Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် အာရက္ခဒေသ

နိုင်ငံတကာစောင့်ကြည့်မှုတွေကြားက အာရက္ခမြေယာပြဿနာ – ၂

Author picture

By

BNA Author
Reading Time: 3 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ဇွန် ၈။

ICJ ကြားဖြတ်အမိန့်နဲ့အာရက္ခမြေယာ

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) ကြားဖြတ်အမိန့်(Provisional Measures)ဟာ လူမျိုးတုန်းသတ်ဖြတ်မှု၊လူအုပ်စုတစုကိုမြေပေါ်က ရှင်းလင်းဖယ်ရှားမှုအတွက် မြေပြင်ပေါ်မှာ မူလသက်သေခံလက္ခဏာတွေ ဆက်ရှိနေဖို့ အတွက်လည်းပါတာကြောင့် မြေယာကိစ္စနဲ့ပါ ပတ်သက်မှုရှိလာပါတယ်။

အဲဒီစွန့်ခွာမြေနေရာတွေပေါ်မှာ မူလသက်သေခံလက္ခဏာတွေ ပျောက်ပျက်သွားစေမယ့် မြေညှိတာ၊ပုံစံပြောင်းလဲတာ၊စီမံကိန်းအသစ်တွေအကြီးအကျယ်လုပ်တာ၊တခြားနေရာကပြည်တွင်းနေရပ်စွန့်ခွာသူတွေ(IDPs)၊စစ်ဘေးရှောင်တွေကိုနေရာချတာတွေကို လုပ်ဆောင်ရင် လုပ်ဆောင်တဲ့ဘယ်သူမဆို အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ရဲ့ ကြားဖြတ်အမိန့်ကို ချိုးဖောက်ရာရော က်တာကိုလည်း သတိပြုဖို့လိုပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က အပြီးသတ်စီရင်ချက်ချမှတ်ပြီးရင်တောင် အမိန့်ကို အကောင်အထည်ဖော်မှုအတွက် နောက်ဆက်တွဲ တရားရုံးကြားနာပွဲတွေဆက်ရှိနေမှာဖြစ်လို့”မြေပြင်ပေါ်မှာ မူလသက်သေခံလက္ခဏာတွေဆက်ရှိနေဖို့”အချက်ဟာ တရားမျှတမှုအတွက် အင်မတန်အရေးကြီးပါတယ်။

“မြေပြင်ပေါ်က မူလသက်သေခံလက္ခဏာတွေ ပျက်သွားနိုင်သလား”

ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် မြေပြင်ပေါ်က မူလသက်သေခံလက္ခဏတွေ ပျက်သွားနိုင်​ခြေရှိပါတယ်။ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) တရားခွင်ထဲမှာ ဂမ်ဘီယာက အဲဒါနဲ့ပတ်သက်ပြီး ငြင်းကွယ်လို့မရတဲ့ ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းတွေ(Satellite Imagery)နဲ့မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောနိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့(IIFFMM)ရဲ့အစီရင်ခံစာတွေကို သက်သေအဖြစ် တရားရုံးတော်ကို အဓိကတင်သွင်းခဲ့ပါတယ်။

၂၀၁၇ ခုနှစ်ဖြစ်စဉ်တွေအပြီးမှာ ရိုဟင်ဂျာရွာပေါင်း ၃၉၂ ရွာမီးရှို့ဖျက်ဆီးခံခဲ့ရသလို ရွာလုံးကျွတ်ဖျက်ဆီးခံရပြီး ၂၀၁၈ ခုနှစ်အတွင်းမှာ အဲဒီမီးလောင်ပြင်တွေကို မြေညှိပစ်တာမျိုးတွေကို ဂြိုဟ်တုဓာတ်ပုံတွေနဲ့ထင်ထင်ရှားရှားပြသနိုင်ခဲ့ပါတယ်။

