Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် သတင်း အာရက္ခဒေသ

အမိုးဖွင့်အကျဉ်းထောင်

Author picture

By

BNA Author
Reading Time: 3 mins read
0
A A
0
SHARES
38
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ ဧပြီ ၂၉။

ထွက်ခွာခွင့်နှင့်ပြန်လာခွင့်

လူသားတိုင်းသည်မိမိ၏ နိုင်ငံ(သို့မဟုတ်)အခြားနိုင်ငံများမှ “ထွက်ခွာခွင့်” ရှိသည်။ “မိမိနိုင်ငံသို့ ပြန်လာခွင့်လည်းရှိသည်။”ဟု လူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ် ၁၃ တွင် ဖော်ပြထားသည်။

နိုင်ငံတခုအတွင်း ဥပဒေနှင့်အညီရှိနေသောလူတိုင်းတွင် ထိုနိုင်ငံနယ်နိမိတ်အတွင်း၌ လွတ်လပ်စွာသွားလာခွင့်နှင့်လွတ်လပ်စွာနေထိုင်အခြေချခွင့်ရှိသည်။

လူသားတိုင်းသည် မိမိ၏နိုင်ငံ(သို့မဟုတ်)အခြားနိုင်ငံများမှ”ထွက်ခွာခွင့်”ရှိသည်။”လို့ အရပ်သားနှင့်နိုင်ငံရေးရပိုင်ခွင့်ဆိုင်ရာအပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်(ICCPR)အပိုဒ် ၁၂ မှာ ဖော်ပြထားသည်။

“ထွက်ခွာခွင့်နှင့်ပြန်လာခွင့်”မှာ လူ့အခွင့်အရေးဖြစ်သည်။ လူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ် ၁၃၊ အရပ်သားနှင့်နိုင်ငံရေးရပိုင်ခွင့်ဆိုင်ရာအပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်(ICCPR)အပိုဒ် ၁၂ စသည့် နိုင်ငံတကာစံနှုန်းများတွင် ထိုအခွင့်အရေးများကို အခိုင်အမာပြဋ္ဌာန်းထားသည်။

နိုင်ငံတကာစံနှုန်းအရအကန့်အသတ်များ

အဆိုပါ”ထွက်ခွာခွင့်”အခွင့်အရေးသည် အမြဲတမ်းအမှန်တရားမဟုတ်ပေ။

ဤနေရာ၌အမြဲတမ်းအမှန်မဟုတ်ဟု ဆိုခြင်းသည် နိုင်ငံတကာစံနှုန်းများအမြဲတမ်းမမှန်ဟုဆိုလိုနေခြင်းမျိုးတော့မဟုတ်ပေ။

“ထွက်ခွာခွင့်အခွင့်အရေး” အဓိပ္ပါယ်ဖွင့်ဆိုရာတွင် နိုင်ငံတကာစံနှုန်းများအရ အကန်အသတ်များထားရှိကာ အဓိပ္ပါယ်ဖွင့်ဆိုမှု ပြုထားခြင်းဖြစ်သည်ကို ဆိုလိုခြင်းဖြစ်ပေသည်။

အခွင့်အရေးဟူသည် “တရားမျှတမှု၊ အကျိုးအကြောင်းညီညွတ်မှု၊ ဥာဏ်ပညာ”အား တရားလက်လွတ်ဖြစ်စွာ ဘောင်ကျော်ခွင့်ရခြင်းလည်းမဟုတ်ပေ။

ထို “ထွက်ခွာခွင့်၊ပြန်လာခွင့်” အခွင့်အရေးနှင့်ပတ်သက်၍ အကန့်အသတ်များထားရှိခြင်းမှာလည်း ထိုနည်းလည်း ကောင်းပင်ဖြစ်သည်။

