Border News Agency
ကျောက်တော်၊ ဇူလိုင် ၂၈။
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေရှိ စစ်ဘေးရှောင်ပြည်သူတွေသွားရောဂါဝေဒနာရှင်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ သွားနဲ့ခံတွင်းဆရာဝန်တွေဦးဆောင်ပြီး အခမဲ့စမ်းသပ်ကုပေးနေပါတယ်။
အဲဒီစစ်ရှောင်သွားရောဂါဝေဒနာရှင် တရာ့နှစ်ဆယ်ကို စမ်းသပ်ကုသပေးခဲ့ပြီး အဲဒီအထဲမှလူနာရှစ်ဆယ်ငါးယောက်ကို သွားနှုတ်၊သွားဖာပေးခဲ့ပါတယ်။
အဲဒီစစ်ရှောင်ပြည်သူတွေအပါအဝင် တခြားသွားရောဂါဝေဒနာရှင်တွေကိုလည်း အခမဲ့စမ်းသပ်ကုပေးနေပါတယ်။
အဲဒီသွားရောဂါလူနာရှင်တွေအပါအဝင် မျက်စိခွဲစိတ်ကုသပေးတာ၊ကာကွယ်ဆေးထိုးပေးတာ၊မိခင်နဲ့ကလေးကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးတွေ၊အခြေခံဆေးကုသပေးတာနဲ့ အထွေထွေရောဂါကုသပေးတာတွေလုပ်ပေးနေပါတယ်။