အဆောက်အအုံတွေ၊အိမ်ခြေရာတွေ၊သစ်ပင်တွေနဲ့ ရွာရဲ့မူလလက်ရာတွေကို အစအနမကျန်အောင် မြေညှိဖျက်ဆီးပစ်လိုက်တာဟာ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့”ပြစ်မှုကျူးလွန်ရာနေ ရာ(Crime Scenes)”က မူလအထောက်အထားသက်သေခံပစ္စည်းတွေကို တမင်တကာဖျောက်ဖျက်ပစ်တာဖြစ်တယ်လို့ ဂမ်ဘီယာက လျှောက်လဲခဲ့ပါတယ်။

ဂမ်ဘီယာနိုင်ငံရဲ့ဦးဆောင်ရှေ့နေဖြစ်သူ ပါမောက္ခဖိလစ်ဆန်းဒ်(Philippe Sands)က တရားရုံးမှာ ရိုဟင်ဂျာတွေ ထွက်ပြေးသွားရတဲ့ ကညင်ချောင်း၊အင်းဒင်၊မြို့သူကြီး၊မြင်းလွတ်စတဲ့ကျေး ရွာတွေရဲ့မြေနေရာတွေပေါ်မှာ မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေအတွက် နယ် ခြားစောင့်ရဲစခန်းတွေ၊စစ်တပ်စခန်းတွေနဲ့အစိုးရရဲ့ဌာနဆိုင်ရာအဆောက်အအုံသစ်တွေ တိုးချဲ့ဆောက်လုပ်ထားတာကို ဂြိုဟ်တုဓာတ်ပုံတွေကတဆင့် သက်သေပြခဲ့ပါတယ်။

ပြီးရင် မူလရိုဟင်ဂျာပိုင်မြေနေရာတ ချို့နဲ့သူတို့စွန့်ခွာသွားတဲ့ လယ်ကွင်းပြင်တွေမှာ ဒေသခံရခိုင်တိုင်းရင်းသားတချို့နဲ့တခြားအခြေချသူ(ဗုဒ္ဓဘာသာဝင်)တွေအတွက် အိမ်ရာသစ်တွေ ဆော က်လုပ်ပေးပြီး နေရာချထားပေးနေတာတွေ၊ကုန်သွယ်ရေးဇုန်တွေ၊ငါးဖမ်းလုပ် ငန်းဇုန်တွေနဲ့ အစိုးရဦးဆောင်တဲ့ ရခိုင် ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ပြန် လည်နေရာချထားရေး၊ဖွံ့ဖြိုးရေးစီမံ ကိန်း(Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine-UEHRD)အောက်က အဆော က်အအုံတွေကို မူလရွာဟောင်းတွေမှာ ဆောက်လုပ်နေတယ်လို့ ဆိုပါတယ်။

အဲဒါဟာ ရိုဟင်ဂျာတွေနေရပ်ပြန်လာနိုင်မယ့်အခွင့်အရေးကို လုံးဝပိတ်ပင်လိုက်တာဖြစ်သလိုလူဦးရေအချိုးအ စားကို တမင်ပြောင်းလဲပစ်တာဖြစ်တယ်လို့လည်း သူက အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တရားခွင်မှာ တင်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောနိုင်ငံ တကာအချက်အလက်ရှာဖွေရေးအဖွဲ့(IIFFMM)က ထောက်ပြခဲ့တဲ့ရခိုင်ဒေသ ရင်ဆိုင်လာရမယ့် မြေယာပြဿနာတွေ

မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောနိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့(IIFFMM)ရဲ့ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ် အစီရင်ခံစာအပြည့်အစုံတွေထဲမှာ ရိုဟင်ဂျာတွေတင်မကဘဲ ရခိုင်ပြည်နယ်အတွင်းရှိ တခြားလူနည်းစုတွေခံစားခဲ့ရတဲ့ဒုက္ခတွေနဲ့မြေယာသိမ်းဆည်းမှု၊ပုံ စံပြောင်းလဲမှုကိစ္စရပ်တွေကို အသေး စိတ်အချက်အလက်တွေနဲ့တကွ ထည့် သွင်းဖော်ပြထားပါတယ်။