ထွက်ခွာခွင့်၊ပြန်လာခွင့်အပေါ် နိုင်ငံတကာစံနှုန်းအရအကန့်အသတ်များ

“ထွက်ခွာခွင့်၊ ပြန်လာခွင့်” အားကန့်သတ်မည်ဆိုပါက ထိုအကန့်အသတ်မှာတရားနည်းလမ်းကျသော ကန့်သတ်မှုဖြစ် ရန်လိုအပ်သည်။

ပိတ်ပင်ကန့်သတ်မှုသည် “နိုင်ငံ၏ကာကွယ်ရေးလိုအပ်ချက်အရလည်းကောင်း၊ တရားဥပဒေစိုးမိုးရေးအရလည်းကောင်း၊ ထွက်ခွာခွင့် သို့မဟုတ် ပြန်လာခွင့်ပေးလိုက်ပါက အခြားတယောက်၏(လွတ်လပ်ခွင့်၊ လုံခြုံခွင့်၊ လူမှုစီးပွားဘဝ)အားထိခိုက်သောကြောင့်လည်း ကောင်း၊ ထွက်ခွာခွင့်၊ ပြန်လာခွင့်ကြောင့် ထွက်ခွာသူသို့မဟုတ် ပြန်လာသူအပေါ်ထိခိုက်နာကျင်စေမှုရှိနိုင်၍လည်းကောင်း”စသဖြင့် ကန့်သတ်မှုအပေါ် ရည်ရွယ်ချက်မှာ ရှင်းလင်းပြတ်သား၍ အကျိုးအကြောင်းညီညွှတ်ရန်လိုပေသည်။

ဥပဒေကြောင်းအရတရားဝင်မှုရှိရန်လိုပေသည်။ ဥပဒေကြောင်းအရတရားဝင်မှုဆိုသည်မှာလည်း ရှင်းလင်းပြတ်သားမှု၊ တရားမျှတမှု၊အကျိုးအကြောင်းညီညွှတ်မှု၊ တရားနည်းလမ်းကျမှုစသည့် အချက်များပါနေခြင်းကို ဆိုလိုခြင်းဖြစ်သည်။

အကာအကွယ်ပေးသောဥပဒေလား၊ ဖိနှိပ်မှုယန္တရားလား

ဥပဒေတရပ်၊အမိန့်တရပ်တွင် “တရားမျှတမှု၊အကျိုးအကြောင်းညီညွှတ်မှု၊ တရားနည်းလမ်းကျမှု” ရှိရန်လိုအပ်သည်။

ဥပဒေတရပ်၊ အမိန့်တရပ်၏ အင်္ဂါရပ်များတွင် “အခွင့်အရေး၊ အကာအကွယ်၊ စောင့်ထိန်းလိုက်နာရမည့်ကျင့်ဝတ်စည်းမျဉ်းများ၊ တာဝန်များ၊ အကောင်အထည်ဖော်မှုများ၊ လိုက်နာရမည့်ကျင့်ဝတ်စည်းမျဉ်းများအားချိုးဖောက်ပါက ပြစ်ဒဏ်များ၊ ဥပဒေအမိန့်သက်ရောက်မှုနယ်ပါယ်နှင့်မသက်ရောက်သောနယ်ပါယ်များ၊ ခြွင်းချက်များ”စသဖြင့် ကျယ်ပြန့်စွာရှိရမည်ဖြစ်သည်။

ဥပဒေတရပ်၊ အမိန့်တရပ်၏အင်္ဂါရပ်တခုချင်းစီသည်ပင်လျှင် “တရားမျှတမှု၊ အကျိုးအကြောင်းညီညွှတ်မှု၊ တရားနည်းလမ်းကျမှု” ရှိရမည်ဖြစ်သည်။

ဥပဒေတရပ်၊ အမိန့်တရပ်ကို ဖော်ဆောင်ခြင်းသည် အင်္ဂါရပ်အစိတ်အပိုင်းတခုခုကိုသာအကောင်အထည်ဖော်ရသည်မဟုတ်ပဲ အင်္ဂါရပ်အစိတ်အပိုင်းအားလုံးကို အကောင်အထည်ဖော်ရခြင်းဖြစ်သည်။

