Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

မြေယာ၊ပဋိပက္ခနှင့်ကုလသမဂ္ဂ – ၁၄

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
6
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ဇွန် ၆။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြေနှင့်ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု။

ခ.၈။မြေယာပဋိပက္ခနှင့်ပဋိပက္ခဆက်နွယ်မှုများကိုဖြေရှင်းရန် မြေပြင်တွင်အ လုပ်ဖြစ်လက်တွေ့ကျသောလုပ်ငန်းစဉ်နည်းလမ်းများကို သုံးစွဲခြင်း။

ကုလသမဂ္ဂအဖွဲ့အစည်းများ၊အဖွဲ့ဝင်များနှင့်ဆက်စပ်အဖွဲ့အစည်းများမှာ မြေယာပဋိပက္ခနှင့်ပဋိပက္ခဆက်နွယ်မှုများကိုကိုင်တွယ်ရန် မြေပြင်တွင် အလုပ်ဖြစ်ကာ လက်တွေ့ကျသောလုပ်ငန်းစဉ်များကို ရှာဖွေစုဆောင်းရမည်ဖြစ်သည်။

ထိုသို့ရှာဖွေရာတွင် လက်ရှိကျင့်သုံးနေဆဲနည်းလမ်းများအလေ့အထများသည် ကုလသမဂ္ဂ၏မဏ္ဍိုင်သုံးရပ်နှင့် အံဝင်ဆီလျှော်မှုရှိစေရန်လည်းလိုအပ်သည်။

လုပ်ကိုင်ဆောင်ရွက်နိုင်သောနည်းလမ်းအသစ်များသည်ပဋိပက္ခ၏အစိတ်အပိုင်းများကို ကိုင်တွယ်နိုင်ရန် ယခင်လုပ်နည်းကိုင်နည်းများမှပြောင်းရပြုရလွယ်ခြင်း၊တိုးတက်သောလက္ခဏာရှိခြင်း၊နည်းလမ်းဟောင်းများထဲမှကောင်း မွန်သောအချက်များ၊အံဝင်ဆီလျှော်ခြ င်းစသည့်အချက်များနှင့်ပြည့်စုံရမည်ဖြစ်သည်။

  • အချက်အလက်မျှဝေခြင်း၊အချက်အ လက်စုဆောင်းခြင်း၊အချက်အလက်အားအသုံးချခြင်း။

မြေယာပဋိပက္ခနှင့်ပဋိပက္ခဆက်နွယ်မှုများ၊ပဋိပက္ခ၏နောက်ဆက်တွဲဖြစ်ရပ်များစသည့်နှင့်ပတ်သက်၍အချက်အ လက်များအား စီမံခန့်ခွဲမှုကို အထောက်အပံ့ပေးရန်လိုသည်။

ထိုအချက်အလက်များအားစီမံခန့်ခွဲနိုင်ရန်အတွက် နိုင်ငံတနိုင်ငံ၏တပြည်လုံးအတိုင်းအတာအဆင့်တွင် မြေယာအချ က်အလက်များ၊ဒေတာဘေစ့်များ၊ဒေ သန္တရအစိတ်အပိုင်းအလိုက်အချက်အလက်နှင့်မြေပုံ(Geo-spatial data & mapping)များအား မျှဝေမှုများတွင် တိုးတက်မှုများရှိနေရမည်ဖြစ်သည်။

ထိုသို့အချက်အလက်များနှင့်ဖြစ်စဉ်ဖြစ်ရပ်မှတ်တမ်းများသည် ပဋိပက္ခများမဖြစ်စေရန်အတွက် ပြင်ဆင်နိုင်ရန်အသိကြိုပေးခြင်း၊ပဋိပက္ခအပေါ် ခွဲခြမ်းစိတ်ဖြာ ဆင်ခြင်သုံးသပ်ခြင်း၊မြေပြင်အရှိတရားများအားမှတ်တမ်းယူခြင်း၊ အစီရင်ခံခြင်း၊ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခြင်း၊ကုလသမဂ္ဂ၏ယန္တရားများ၊အဖွဲ့ဝင်များနှင့်ကုလသမဂ္ဂမဟုတ်သောအဖွဲ့အစည်းများစသည့်ယန္တရားများကြားတွင် ညှိနှိုင်းခြင်း၊ပေါင်းစပ်ခြင်းများကိုဆောင်ရွက်ရာတွင် အသုံး ချသင့်သည်။