တခြားလူနည်းစုတွေအပေါ် သက်ရောက်မှုဒုက္ခတွေ

၂၀၁၇ ခုနှစ်၊သြဂုတ်လ ၂၅ ရက်နေ့မှာအာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်(ARSA)ရဲ့ တိုက်ခိုက်မှုကြောင့် မောင်တောမြောက်ပိုင်းရှိ မြို၊သက်၊ဒို င်းနက်အပါအဝင် လူမျိုးစုတွေဟာ နေထိုင်ရာကျေးရွာတွေကို စွန့်ခွာထွက်ပြေးခဲ့ရတာကို ဖော်ပြခဲ့ပါတယ်။

အဓိကတော့ မောင်တောမြို့နယ်၊ခမောင်းဆိပ်ကျေးရွာအုပ်စုအတွင်းရှိ ဟိန္ဒူဘာသာဝင်အများအပြား သတ်ဖြတ်ခံရမှုနဲ့ဖမ်းဆီးခေါ်ဆောင်ခံရမှုဖြစ်စဉ်ကို မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောနိုင်ငံ တကာအချက်အလက်ရှာဖွေရေးအဖွဲ့(IIFFMM)က သီးခြားအခန်းကဏ္ဍတခုအနေနဲ့ အသေးစိတ်စုံစမ်းစစ်ဆေးပြီး မှတ်တမ်းတင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ မြန်မာ့တပ်မတော်နဲ့အာရက္ခတပ်တော်(AA)ကြား တိုက်ပွဲတွေကြောင့် ဒေသခံရခိုင်တိုင်းရင်းသားတွေနဲ့တခြားလူနည်းစုသောင်းချီပြီး မိ မိနေထိုင်ရာနယ်မြေတွေကို စွန့်ခွာကာ စစ်ဘေးရှောင်ဘဝရောက်ခဲ့ရတာတွေ၊လက်နက်ကြီးကျည်ကျရောက်မှုကြော င့် အရပ်သားသေဆုံးတာတွေ၊ဖမ်းဆီးစစ်ဆေးခံရတာတွေစတဲ့လူ့အခွင့်အ ရေးချိုးဖောက်မှုတွေ ထည့်သွင်းအစီ ရင်ခံထားပါတယ်။

မြေယာကိစ္စတွေနဲ့ဥပဒေကြောင်းအရ ပြောင်းလဲမှုတွေ

မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောနိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့(IIFFMM)အစီရင်ခံစာမှာ မြေယာနဲ့ပတ် သက်ပြီး အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍတခုကတော့ အစိုးရနဲ့စစ်တပ်က ရခိုင်ပြည်နယ်အတွင်းရှိ မြေယာတွေကို စီမံခန့်ခွဲပုံကြောင့် မြေယာအခွင့်အရေး ဆုံးရှုံးရတာတွေကို ဆန်းစစ်ထားချက်တွေပဲ ဖြစ်ပါတယ်။

မြေလွတ်၊မြေလပ်နဲ့မြေရိုင်းတွေစီမံခန့် ခွဲမှုဥပဒေ(Vacant, Fallow and Virgin Lands Management Law)ကို ၂၀၁၈ ခုနှစ်မှာ ပြင်ဆင်လိုက်တဲ့ ဒီဥပဒေဟာ ရခိုင်က ထွက်ပြေးသွားရသူတွေရဲ့မြေ ယာတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကိုမြန်မာနိုင်ငံဆိုင်ရာ လွတ် လပ်သောနိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့(IIFFMM)က ထောက်ပြခဲ့ပါတယ်။