(တာဝန်နှင့်စောင့်ထိန်းလိုက်နာရမည့်ကျင့်ဝတ်စည်းမျဉ်းများမပါသောအခွင့်အရေးသည်)အဓိပ္ပါယ်မရှိသကဲ့သို့ (အခွင့်အရေးမပါသောတာဝန်နှင့်အခွင့်အရေးမပါသောစောင့်ထိန်းလိုက်နာရမည့်ကျင့်ဝတ်စည်းမျဉ်းသည်)လည်းအဓိပ္ပါယ်မရှိပေ။

ဥပမာ – မိမိတို့၏အချုပ်အခြာအာဏာကိုကာကွယ်ရန်အတွက် မိမိတို့၏နယ် မြေထဲမှ ပြည်သူလူထုအားထွက်ခွာခွင့်ကို ကန့်သတ်ခြင်းအား ဥပဒေတရပ်၊ အမိန့်တရပ်၏ “တရားမျှတမှု၊ အကျိုးအကြောင်းညီညွှတ်မှု၊တရားနည်းလမ်းကျမှု” ဖြင့်ကြည့်ပါက အချုပ်အခြာအာဏာ သည် အဓိကအကြောင်းပြချက်ဖြစ်နေသည်။

အချုပ်အခြာအာဏာသည် အဓိကအချက်ဖြစ်နေ၍ အချုပ်အခြာအာဏာအား အဓိပ္ပါယ်ဖွင့်ဆိုရမည်ဖြစ်သည်။

အချုပ်အခြာအာဏာ၏အဓိပ္ပါယ်မှာ ပြည်သူလူထုအချင်းချင်းကြားတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ ဒီမိုကရေစီ၊လွတ်လပ်မှုများရှိနေစေရန် အပြန်အလှန်ကတိကဝတ်ပြုထားသောပဋိညာဉ်ဖြစ်သည်။

ထိုပဋိညာဉ်အပေါ် အသေးစိတ်အာမခံချက်မပါဘဲ၊ ပဋိညာဉ်အခွင့်အရေးလ ည်းမရှိဘဲဖြစ်နေသောအခြေအနေသည် ပြည်သူလူထုအတွက် အချုပ်အခြာအာဏာမဟုတ်၊ ပြည်သူလူထုအတွက် ထိန်းချုပ်ခံရသောအခြေအနေသာဖြစ်သည်။

မိမိအားထိန်းချုပ်ဖိနှိပ်ထားသောအခြေအနေကို မည်သည့်ပြည်သူမှနှစ်လိုမည်လည်းမဟုတ်ပေ။ ထိန်းချုပ်ဖိနှိပ်ထားသောအာဏာသည် အချုပ်အခြာ အာဏာမဟုတ်ပေ။ ထိန်းချုပ်ဖိနှိပ်ထားသောအာဏာသည် အချုပ်အခြာအာဏာဖြစ်လာရန်လည်း အကျိုးအကြောင်းညီညွှတ်မှုမရှိပေ။

နိုင်ငံတကာလူသားချင်းစာနာထောက် ထားမှုဥပဒေဖြစ်သော ဂျီနီဗာကွန်ဗင့်ရှင်း – ၄ သို့မဟုတ် ၁၉၄၉ ခုနှစ်တွင်ချ မှတ်ခဲ့သော စစ်ပွဲကာလအတွင်း အရပ် သားများအားကာကွယ်ပေးမှုဆိုင်ရာ ဂျီနီဗာကွန်ဗင့်ရှင်း၏အပိုဒ် – ၃၅ တွင်…။