-အားကောင်း၍အခြေအနေနှင့်ဖိအားကို ခံနိုင်ရည်ရှိသောအချက်အလက်စု ဆောင်းမှုနည်းစနစ်ဆိုင်ရာဗေဒရှိခြင်း။

မြေပြင်ရှိဖြစ်စဉ်ဖြစ်ရပ်များကို စုဆောင်းမှု၊ထိုဖြစ်စဉ်ဖြစ်ရပ်များကို ခွဲခြမ်းစိတ်ဖြာမှု၊နိုင်ငံအလိုက် ဖြစ်စဉ်ဖြစ်ရပ်များကိုအစီရင်ခံတင်ပြမှုများတွင် ပဋိ ပက္ခ၏အစိတ်အပိုင်းများမှ ဦးတည်ရာအညွှန်းပြနေမှုများကကုလသမဂ္ဂ၏ မြေယာဆိုင်ရာ ဦးတည်ချက်၊ရည်မှန်း ချက်များကိုမည်သို့ရိုက်ခတ်ရာရှိကြောင်း စောင့်ကြည့်အကဲဖြတ်ချက်များလ ည်းပါဝင်ရမည်ဖြစ်သည်။

ထိုသို့အချက်အလက်စုဆောင်းမှုများတွင် မြေယာပဋိပက္ခကြောင့် ကုလသမဂ္ဂ၏စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုရည်မှန်း ချက်အပေါ် မျက်ကွယ်ပြုနေမှု၊ကုလ သမဂ္ဂ၏ရည်မှန်းချက်ကို ထိခိုက်နေမှုများနှင့်အမျိုးသမီးများအား ဖယ်ကျဉ်ထားမှုများကိုပါ ထည့်သွင်းကောက်ယူရမည်ဖြစ်သည်။

  • နေရာစွန့်ခွာရမှုနှင့်မြေယာ၊အိုးအိမ်အခွင့်အရေး။

နေရပ်စွန့်ခွာရသူများအတွက် ၎င်းတို့နေရပ်စွန့်ခွာမှုမဖြစ်ပေါ်ခင်ကပင် ရှိနေသော အိုးအိမ်၊မြေယာဆိုင်ရာအထော က်အထားများကို ခိုင်မာအောင်လုပ်ပေးနိုင်ရမည်ဖြစ်သည်။

အဆိုပါမှတ်တမ်းအထောက်အထားများက မိမိနေရပ်သို့ပြန်လာနိုင်ရန်အား ထုတ်မှုများတွင် အထောက်အကူဖြစ်မ ည်ဖြစ်သည်။

ထို့သို့မှတ်တမ်းအထောက်အထားများကို ခိုင်မာအောင်ပြုလုပ်ပေးမှုနှင့်မိမိနေရပ်သို့ပြန်လာရန် အားထုတ်မှုများသည် နေရပ်စွန့်ခွာမှုကြောင့်ဖြစ်လာသောမြေ ယာဆိုင်ရာပြဿနာအကျိုးဆက်ကိစ္စရပ်ဖြစ်သည်။

အဆိုပါအခြေအနေမျိုးအား ပဋိပက္ခ ၏အစိတ်အပိုင်းများအဖြစ် ခွဲခြမ်းစိတ် ဖြာသုံးသပ်သင့်သည်။

ထိုကဲ့သို့အခြေအနေမျိုးများနှင့်သက်ဆိုင်သောမြေယာများအတွက် လက်တွေ့ကျသောနည်းလမ်းများ၊လုပ်နည်းကိုင်နည်းများကို ပြုပြင်ရှာဖွေရေးဆွဲယူရမည်ဖြစ်သည်။

ထိုနည်းလမ်းများ၊လုပ်နည်းကိုင်နည်းများက ဖရီးဟိုလ်အထောက်အထားများကို ဥပဒေကြောင်းအရအသိအမှတ်ပြုပေးရမည်ဖြစ်သည်။

