Border News Agency
ကျောက်တော်၊ ဧပြီ ၂၉။
ကျောက်တော်မြို့နယ်မှာ ဧပြီလ ၂၈ ရက်၊မနေ့က မိုးကြိုးပစ်ခံရလို့ ကျောင်းဆရာတဦးသေဆုံးသွားတယ်လို့ သိရပါတယ်။
အဲဒီကျောက်တော်မြို့၊ နဂူမေကုန်းတန်းမြောက်ရပ်ရွာမှ အသက်လေးဆယ်ငါးနှစ်အရွယ်ကိုဆန်းလှိုင်သေဆုံးသွားခဲ့တာပါ။
သူဟာ ဂုတ်ပီထောင့်ကျေးရွာကို ဆိုင်ကယ်နဲ့သွားနေချိန် လမ်းမှာမိုးကြိုးထိမှန်ခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။
ကျောက်တော်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့နှစ်ကလည်း မိုးကြိုးဘေးကြောင့် ကလေးငယ်တွေအပါအဝင် သေဆုံးမှုတွေ ရှိခဲ့ဖူးပါတယ်။
အာရက္ခဒေသမှာခုလက်ရှိ မိုးသည်းထန်စွာရွာသွန်းနေပြီး နေ့လည်နဲ့ညနေပိုင်းအချိန်တွေမှာလေပြင်းတိုက်ခတ်တာ၊ မိုးကြိုးပစ်တာနဲ့ မိုးသီးကြွေတာမျိုးတွေ ဖြစ်ပေါ်နိုင်လို့ အထူးသတိပြုကြဖို့ လိုအပ်တယ်လို့ မိုးလေဝါသပညာရှင်တွေက သတိပေးထားပါတယ်။
မိုးဦးအစ နေ့အပူချိန်မြင့်မားနေချိန်မှာဖြစ်ပေါ်လာတဲ့ မိုးတိမ်တောင်တွေဟာ အသက်အန္တရာယ်ရှိတဲ့ မိုးကြိုးဘေးကိုပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။
ပြည်သူတွေအနေနဲ့ မိုးသက်လေပြင်းကျရောက်ချိန်မှာ လုံခြုံမှုမရှိတဲ့သစ်ပင်ကြီးတွေ၊ လျှပ်စစ်ဓာတ်အားလိုင်းတွေနဲ့ ဟင်း
လင်းပြင်တွေမှာ နေထိုင်တာမျိုးကို ရှောင်ကြဉ်ရမှာပါ။
အဲဒီအပြင်လယ်ကွင်းပြင်တွေမှာ အလုပ်လုပ်နေသူတွေအနေနဲ့ လျှပ်စီးလက်တာနဲ့ မိုးခြိမ်းတာတွေရှိလာရင် လုံခြုံတဲ့ အ
ဆောက်အအုံအတွင်း အမြန်ဆုံးခိုလှုံကြဖို့ တိုက်တွန်းထားပါတယ်။
ကမ်းရိုးတန်းတလျှောက် ငါးဖမ်းလှေတွေနဲ့ ရေကြောင်းသွားလာသူတွေအနေနဲ့လည်း ပင်လယ်ပြင်အခြေအနေကို အမြဲမပြတ် စောင့်ကြည့်ရမှာပါ။
လေပြင်းတိုက်ခတ်မှုကြောင့် ရုတ်တရက်လှိုင်းကြီးတာမျိုးတွေ ဖြစ်ပေါ်နိုင်လို့ ဘေးကင်းရာမှာ နေထိုင်ကြဖို့နဲ့ မိုးလေဝသသ
တင်းတွေကို ဂရုတစိုက်နားထောင်ကြဖို့ လိုလည်းလိုအပ်ပါတယ်။