“ပဋိပက္ခကာလများအတွင်း အကာအကွယ်လိုအပ်သောအရပ်သားပြည်သူလူထုတိုင်းတွင် ထိုပဋိပက္ခနယ်မြေထဲမှ ထွက်ခွာရန်ဆုံးဖြတ်ပါက နိုင်ငံ၏အ ကျိုးစီးပွားကို မထိခိုက်လျှင် ထွက်ခွာခွင့်ရှိသည်။”ဟု ပြဋ္ဌာန်းထားသည်။

ဤပြဋ္ဌာန်းချက်၌ “နိုင်ငံ၏အကျိုးစီးပွားကြောင့် “ဟူသောအချက်အပေါ်တွင် အကန့်အသတ်ရှိပေသည်။ ပြည်သူလူ ထု၏ထွက်ခွာမှုအပေါ် ထိုနယ်မြေအား ထိန်းချုပ်ထားသောသူတိုင်း(အစိုးရဖြစ်စေ၊အစိုးရမဟုတ်သည်ဖြစ်စေ ထိန်းချုပ်ထားသောသူတိုင်း)သည်”နိုင်ငံ၏ အကျိုးစီးပွားကြောင့်” ဟူသော စကားလုံးသက်သက်ကိုအသုံးချကာငြင်းပယ်ခြင်း(Blanket Denial)မျိုးကိုမလုပ်ရချေ။ တိကျသေချာသော အကြောင်းပြချက်ကိုပေးရမည်ဖြစ်ပြီး ထိုအကြောင်းပြချက်အားမကျေနပ်ပါက ဥပဒေကြောင်းအရအရေးဆိုခွင့်အဆင့်ဆင့်ကိုလည်း ပေးထားရမည်ဖြစ်သည်။

အကျိုးအကြောင်းဆီလျော်မှုအရ “ပြည်သူလူထု၏ထွက်ခွာခွင့်အား” ကန့်သတ်ပါက ကန့်သတ်ရသောအကြောင်း တရားသည် “အချုပ်အခြာအာဏာအတွက်ဟုဆိုလျှင် ကန့်သတ်ခံရသော ပြည်သူလူထုတွင် ထိုအချုပ်အခြာအာဏာသည် မိမိတို့၏ကိုယ်ပိုင်ပြဋ္ဌားန်းခွ င့်၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်တို့ကို မည်သို့မည်ပုံအသေးစိတ်ပုံဖော်ပေးသော အချုပ်အခြာအာဏာ ဟုတ်/မဟုတ်ကို မေးခွန်း ထုတ်ခွင့်ရှိသည်။

“ပြည်သူလူထု၏ထွက်ခွာခွင့်အား” ကန့် သတ်ရသောအကြောင်းတရားသည် လွတ်လပ်ခွင့်အတွက်ဆိုပါက အဆိုပါ လွတ်လပ်ခွင့်တွင် မိမိတို့အတွက် အာမ ခံချက်ရှိ၊ မရှိ” ကို ပြည်သူလူထုတွင် မေးခွန်းထုတ်ခွင့်ရှိသည်။

“ပညာတတ်များ၏ထွက်ခွာခွင့်အား” ပြန်လည်တည်ဆောက်ရေးတွင် ပညာတတ်များ၏ အင်အားကိုလိုအပ်သည့်အတွက်ဟု အကြောင်းပြပါက” တည်ဆောက်ရမည့်မူဝါဒနှင့်ပတ်သက်၍ ပညာတတ်များတွင်မေးခွန်းထုတ်ခွင့်ရှိသည်။

ပြည်သူလူထု၏ ဆန္ဒအမှန်ဖြစ်မှုနှင့်မေတ္တာစေတနာအား အမိန့်အာဏာဖြင့်ဖန်တီး၍မရပေ။

အမိန့်အာဏာဖြင့်ဖန်တီးပါက ပြည်သူလူထု၏ဆန္ဒနှင့် မေတ္တာစေတနာအားရမည်တော့မဟုတ်ပေ။

အခွင့်အရေးသမားများနှင့် သာပေါင်းညာစားအုပ်စုအနည်းငယ်၏ဟန်ပြမေတ္တာကိုသာရမည်ဖြစ်သည်။

ပွင့်လင်းလွတ်လပ်သောပုံစံအခင်းအကျင်းအောက်မျိုးမဟုတ်သော ထိန်းကွပ်ခံ အကြောက်တရားရှိနေသောအခြေအနေအောက်တွင် လူထု၏အသံဆိုသည်မှာလည်း ကွက်ကျော်ရိုက်ဝါဒဖြန့်မှုသာ ဖြစ်နေပေလိမ့်မည်။