အဲဒီဥပဒေအရ စွန့်ပစ်ထားခဲ့ရတဲ့မြေတွေကို”မြေလွတ်မြေရိုင်း”အဖြစ် သတ်မှတ်ပြီး အစိုးရကသိမ်းဆည်းကာ စီးပွားရေးလုပ်ငန်းရှင်တွေ ဒါမှမဟုတ် စစ်တပ်စီမံကိန်းတွေအတွက် ချပေးနိုင်အောင် လမ်းဖွင့်ပေးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီဥပဒေ၊လုပ်ထုံးလုပ်နည်းတွေဟာ နေရပ်စွန့်ခွာသွားရတဲ့ရိုဟင်ဂျာတွေသာမက တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရပြီး မိမိတို့မြေယာကို တရားဝင်ပြန် လည်မှတ်ပုံတင်ရန်အခွင့်အရေးမရှိတော့တဲ့ဒေသခံရခိုင်တိုင်းရင်းသားတွေနဲ့တခြားလူနည်းစုတွေရဲမြေယာပိုင်ဆို င်ခွင့်တွေကိုပါ ဆုံးရှုံးစေတယ်လို့မြန် မာနိုင်ငံဆိုင်ရာလွတ်လပ်သောနိုင်ငံတ ကာ အချက်အလက်ရှာဖွေရေးအဖွဲ့(IIFFMM)က သတိပေးထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောနိုင်ငံ တကာအချက်အလက်ရှာဖွေရေးအဖွဲ့(IIFFMM)က ရခိုင်ပြည်နယ်အတွင်း လူ သားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ပြန်လည်နေရာချထားရေး ၊ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)ရဲ့ လုပ် ဆောင်ချက်တွေကို စောင့်​ကြည့်မှတ်တ မ်းတင်ခဲ့ပါတယ်။

အဲဒီရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ပြန်လည်နေရာချထားရေး၊ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)ဟာ ဖွံ့ဖြိုးရေးခေါင်းစဉ်အောက်မှာ မြေသိမ်းမှုဘက်ရောက်နေတာကို မြန်မာနိုင်ငံဆိုင်ရာ လွ တ်လပ်သောနိုင်ငံတကာအချက်အလ က်ရှာဖွေရေးအဖွဲ့(IIFFMM)က ထောက်ပြပါတယ်။

ရသေ့တောင်၊ဘူးသီးတောင်၊မောင်တောနယ်စပ်ဒေသမှာ ကုန်သွယ်ရေးဇုန်တွေ၊စိုက်ပျိုးရေးဇုန်တွေနဲ့ငါးဖမ်းလုပ် ငန်းတွေ၊အခြေခံအဆောက်အအုံတွေ ဆောက်လုပ်ဖို့ မြေယာအများအပြားကို သိမ်းဆည်းမှုတွေဖြစ်လာနိုင်တာတွေကို မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့(IIFFMM)က မှတ်တမ်းတင်ထားပါတယ်။

ထွက်ပြေးသွားတဲ့ရိုဟင်ဂျာရွာဟောင်း မြေနေရာတွေမှာ အစိုးရက အိမ်ရာသစ်တွေဆောက်လုပ်ပြီး ရခိုင်ပြည်နယ် တောင်ပိုင်းဘက်ကသူတွေ၊မြန်မာနိုင်ငံ အလယ်ပိုင်းဘက်သူတွေ၊ဗုဒ္ဓဘာသာဝ င်မိသားစုတွေ ခေါ်ယူကာ “စံပြကျေးရွာတွေ(Model Villages)”တည်ထောင်ပေးတာတွေရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီအပြင် ဒေသခံ ဒိုင်းနက်၊မြို၊သက် စတဲ့တိုင်းရင်းသားငယ်တွေကိုလည်းအဲ ဒီမြေနေရာအသစ်တွေမှာ နေရာချထားပေးပြီး နယ်စပ်ဒေသရဲ့လူဦးရေအချိုး အစားကို တမင်ပြောင်းလဲပစ်ဖို့ ကြိုးပ မ်းခဲ့တာတွေရှိတယ်လို့ မြန်မာနိုင်ငံဆိုင် ရာလွတ်လပ်သောနိုင်ငံတကာအချက် အလက်ရှာဖွေရေးအဖွဲ့(IIFFMM)အစီ ရင်ခံစာက ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော နိုင် ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့(IIFFMM)ရဲ့ ၂၀၁၈ ခုနှစ်၊စက်တင်ဘာ လ ၁၇ ရက်မှာ ထုတ်ပြန်ခဲ့တဲ့စာမျက် နှာလေးရာကျော်ပါဝင်တဲ့”အစီရင်ခံစာအပြည့်အစုံ” (Detailed Findings of the Fact-Finding Mission – A/HRC/39/CRP.2)ထဲမှာ စောစောကပြောခဲ့တဲ့အချက်တွေကို ဖော်ပြထားပါတယ်။

