Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်တွေခရိုင် ဆောင်းပါး ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသမီးကဏ္ဍ အာရက္ခဒေသ

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဆိုတာ…

Author picture

By

Swe Zin Htike
Reading Time: 2 mins read
0
A A
0
SHARES
6
VIEWS
Share on FacebookShare on Twitter

​Border News Agency
ပုဏ္ဏားကျွန်း၊ ဇူလိုင် ၂၉။

​အမျိုးသမီးတွေအပေါ် အကြမ်းဖက်တယ်ဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါ မုဒိမ်းကျင့်လူသတ်တဲ့ကိစ္စကိုသာ ခေါ်တာမဟုတ်ပါဘူး။

​အမျိုးသမီးတွေအပေါ် ရုပ်ပိုင်း၊စိတ်ပိုင်း၊လိင်ပိုင်းဆိုင်ရာကိုထိခိုက်အောင်ပြုလုပ်တာ၊အနိုင်ကျင့်တာ၊တရားမျှတမှုမရှိတာ၊ကျူးလွန်တဲ့ကိစ္စရပ်တိုင်းဟာလည်း အမျိုးသမီးတွေအပေါ် တနည်းနည်းနဲ့အကြမ်းဖက်ရာရောက်ပါတယ်။

​မုဒိမ်းကျင့်၊လူသတ်မှု၊ရက်စက်ကြမ်းကြုတ်မှုတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ တောင်းဆိုကြတာကတပိုင်းပါ။

​အမျိုးသမီးတွေကို အကြမ်းဖက်တယ်ဆိုတဲ့ ဖွင့်ဆိုချက်ဟာ မုဒိမ်းမှု၊လူသတ်မှုထက်မက ကျယ်ဝန်းပါတယ်။

​မုဒိမ်းမှု၊လူသတ်မှုလို အသက်ခန္ဓာကို ဆုံးရှုံးသွားတဲ့ဖြစ်စဉ်မျိုးဟာ လူ့အဖွဲ့အစည်းတခုကို အပြင်းအထန်ရှော့ခ်ရစေပေမယ့် အဲဒီလိုရှော့ခ် ဖြစ်တဲ့အဆင့်မျိုးထိ မဟုတ်ပေမယ့် အမျိုးသမီးတွေကိုရုပ်ပိုင်းဆိုင်ရာအရ ဒဏ်ရာမဲ့တဲ့အကြမ်းဖက်မှုတွေ (Invisible And Woundless Violence) ကတော့လူ့ပတ်ဝန်းကျင်မှာ တရားမျှတမှုကို တောင်းဆိုဖို့အတွက် တိမ်မြုပ်နေဆဲပါ။

​ရုပ်ပိုင်းဆိုင်ရာဒဏ်ရာမဲ့အကြမ်းဖက်မှု (Invisible And Woundless Violence)

​အမျိုးသမီးတွေအပေါ် နှိမ့်ချဆက်ဆံတာ၊တရားမျှတမှုကို ပိတ်ပင်တာ၊တန်းတူညီမျှမှုရှိတဲ့ ဥပဒေစနစ်တွေကို မျက်ကွယ်ပြုထားတာတွေဟာ ဒဏ်ရာမဲ့တဲ့အကြမ်းဖက်မှုတွေ ဖြစ်ပါတယ်။

​အဲဒီလိုဒဏ်ရာမဲ့ အကြမ်းဖက်မှုတွေအတွက် တရားမျှတမှုကိုတောင်းဆိုဖို့ ပျက်ကွက်နေတာဟာ လူသတ်မုဒိမ်းမှုလို ဆိုးဝါးတဲ့ပြစ်မှုတွေ ပေါ်လာဖို့အတွက် ရေခံမြေခံမျိုးကို တဖက်တလမ်းက ဖန်တီးနေသလိုဖြစ်နေပါတယ်။

​အဲဒီနေရာမှာ လူ့အဖွဲ့အစည်းကို ဦးဆောင်သူတွေ၊ပုံရိပ်ရှိတဲ့သူတွေရဲ့ အပြုအမူနဲ့အတွေးအခေါ်ဟာလည်း အဓိကရိုက်ခတ်ပါတယ်။