ပြည်သူလူထု၏ထွက်ခွာခွင့်အား “ဘေးအန္တရာယ်ကင်းစေရန်အတွက်” ပိတ်ပင်ရသည်ဟုအကြောင်းပြလျှင် ထွက်ခွာခွင့်မရသောနယ်မြေ၏ဘေးကင်းလုံ ခြုံမှုကိုလည်း ပြည်သူလူထုတွင် ဆန်း စစ်ခွင့်ရှိသည်။

ပြည်သူလူထု၏ထွက်ခွာခွင့်အပေါ် န ယ်မြေအားထိန်းချုပ်ထားသူတိုင်းသည် “အချုပ်အခြာအာဏာအတွက်၊တ ည်ဆောက်ရေးအတွက်၊လွတ်လပ်မှုအတွက်” စသဖြင့် အကြောင်းပြချက်များကို အကျိုးအကြောင်းညီညွှတ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊တရားနည်းလမ်းကျမှုများမပါဘဲ စိတ်ထင်တိုင်းပိတ်ပင်ထားခြင်း(Arbitrary Detention)မျိုးနှင့် အကြောင်းပြချက်မဲ့ငြင်းပယ်ခြင်း(Blanket Denial)မျိုးကို ပြုလုပ်နေ၍မရပေ။

နိုင်ငံတကာစံနှုန်းများအရ တရားမျှတမှုရှိသောဥပဒေအမိန့်များက အချုပ်အခြာအာဏာကိုကာကွယ်ရန်၊ နိုင်ငံကိုတည်ဆောက်ရန်အတွက် ချမှတ်ကျင့်သုံးခွင့်ရှိပေသည်။

တရားမျှတမှုရှိသောဥပဒေ၊ အမိန့်များဖြင့် စစ်မှုထမ်းခြင်းမျိုး၊ အမှုထမ်းခြင်းမျိုးကို ကျင့်သုံးခွင့်ရှိပေသည်။

သို့ရာတွင် မည်မျှပင်တရားမျှတမှုရှိသော ဥပဒေ၊ အမိန့်များကို ထုတ်ထားစေ။ လက်ရှိမြေပြင်အနေအထာတွင်…။

၁။ ပြည်သူလူထုအားခွဲခြားဖိနှိပ်မှုကိုပြုလုပ်ခြင်းဖြစ်သော(ဘာသာစကား၊ လေယူလေသိမ်း၊ နယ်မြေဒေသ၊ ယဉ်ကျေးမှု၊ ဘာသာရေး၊အတွေးအမြင်အပေါ်တွင်အခြေခံ၍လည်းကောင်း၊ လုပ်ပိုင်ခွင့်အားအသုံးချ၍လည်းကောင်း အောက်ခြေအာဏာပိုင်များ၏ ခွဲခြားဆက်ဆံမှုများရှိနေခြင်း၊ ထိုသို့ခွဲခြားဆက်ဆံမှုအား ဆက်လက်ဖြစ်ပွားနေသည်ကိုတမင်တကာလျစ်လျူပြုထားခြင်း)။