အဲဒီအစီရင်ခံစာအပိုဒ်နံပါတ် ၁၀၉၈ ( Paragraph 1098)ထဲမှာ…

မြေလွတ်၊မြေလပ်၊မြေရိုင်းဥပဒေနဲ့မြေပိုင်ခွင့်ဆုံးရှုံးတာတွေ၊ရခိုင်အပါအဝင် တခြားလူနည်းစုများအပေါ် သက်ရော က်တာတွေကို ဖော်ပြထားပါတယ်။

ရိုဟင်ဂျာတွေ စွန့်ခွာသွားတဲ့ မြေယာတွေကို အစိုးရက ဘယ်လိုသိမ်းဆည်းလဲဆိုတာကို ဖော်ပြထားပါတယ်။

၂၀၁၈ ခုနှစ်မြေလွတ်၊မြေလပ်နဲ့မြေရိုင်းတွေစီမံခန့် ခွဲမှုဥပဒေ(Vacant, Fallow and Virgin Lands Management Law)ဥပဒေပြင်ဆင်ချက်ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားတွေပါ မြေယာဆုံးရှုံးနိုင်ခြေကို အဲဒီအပိုဒ်က ထောက်ပြထားပါတယ်။

အဲဒီအစီရင်ခံစာအပိုဒ်နံပါတ် ၁၀၉၉ (Paragraph 1099)ထဲမှာ မြေလွတ်၊မြေလပ်၊မြေရိုင်းဥပဒေကြောင့် စွန့်ပစ်ထားခဲ့ရတဲ့မြေတွေကို အစိုးရက ပြန်လည်သိမ်းဆည်းပြီး ကုမ္ပဏီကြီးတွေ၊စစ်တ ပ်စီမံကိန်းတွေနဲ့ခရိုနီစီးပွားရေးသမားတွေကို လုပ်ပိုင်ခွင့်အလွယ်တကူချပေးဖို့ လမ်းပွင့်သွားတာတွေကို ထောက်ပြထားပါတယ်။

အဲဒီအစီရင်ခံစာအပိုဒ်နံပါတ် (၁၁၀၀) (Paragraph 1100 )ထဲမှာ ရိုဟင်ဂျာတွေသာမက ရခိုင်ပြည်နယ်ထဲက လက် နက်ကိုင်ပဋိပက္ခတွေ၊အာရက္ခတပ်တော်(AA)နဲ့ စစ်တပ်ကြားကတိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရပြီး မိမိတို့မြေယာကို တရားဝင်သတ်မှ တ်ရက်အတွင်း လာရောက်မှတ်ပုံမတင်မတင်နိုင်တော့တဲ့ရခိုင်တိုင်းရင်းသားတွေနဲ့တခြားလူနည်းစုတွေရဲ့ဘိုးဘွားပိုင်မြေတွေပါ မြေလွတ်၊မြေလပ်၊မြေ ရိုင်းဥပဒေအရ သိမ်းဆည်းခံရမယ့် အန္တရာယ်ရှိနေတာကို ဖော်ပြထားပါတယ် ။

အဲဒီအပိုဒ်နံပါတ် ၁၀၈၃ မှ ၁၀၈၆ ထိ (Paragraph 1083 to 1086)အရ ဖွံ့ဖြိုးရေးခေါင်းစဉ်အောက်က မြေသိမ်းမှုနဲ့ စီမံကိန်းတွေအကြောင်းကို ဖော်ပြထားပါတယ်။