​”အမျိုးသမီးတွေနဲ့ပတ်သက်ပြီး ဘယ်သူ ဘယ်အဆင့်က ဘယ်လိုဆက်ဆံတယ်။”၊ “ဘယ်လို ပြုမူတယ်။” ဆိုတဲ့ အပြုအမူတွေဟာ သာမန် လူပုဂ္ဂိုလ်တဦးချင်းစီရဲ့ ပုဂ္ဂလိကနယ်ပယ်ထဲက ကိစ္စမဟုတ်တော့ဘဲ လူ့အဖွဲ့အစည်းတခုရဲ့ အမူအကျင့် (Institutional Behavior)မျိုးကို ရောက်သွားနိုင်ပါတယ်။

​အိမ်ထောင်ရေးဖောက်ပြန်မှု၊လူမှုကျင့်ဝတ်ချိုးဖောက်မှုနဲ့ပတ်သက်ပြီး ကျူးလွန်ခံရတဲ့အမျိုးသမီးတွေအပေါ် ဥပဒေကြောင်းအရ ရပိုင်ခွင့်တွေကိုဖော်ဆောင်ဖို့နဲ့ ကျင့်ဝတ်ပျက်ကွက်မှုတွေကို ထိန်းကျောင်းဖို့ အင်စတီကျူးရှင်းအလိုက်ပျက်ကွက်နေရင်လည်း ဒါဟာအင်စတီကျူးရှင်းဆိုင်ရာအမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပါပဲ။

​တော်လှန်ရေးနဲ့စစ်ပွဲကာလတွေမှာ လူ့အဖွဲ့အစည်းတခုဟာ နယ်ပယ်အစုံမှာ ထိခိုက်နစ်နာမှုတွေရှိပါတယ်။

​ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့မှု၊ အရွယ်မတိုင်မီ အိမ်ထောင်ပြုမှု၊ အတင်းအကျပ်လက်ထပ်မှု၊ အတင်းအကျပ်ကွာရှင်းမှု၊ ရာဇဝတ်မှုနဲ့ လူမှုအသိုင်းအဝန်းအတွင်းမလုံခြုံမှု၊ အကြမ်းဖက်မှုတွေက အကျိုးဆက်အနေနဲ့ရှိလာပါတယ်။

​နောက်ပြီးစစ်ပွဲနဲ့ပဋိပက္ခကာလတွေမှာ အမျိုးသားတွေရဲ့အခန်းကဏ္ဍဟာ သဘာဝတရားအရ ရှေ့ကိုရောက်လာလေ့ရှိပါတယ်။

​အဲဒီလိုအမျိုးသားတွေရဲ့အခန်းကဏ္ဍဟာ ရှေ့ကိုရောက်လာတဲ့အခါ ဘယ်လိုပဲပြောပြောတရားမျှတမှုနဲ့ လူ့ဂုဏ်သိက္ခာအပေါ် “ကျင့်ဝတ်အရ လေးစားမှု၊ ကာကွယ်မှု၊ စောင့်ရှောက်မှု”ဆိုတဲ့ သဘောတရားတွေကို မျက်ကွယ်မပြုဖို့လည်း လိုပါတယ်။

​ဖိုဝါဒီ လွှမ်းမိုးစနစ် (Patriarchal System)

​စစ်ပွဲနဲ့ပဋိပက္ခကာလတွေမှာ အမျိုးသားတွေဟာ လူမှုအဖွဲ့အစည်းရဲ့ အဓိက အခွင့်အာဏာ၊အခွင့်ထူးတွေနဲ့အရင်းအမြစ်တွေကို ပိုထိန်းချုပ်ခွင့်ရလာတတ်ပါတယ်။

​အဲဒီအခြေအနေမှာ အမျိုးသမီးတွေကို တဖြည်းဖြည်းနဲ့မူဝါဒ၊ဆုံးဖြတ်ချက်ချပိုင်ခွင့်နယ်ပယ်တွေကဖယ်ကျဉ်ထားတဲ့ လူမှုအဆောက်အအုံ (Social Structure)ဖြစ်လာတတ်ပါတယ်။

