Border News Agency
နေပြည်တော်၊ ဇူလိုင် ၂၉။
ဂျပန်နဲ့မြန်မာနှစ်နိုင်ငံအကြား စီးပွားရေးပေါင်းလုပ်မယ့် နားလည်မှုစာချွန်လွှာ (MoU)လေးခု လက်မှတ်ထိုးခဲ့ပါတယ်။
ရန်ကုန်မြို့၊မင်းဓမ္မလမ်းမှာရှိတဲ့ မြန်မာကွန်ဗင်းရှင်းစင်တာမှာ ဇူလိုင်လ ၂၈ ရက်နေ့ကကျင်းပခဲ့တဲ့ မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်မှာ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းတွေ လက်မှတ်ထိုးခဲ့ကြတာပါ။
အဲဒီနည်းပညာပူးပေါင်းဆောင်ရွက်ရေးအတွက် ဝါးခယ်မ Trading ကုမ္ပဏီလီမိတက်နဲ့ Fruit’s World Foundation PTE ကုမ္ပဏီလီမိတက်နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးခဲ့ကြပါတယ်။
အဲဒီအပြင် စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ Carbon Credit ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်ရေးအတွက် Double Island MS ကုမ္ပဏီလီမိတက်၊ Green Carbon International ကုမ္ပဏီလီမိတက်နဲ့ Myanmar Paddy Producer Association လက်မှတ်ထိုးခဲ့ကြတာပါ။
နောက်ပြီး Myanmar Tourism Bank နဲ့ Fruit’s World Foundation PTE ကုမ္ပဏီလီမိတက်လည်း နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးခဲ့ကြပါတယ်။