အဲဒီအပိုဒ်တွေထဲမှာပြည်ထောင်စုအဆ င့် ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာ နာမှုအကူအညီအထောက်အပံ့ပေးရေး၊ပြန်လည်နေရာချထားရေး၊ဖွံ့ဖြိုးရေးစီ မံကိန်း(UEHRD)ရဲ့ ဖွဲ့စည်းပုံနဲ့အဲဒီစီမံ ကိန်းတွေက ရခိုင်မြောက်ပိုင်း မြေယာတွေကို ဘယ်လိုလွှဲပြောင်းရယူနေတယ် ဆိုတာကို ဖော်ပြထားပါတယ်။

အဲဒီအပိုဒ်နံပါတ် ၁၀၉၂( Paragraph 1092)ထဲမှာ ရသေ့တောင်၊ဘူးသီးတော င်၊မောင်တောနယ်ထဲက ကုန်သွယ်ရေးဇုန်တွေ၊စိုက်ပျိုးရေးနဲ့ငါးဖမ်းလုပ်ငန်း တွေ၊အခြေခံအဆောက်အအုံတွေဆော က်လုပ်ဖို့ မူလပိုင်ရှင်တွေဆီက မြေယာ သိမ်းကိစ္စတွေကို ဖော်ပြထားပါတယ်။

အဲဒီအပိုဒ်နံပါတ် ၁၀၈၇ ( Paragraph 1087)ထဲမှာ ရိုဟင်ဂျာကျေးရွာတွေက မီးလောင်ပြင်တွေကို ဘူဒိုဇာနဲ့ထိုးညှိပြီး အစိုးရက အိမ်ရာအသစ်တွေ ဆောက်လုပ်တာတွေကို ဂြိုဟ်တုဓာတ်ပုံတွေနဲ့ ဖော်ပြထားပါတယ်။

အဲဒီအပိုဒ်နံပါတ် ၁၀၈၈ မှ ၁၀၈၉ ထိ ( Paragraph 1088 & 1089)အရ ဆော က်လုပ်ပြီးစီးနေတဲ့နေရာအသစ်တွေမှာ ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့မြန်မာနိုင်ငံအလယ်ပိုင်းမှလာကြတဲ့ဗုဒ္ဓဘာသာဝင် တွေ၊ဒေသခံ မြို၊သက်၊ဒိုင်းနက်စတဲ့လူ နည်းစုတိုင်းရင်းသားငယ်တွေကိုပါ နေ ရာချထားပြီး ဒါဟာနယ်စပ်ဒေသရဲ့လူ ဦးရေအချိုးအစားကို ပြောင်းလဲပစ်ဖို့ ရည်ရွယ်ချက်နဲ့လုပ်တာလို့ ဆိုထားပါတယ်။

ICJ နဲ့ ULA/AA

ခုအချိန်မှာတော့ ဘူးသီးတောင်၊မောင်တော၊ရသေ့တောင်နယ်မြေတွေဟာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)လက်ထဲကို ရောက်နေပါပြီ။

အထက်ကဆိုခဲ့တဲ့မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောနိုင်ငံတကာအချက်အ လက်ရှာဖွေရေးအဖွဲ့(IIFFMM)ရဲ့အစီ ရင်ခံစာဟာ ရသေ့တောင်၊ဘူးသီးတောင်၊မောင်တောနယ်မြေတွေ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)လက်ထဲမရောက်ခင်က အခြေအနေကို ဖော်ပြထားတာဖြစ်ပါတယ်။

အဲဒါကြောင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောနိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့(IIFFMM)ရဲ့အစီရင်ခံစာပါအချက်တွေဟာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ကို တိုက်ရိုက်ရည်ရွယ်ထားတာ မဟုတ်ပါဘူး။

အဲဒီလိုဆိုရင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ဟာ အဲဒီ အစီရင်ခံစာပါအချက်တွေအတွ က် တာဝန်မရှိတော့ဘူးလားလို့မေးလာရင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ဟာ လက်ရှိနယ် မြေကိုစိုးမိုးထားသူ ဖြစ်တဲ့အတွက် တာ ဝန်ရှိပါတယ်လို့ပဲဖြေရမှာပါ။