၂။ ပြည်သူလူထုအား အကျပ်အတည်းများအောက်တွင် နေခိုင်းခြင်းသဘောမျိုးဖြစ်သော(ဗုံးကြဲခံရနိုင်မှု၊ စားဝတ်နေရေးအကျပ်အတည်းဆိုက်မှု၊လူလု ပ်ကပ်ဘေးသင့်မှု၊ သဘာဝကပ်ဘေးသင့်မှု၊ ကျန်းမာရေးဆိုင်ရာကူးစက်ရောဂါဖြစ်မှု၊လူမှုစီးပွားဘဝပျက်သုဥ်မှုစသ ည့်နယ်မြေများတွင်စစ်ရေး၊ နိုင်ငံရေးအရအသုံးချရန် အာဂျင်တာအတွက်နေခိုင်းခြင်း)။စသည့်အချက်များ ရှိနေပြီး ထိုကဲ့သို့ ကပ်ဘေးသင့်နယ်မြေထဲမှ လူထု၏ထွက်ခွာခွင့်အား “ဥပဒေအရ၊ အမိန့်အရ၊ တာဝန်အရ”ဟုဆိုကာ တားမြစ်ပိတ်ပင်မှုသည်လည်း နိုင်ငံတကာလူ သားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်။

ပြည်သူလူထုအား အမိုးဖွင့်အကျဉ်းထောင်(Open Air Prison)ထဲတွင် ထည့်ထားခြင်းပင်ဖြစ်သည်။

နိုင်ငံတကာလူသားချင်းစာနာထောက် ထားမှုဥပဒေကို ချိုးဖောက်ခြင်းသည် မှုခင်း၏မူရင်းနေရာတွင် တရားမစွဲဆိုနိုင်ပါက အခြားနေရာတွင် တရားစွဲဆို၍ရသောနိုင်ငံတကာနယ်လွန်တရားစီရင်မှု(Universal Jurisdiction)အောက်တွင်ရှိနေသည့်အမှုမျိုးဖြစ်သည်။

ထွက်ခွာခွင့်၊ပြန်လာခွင့်နှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာအလုပ်သမားများအဖွဲ့ချုပ်(ILO)တွင်လည်း ပဋိညာဉ်များရှိသေးသည်။

ILOပဋိညာဉ်လွမ်းခြုံထားသောနယ် မြေပေါ်တွင် မည်သည့်လက်နက်ကိုင်အ ဖွဲ့အစည်းမဆို ထိုပဋိညာဉ်အပေါ်တွင် လေးစားလိုက်နာရန်တာဝန်ရှိသည်။

ခြေထောက်ဖြင့်ဆန္ဒထုတ်ဖော်ခြင်း

ပြည်သူလူထုသည် နိုင်ငံရေးအခြေအနေတခုအား မနှစ်သက်သောအခါ၊ ထိုအခြေအနေကိုလည်း အပြောင်းအလဲဖြစ်ရန်ပတ်ဝန်းကျင်အခြေအနေလည်း မရှိသောအခါ ထိုနိုင်ငံရေးအခြေအနေကို မနှစ်သက်ကြောင်း ဆန္ဒအပေါ် အကောင်းဆုံးထုတ်ပြမှုသည် ထိုအခြေအနေအောက်မှထွက်ခွာခြင်းပင်ဖြစ်သည် ။

ထိုစကားလုံးအား Voting with Their Feet သို့မဟုတ် ခြေထောက်ဖြင့်မဲပေးခြင်းဟုခေါ်သည်။

လူထု၏ဆန္ဒအပေါ် အသိအမှတ်ပြုမှုမပါသောမည်သည့် နိုင်ငံရေးအာဂျင်တာမှမအောင်မြင်တတ်ချေ။

လူထုအား အမိုးဖွင့်အကျဉ်းထောင်တွင်ထည့်ထားပြီး လောကကိုအလှဆင်၍မရချေ။

လက်ရှိအရှိတရားအရ နိုင်ငံတကာလူသားချင်းစာနာမှုယန္တရားများသည် ပဋိပက္ခများဖြစ်နေသည့်အချိန်တွင် အကာအကွယ်ပေးနိုင်ခြင်းအားနည်းပေသည်။