​အဲဒီလို လူမှုအဖွဲ့အစည်းရဲ့ထိပ်ပိုင်းက လူပုဂ္ဂိုလ်တွေ၊အဖွဲ့အစည်းတွေမှာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍ တဖြည်းဖြည်းနဲ့ ဘေးရောက်လာတာနဲ့အမျှ အောက်ခြေလူမှုအဆောက်အအုံတွေ ဖြစ်တဲ့မိသားစု၊အိမ်ထောင်ရေး၊ လူမှုပတ်ဝန်းကျင်တွေမှာလည်း Misogyny ဆိုတဲ့အမျိုးသမီးတွေရဲ့သိက္ခာ၊ဂုဏ်ပုဒ်နဲ့ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တွေကို ပစ်မှတ်ထားနှိမ့်ချပုတ်ခတ်တတ်တဲ့ အမူအကျင့်၊ စံနှုန်းတွေနဲ့ အယူအဆတွေဟာလည်း တပြိုင်နက် ခေါင်းထောင်လာပါတော့တယ်။

​အဲဒါတွေဟာ အမျိုးသမီးတယောက်ချင်းစီအပေါ် အသက်အရွယ်မရွေးခြိမ်းခြောက်ခံလာရတဲ့ လူမှုပတ်ဝန်းကျင် အလေ့အထ(Social Habits)ထိ ဖြစ်သွားနိုင်ပြီး နောက်အနာဂတ်မှာ လူ့အဖွဲ့ အစည်းတခုအတွက် ဒဏ်ရာဒဏ်ချက်တွေ၊လူမှုမတည်ငြိမ်မှုတွေထိ ဖြစ်သွားနိုင်ပါတယ်။

​အဲလိုသာဖြစ်လာခဲ့ရင် အမျိုးသမီးတွေဟာ လူသားအဖြစ်အသိအမှတ်ပြုမှုကဆုံးရှုံးပြီး ကြက်ခြံထဲက ကြက်တွေလို အဆင့်သာသာပဲ အမြင်ခံသွားရနိုင်ပါတယ်။

​ဘာကြောင့်ဆို Misogyny ဟာ လူ့အဖွဲ့အစည်းတခုရဲ့ အလေ့အထဖြစ်လာတဲ့အခါ အမျိုးသမီးတွေမှာ မိမိကိုယ်ခန္ဓာကို ကိုယ်ပိုင်ဆိုင်မှု (Bodily Autonomy) ဟာ ပျောက်ကွယ်သွားပါတော့တယ်။

​အဲဒီလို (Bodily Autonomy) တွေ ဖျောက်ဖျက်ခံလိုက်ရတဲ့ လူမှုအဖွဲ့အစည်းစံနှုန်းတွေ၊အမျိုးသားတွေ ထိန်းချုပ်မှုအောက်ရောက်သွားတဲ့ နိုင်ငံရေးစနစ် အယူအဆတွေဟာ ဒီကမ္ဘာကြီးမှာရှိနေပါတယ်။

​အမျိုးသမီးတဦးမှာ သူမရဲ့ ခန္ဓာကိုယ်၊သူမရဲ့ဘဝအပြောင်းအလဲနဲ့ သူမရဲ့အနာဂတ်အပေါ် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် (Bodily Autonomy)ဟာ အမျိုးသားတွေနဲ့အခွင့်အရေး တန်းတူရှိပါတယ်။

​အဲဒီအခွင့်အရေးကို ပစ်ပယ်တဲ့၊ကန့်သတ်တဲ့၊ဖျက်ဆီးတဲ့အမူအကျင့်အပြုအမူတိုင်းဟာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုမြောက်ပါတယ်။

​စစ်ပွဲကာလ၊ပဋိပက္ခကာလနဲ့ တော်လှန်ရေးကာလတွေမှာ အမျိုးသားတွေရဲ့ အခန်းကဏ္ဍတွေဟာ ရှေ့ကိုရောက်နေတာ မှန်ပါတယ်။

​အမျိုးသမီးအခွင့်အရေးဆိုတာ အမျိုးသားတွေရဲ့အခန်းကဏ္ဍကို ချေဖျက်တဲ့သဘောမျိုးလို့လည်း တဖက်သတ် အဓိပ္ပာယ်မထွက်ဖို့လည်း လိုပါတယ်။