ပြီးရင်ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ကိုယ်တိုင်က လူမျိုးတုံးသတ်ဖြတ်မှုနဲ့စစ်ရာဇဝတ်မှုတွေကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ၊ဘင်္ဂလားဒေရှ်နိုင်ငံက နိုင်ငံတကာရာဇဝတ်မှုတရား ရုံး(ICC)မှာ၊International Jurisdiction နိုင်ငံတကာတရားစီရင်ပိုင်ခွင့်မူအရ အာဂျင်တီးနားနိုင်ငံတရားရုံးမှာ အမှုဖွင့်တိုင်ကြားပြီး ကျူးလွန်ခဲ့တဲ့မြန်မာတပ်မတော်ကိုအရေးယူနိုင်ရန် စတင်ကြိုးပမ်းနေတာကို…

“မိမိတို့ မြန်မာနိုင်ငံအမှန်တရားနှင့်တရားမျှတသောအမျိုးသားပါတီ/မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MN JTP/MNDAA)၊ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA )၊ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)အနေဖြင့် အပြည့်အဝထောက်ခံပါတယ်။”

“အပြည်ပြည်ဆိုင်ရာတရားရုံးတို့မှ အ တိဒုက္ခရောက်နေရတဲ့မြန်မာပြည်တိုင်း ရင်းသား ပြည်သူလူထုများအတွက် သ မာသမတ်ရှိစွာ ကျူးလွန်သူကို အပြစ် ပေးအရေးယူနိုင်လိမ့်မယ် မိမိတို့က မျှော်လင့်ပါတယ်။”

“ကိုးကန်၊တအောင်း၊ရခိုင်ဒေသထဲမှာ ဒေသခံတိုင်းရင်းသားပြည်သူတွေကို ၂၀၀၉ ခုနှစ်မှ ၂၀၁၉ ခုနှစ်ကာလအတွင်း ကျူးလွန်ခဲ့တဲ့မြန်မာစစ်တပ်ရဲ့စစ်ရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူရန်ကြိုးပမ်းသူတွေ၊အဖွဲ့အစည်းတွေကို မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့MNTJP/MNDAA၊PSLF/TNLA၊ULA/AA က ရရှိထားတဲ့သတင်းအချက်အလက်နဲ့အတူ ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိတယ်။” ဆိုပြီး ၂၀၁၉ ခုနှစ်၊နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ကြေညာချက်ထုတ်ထားတာရှိပါတယ်။

အဲဒီတော့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ဟာ ကျင့်ဝတ်အရ မြေယာတွေမှာ သက်သေတွေ မပျောက်ပျက်ဖို့၊မြေယာဆိုင်ရာစီမံခန့်ခွဲမှုတွေ၊နေရပ်စွန့်ခွာရသူတွေရဲ့နေရာပြောင်းရွှေ့မှုတွေမှာ နိုင်ငံတကာစံနှုန်းတွေကို လိုက်နာဖို့လိုပါတယ်။

ဘာကြောင့်လဲဆိုရင် အပြည်ပြည်ဆိုင် ရာတရားရုံး(ICJ)အပြီးသတ်အမိန့်ထွက်လာရင်တောင် ရခိုင်ဒေသအပါအဝ င် မြန်မာနိုင်ငံတဝန်းလုံးမှာဖြစ်နေတဲ့စစ်ရာဇဝတ်မှုတွေကို စုံစမ်းနေမှုရပ်တန့်မှာမဟုတ်သေးလို့ပါ။

မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM)နဲ့မပြီး ပြတ်သေးတဲ့စုံစမ်းမှုတွေကို မြန်မာနိုင် ငံဆိုင်ရာလွတ်လပ်သောနိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့(IIFFMM) ကို မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား(IIMM)က ဆက်ခံပါတယ်။

မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM)ရဲ့စုံစမ်းစစ်ဆေးမှုနယ်ပါယ်ဟာ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောနိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့(IIFFMM)ထက် ပိုကျယ်ပြန့်ပါတယ်။