  • နေရပ်စွန့်ခွာမှုနှင့်ဖရီးဟိုလ်အထောက် အထားများ။

(ဖရီးဟိုလ်အထောက်အထားဆိုသည်မှာမြေယာအားပိုင်ဆိုင်မှုအပေါ် အသုံး ချမှုပုံစံအရလည်းကောင်း၊အချိန်ကာ လအားဖြင့်လည်းကောင်းအဆိုပါအ မျိုးအစားများဖြင့် မြေပိုင်ဆိုင်မှုကို ကန့်သတ်ထားကာအခွန်ဆောင်စေခြင်း၊ သက်တမ်းတိုးခြင်းစသည့်အချက်များ
တခုတလေမှမရှိသော၊ကင်းစင်သော “မြေကိုပိုင်ဆိုင်မှု”အထောက်အထားဖြ စ်သည်။

ဥပမာ – ဘိုးဘွားပိုင်မြေများ၊အခွန်လွတ်မြေများသည် ဖရီးဟိုလ်(Freehold)ပုံစံရှိသော မြေများဖြစ်သည်။

ထိုသို့မဟုတ်ဘဲ မြေအား အခွန်ဆောင်နေရခြင်း၊သက်တမ်းတိုးရခြင်းရှိပါက ၎င်းမြေကို(Leasehold)ပုံစံ မြေဟုခေါ်သည်။)

မြေယာနှင့်သက်ဆိုင်သောနည်းလမ်းများ၊လုပ်နည်းကိုင်နည်းများသည် မြေယာပိုင်ဆိုင်မှုအခွင့်အရေးအမျိုးမျိုးကို ဥပဒေကြောင်းအရ အသိအမှတ်ပြုနိုင်ရမည်ဖြစ်သည်။

ထိုပြင်ဖရီးဟိုလ်ပုံစံပိုင်ဆိုင်မှုထက် ကျော်လွန်သော တောင်းဆိုမှုများကိုလည်း ထိုနည်းလမ်းများ၊လုပ်နည်းကိုင်နည်းများက အသိအမှတ်ပြုနိုင်ရမည်ဖြစ်သည်။

ထိုသို့အသိအမှတ်ပြုရန်အတွက် ဒေသန္တရ၏ကဏ္ဍတခုချင်းအလွှာလိုက်အချက်အလက်(Geospatial Data)များကို အသုံးချကာ ပဋိပက္ခနှင့်နေရပ်စွန့်ခွာရမှုများအား ခြေရာပြန်ကောက်၍ဆော င်ရွက်နိုင်ရမည်ဖြစ်သည်။

  • နိုင်ငံတည်ဆောက်ရေးရလဒ်နှင့်မြေယာ

မြေယာနှင့်ပတ်သက်သောစည်းမျဉ်းများ၊လုပ်နည်းကိုင်နည်းများ၊မြေယာ ဆိုင်ရာအုပ်ချုပ်စီမံမှုများသည် နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်အရ အားထု တ်မှုများထဲတွင်ပင် ရှိနေရမည့်အချက်များဖြစ်သည်။

အောက်ပါအချက်များသည် နိုင်ငံတည် ဆောက်ရေးဖြစ်စဉ်တလျှောက်တွင် ဆောင်ရွက်ရမည့် မြေယာဆိုင်ရာ အုပ် ချုပ်စီမံမှုများလည်းဖြစ်သည်။

(က)- ပဋိပက္ခကာလ၊အကြပ်အတည်းအများဆုံးကာလနှင့်စိန်ခေါ်ချက်ကြီးမားသော အတိမ်းအစောင်းမခံနိုင်သောကာလများတွင်ပင် မြေယာဆိုင်ရာအ ထောက်အထားများ၊လူထုပိုင်ဆိုင်မှုမှ တ်တမ်းများ၊မြေယာမှတ်ပုံတင်စာရင်းများကို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားဖျက်ဆီးခြင်းမှ အကာအကွယ်ပေးရမည်။

(ခ)-အဆိုပါ စည်းမျဉ်းများ၊လုပ်နည်းကိုင်နည်းများနှင့်မြေယာအုပ်ချုပ်စီမံမှုများက မိမိနေရပ်ကို ပြန်လာခွင့်နှင့် မြေ ယာပိုင်ဆိုင်ခွင့်ကို အာမခံပေးထားရမ ည်ဖြစ်သည်။