သို့ရာတွင် နိုင်ငံတကာအဆင့် ရာဇဝတ်မှုဖြင့်တရားစွဲဆိုခံရပါက နိုင်ငံရေးအနာဂတ်သာယာသော ခေါင်းဆောင်မျိုးလည်း မရှိသေးချေ။

PrevPrevious​ကျောက်တော်မှာ မိုးကြိုးပစ်ခံရလို့ ကျောင်းဆရာတဦး သေဆုံး
Nextအာရက္ခဒေသကိုစစ်ကော်မရှင်တပ်က လေကြောင်းဗျူဟာနဲ့အရပ်သားတွေကို ပစ်မှတ်ထားနေNext
Previous Post

​ကျောက်တော်မှာ မိုးကြိုးပစ်ခံရလို့ ကျောင်းဆရာတဦး သေဆုံး

Next Post

အာရက္ခဒေသကိုစစ်ကော်မရှင်တပ်က လေကြောင်းဗျူဟာနဲ့အရပ်သားတွေကို ပစ်မှတ်ထားနေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဓာတ်ပုံ - ဂန့်ဂေါခရိုင်စစ်ဌာန

ဆောမှာ စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီး စစ်သုံ့ပန်းနဲ့လက်နက်တွေ သိမ်းမိ

August 16, 2026

အာဏာသိမ်းစစ်ခေါင်းဆောင်ရုရှားသို့ သွားမယ်

August 16, 2026
​ဓာတ်ပုံ - Arakan Princess Media

ဘူးသီးတောင်က မြိုလူမျိုးတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေး

August 16, 2026
​(ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်က အရပ်သားတဦးကို ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားစဥ်/ပုံဟောင်း)

ကျောက်ထုမှာ စစ်တပ်က အရပ်သားတွေကိုဖမ်းပြီး ကြီးရွာသို့ဦးတည်နေ

August 16, 2026

ငါးသိန်းလေးသောင်းကျော်သာ နေရပ်စွန့်ခွာသွားကြတယ်လို့ စစ်ကောင်စီဆို

နေရပ်စွန့်ခွာသူအရေး နှစ်နိုင်ငံဖြေရှင်းရမယ်လို့ အာဏာသိမ်းစစ်တပ်ပြော

အကြမ်းဖက်လုပ်ရပ်ကျူးလွန်သူလေးထောင်ကျော်ရှိနေ

အင်ဒိုနီးရှားငလျင်ကြောင့် သေဆုံးသူနှစ်ဆယ်အထိမြင့်တက်လာ

အိန္ဒိယနိုင်ငံရဲ့ ၈၀ ကြိမ်မြောက် လွတ်လပ်ရေးနေ့

ရခိုင်လုံခြုံရေးတိုးတက်ကောင်းမွန်မှ ပြန်လက်ခံမယ်

Releated Post

ငါးသိန်းလေးသောင်းကျော်သာ နေရပ်စွန့်ခွာသွားကြတယ်လို့ စစ်ကောင်စီဆို

August 15, 2026

နေရပ်စွန့်ခွာသူအရေး နှစ်နိုင်ငံဖြေရှင်းရမယ်လို့ အာဏာသိမ်းစစ်တပ်ပြော

August 15, 2026

အကြမ်းဖက်လုပ်ရပ်ကျူးလွန်သူလေးထောင်ကျော်ရှိနေ

August 15, 2026

အင်ဒိုနီးရှားငလျင်ကြောင့် သေဆုံးသူနှစ်ဆယ်အထိမြင့်တက်လာ

August 15, 2026
​ဓာတ်ပုံ - Times of India

အိန္ဒိယနိုင်ငံရဲ့ ၈၀ ကြိမ်မြောက် လွတ်လပ်ရေးနေ့

August 15, 2026
ဓာတ်ပုံ - BNA

ရခိုင်လုံခြုံရေးတိုးတက်ကောင်းမွန်မှ ပြန်လက်ခံမယ်

August 15, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page