင်တဲ့ အလားအလာ ရှိနေပါတယ်။