ပဋိပက္ခကာလအတွင်းတွင် ပြန်လာသည်ဖြစ်စေ၊ပဋိပက္ခဇာတ်ရှိန်မြင့်ကြာရှ ည်နေသောအခြေအနေများတွင်ဖြစ်စေ မိ မိနေရပ်သို့ ပြန်လာရန်အတွက် မည်သည့်အချိန်တွင်မဆို ပုံစံမျိုးစုံ၊နည်းမျိုးစုံဖြင့် ပြန်လာရန်ရွေးချယ်စရာများစွာပေးထားရမည်ဖြစ်သည်။

ထိုအချိန်များ၌ပင် နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်များ၌ မြေယာပိုင်ဆိုင်မှု အရှိတရားအပေါ် လုံလစိုက်ကာ အကောင်အထည်ဖော်ရမည်ဖြစ်သည်။

လုံလစိုက်ကာအကောင်အထည်ဖော်ခြင်းဆိုရာတွင် ကျားမခွဲခြားမှုမရှိဘဲ မြေယာဆုံးရှုံးခဲ့ပါက ထိုသူများကို လျော်ကြေး၊နစ်နာကြေးပေးခြင်း၊ပြန် လည်ထူထောင်ပေးခြင်းတို့ကိုပါ ထည့်သွင်းဆောင်ရွက်ရမည်ကို ဆိုလိုခြင်းဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။

PrevPreviousမကွေးမှာပျူစောထီး ၇၀ ကျော် ဖမ်းမိ
Nextအီရန်ဒရုန်းနဲ့ ဒုံးကျည်တွေကို အမေရိကန်တပ်သားတွေပစ်ချNext
Previous Post

မကွေးမှာပျူစောထီး ၇၀ ကျော် ဖမ်းမိ

Next Post

အီရန်ဒရုန်းနဲ့ ဒုံးကျည်တွေကို အမေရိကန်တပ်သားတွေပစ်ချ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

စစ်ခေါင်းဆောင်ပြောင်းပြီးနောက် ပြည်သူတွေအပေါ် ဖိနှိပ်မှုပိုဆိုး

July 28, 2026

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဆိုတာ…

July 28, 2026
ဓာတ်ပုံ - အာရက္ခပြည်သူ့ကျန်းမာရေးဌာန

ပြည်သူတွေကို အာရက္ခကျန်းမာရေးဌာန သွားစမ်းသပ်ကုပေး

July 28, 2026

ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေလာရင်းနှီးဖို့ အာဏာသိမ်းခေါင်းဆောင်ဖိတ်

July 28, 2026

မလေးရှားမှာ ယူအန်ဆက်ရှိဖို့ပြန်သုံးသပ်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး သတိပေး

စစ်ခေါင်းဆောင်ပြောင်းပြီးနောက် ပြည်သူတွေအပေါ် ဖိနှိပ်မှုပိုဆိုး

ဂျပန်-မြန်မာစီးပွားရေးပေါင်းလုပ်မယ့် သဘောတူစာချုပ်လေးခု လက်မှတ်ထိုး

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဆိုတာ…

ပြည်သူတွေကို အာရက္ခကျန်းမာရေးဌာန သွားစမ်းသပ်ကုပေး

ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေလာရင်းနှီးဖို့ အာဏာသိမ်းခေါင်းဆောင်ဖိတ်

Releated Post

မလေးရှားမှာ ယူအန်ဆက်ရှိဖို့ပြန်သုံးသပ်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး သတိပေး

July 28, 2026

စစ်ခေါင်းဆောင်ပြောင်းပြီးနောက် ပြည်သူတွေအပေါ် ဖိနှိပ်မှုပိုဆိုး

July 28, 2026

ဂျပန်-မြန်မာစီးပွားရေးပေါင်းလုပ်မယ့် သဘောတူစာချုပ်လေးခု လက်မှတ်ထိုး

July 28, 2026

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဆိုတာ…

July 28, 2026
ဓာတ်ပုံ - အာရက္ခပြည်သူ့ကျန်းမာရေးဌာန

ပြည်သူတွေကို အာရက္ခကျန်းမာရေးဌာန သွားစမ်းသပ်ကုပေး

July 28, 2026

ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေလာရင်းနှီးဖို့ အာဏာသိမ်းခေါင်းဆောင်ဖိတ်

July 28, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page