​ဒါပေမယ့်စစ်ပွဲကာလ၊ပဋိပက္ခကာလနဲ့ တော်လှန်ရေးကာလတွေမှာ အမျိုးသားတွေရဲ့ အခန်းကဏ္ဍတွေဟာ ဘယ်လိုပဲ ရှေ့ကိုရောက်နေပါစေ အမျိုးသမီးတဦးချင်းစီရဲ့ (Bodily Autonomy) ကို ဖျက်ဆီးတဲ့ အပြုအမူ ဓလေ့စရိုက်တွေဟာလည်း လူ့အဖွဲ့အစည်းနဲ့ တော်လှန်ရေးမှာ မထွန်းကားလာဖို့လိုပါတယ်။

PrevPreviousပြည်သူတွေကို အာရက္ခကျန်းမာရေးဌာန သွားစမ်းသပ်ကုပေး
Nextဂျပန်-မြန်မာစီးပွားရေးပေါင်းလုပ်မယ့် သဘောတူစာချုပ်လေးခု လက်မှတ်ထိုးNext
Previous Post

ပြည်သူတွေကို အာရက္ခကျန်းမာရေးဌာန သွားစမ်းသပ်ကုပေး

Next Post

ဂျပန်-မြန်မာစီးပွားရေးပေါင်းလုပ်မယ့် သဘောတူစာချုပ်လေးခု လက်မှတ်ထိုး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - အာရက္ခတပ်တော်(ပုံဟောင်း)

အဉ္ဇနပူရ​မြို့နယ်ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ခုနှစ်ဦးဒဏ်ရာရ

September 28, 2026
​ဓာတ်ပုံ - AA Info Desk

အာရက္ခဒေသအနှံ့စစ်တပ်ကြောင့် သမိုင်းဝင်ဘုရားသိမ်၊ကျောင်းတွေနဲ့အိမ်တွေပျက်စီး

September 28, 2026

ထုတ်ဖော်ပြောဆိုခွင့် ပျောက်ဆုံးနေဆဲ အာရက္ခဒေသက ဘဝတွေ

September 28, 2026
ဓာတ်ပုံ-AA

အာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)

September 27, 2026

အာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)

မြန်မာတော်လှန်ရေးတပ်တွေကို လေ့ကျင့်ပေးခဲ့တယ်လို့စွပ်စွဲခံရတဲ့ နိုင်ငံခြားသားခုနှစ်ဦးအိမ်ပြန်ခွင့်ရ

အိန္ဒိယနဲ့နီပေါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုလို့ လူ၆၈ ဦးသေဆုံး

သက်တမ်းနှစ်ဆယ်ကျော်ယာဉ်ဟောင်းတွေကို EV နဲ့ အစားထိုးတင်သွင်းခွင့်ပြု

ဖာပွန်ခရိုင်တိုက်ပွဲမှာ စစ်တပ်ထံမှလက်နက်ခုနှစ်လက် KNLA သိမ်းဆည်းမိ

ဆောမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံး

Releated Post

ဓာတ်ပုံ-AA

အာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)

September 27, 2026
​Ref/Photo - India Today

မြန်မာတော်လှန်ရေးတပ်တွေကို လေ့ကျင့်ပေးခဲ့တယ်လို့စွပ်စွဲခံရတဲ့ နိုင်ငံခြားသားခုနှစ်ဦးအိမ်ပြန်ခွင့်ရ

September 27, 2026
Ref/​Photo - AFP/Reuters

အိန္ဒိယနဲ့နီပေါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုလို့ လူ၆၈ ဦးသေဆုံး

September 27, 2026
ဓာတ်ပုံ-BNA

သက်တမ်းနှစ်ဆယ်ကျော်ယာဉ်ဟောင်းတွေကို EV နဲ့ အစားထိုးတင်သွင်းခွင့်ပြု

September 27, 2026
​ဓာတ်ပုံ - KNU

ဖာပွန်ခရိုင်တိုက်ပွဲမှာ စစ်တပ်ထံမှလက်နက်ခုနှစ်လက် KNLA သိမ်းဆည်းမိ

September 27, 2026

ဆောမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံး

September 27, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page