၂၀၂၆ ခုနှစ်၊ဇန်နဝါရီလ ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစညမ်းစစ်ဆေးရေးယန္တရား(IIMM)က “(ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဗုဒ္ဓဘာ သာဝင်တွေကို ရခိုင်ပြည်နယ်ဘက် ဝင်ရောက်အခြေချနေထိုင်ရန် မြန်မာအစိုး ရရဲ့အားပေးမှု)နဲ့ (၂၀၁၇ ခုနှစ် ရှင်းလ င်းစစ်ဆင်ရေးကာလအတွင်း ရိုဟင်ဂျာတွေရဲ့မြေယာ၊ပိုင်ဆိုင်မှုတွေကို ဖျက် ဆီးတာနဲ့သိမ်းယူတာ)စတဲ့အချက်တွေကို စုံစမ်းစစ်ဆေးပြီး အပြည်ပြည်ဆိုင် ရာတရားရုံး(ICJ)ကို တင်သွင်းခဲ့တယ်လို့ ဆိုထားပါတယ်။

ပြီးရင် ၂၀၂၆ခုနှစ်၊မတ်လ ၅ ရက်နေ့မှာလည်း မြန်မာနိုင်ငံဆိုင်ရာလွတ် လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM)က”သက်သေ၊အထောက်အထား အရင်းအမြစ်တွေကို”ပထဝီဝင်(မြေပြင်) ဆိုင်ရာအချက်အလက်တွေနဲ့လည်း တိုက်ဆိုင်စစ်ဆေးနေတယ်။”လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီအချက်တွေက ရခိုင်ဒေသလူထုအပေါ် ထိခိုက်နစ်နာမှုရှိတဲ့မြေယာဆိုင်ရာ ကိစ္စရပ်ဖြစ်စဉ်တွေကို နိုင်ငံတကာကလက်ရှိစောင့်ကြည့်နေတယ် ဆိုတာကို ဖော်ပြနေပါတယ်။

လူထုအပေါ် ထိခိုက်နစ်နာစေတဲ့ကိစ္စရပ်တွေကို တားဆီးဖို့ ပျက်ကွက်နေမှုဟာ တဖက်မှာ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ရဲ့ကြားဖြတ်အမိန့်အပေါ် ချိုးဖောက်မှုနဲ့နိုင်ငံတကာစံနှုန်းတွေကို မလိုက်နာမှုကို ရောက်သွားဖို့နီးကပ်နေပါတယ်။

အဲဒီလိုဖြစ်လာရင် ရခိုင်ဒေသကို ထိန်းချုပ်သူများအပေါ် သက်ရောက်မှုတွေအရှိန်ပိုပြင်းလာတတ်ပါတယ်။

PrevPreviousအာဏာသိမ်းစစ်တပ်ကိုထောက်ပံ့နေတဲ့ လုပ်ငန်းကြီးတွေကိုအရေးယူဖို့ ဂျပန်နဲ့ကိုရီးယားသမဂ္ဂတွေ တောင်းဆို
Nextမင်းပြားမှာ မိုးကြိုးပစ်ခံရလို့ အရပ်သား၂ ဦး သေဆုံးNext
Previous Post

အာဏာသိမ်းစစ်တပ်ကိုထောက်ပံ့နေတဲ့ လုပ်ငန်းကြီးတွေကိုအရေးယူဖို့ ဂျပန်နဲ့ကိုရီးယားသမဂ္ဂတွေ တောင်းဆို

Next Post

မင်းပြားမှာ မိုးကြိုးပစ်ခံရလို့ အရပ်သား၂ ဦး သေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

အာဏာသိမ်းစစ်တပ်ကိုထောက်ပံ့နေတဲ့ လုပ်ငန်းကြီးတွေကိုအရေးယူဖို့ ဂျပန်နဲ့ကိုရီးယားသမဂ္ဂတွေ တောင်းဆို

June 7, 2026

နိုင်ငံတကာစောင့်ကြည့်မှုတွေကြားက အာရက္ခမြေယာပြဿနာ – ၁

June 7, 2026

တိုက်ပွဲတွေပြန်စရင် အမှောင်ထုထဲရောက်သွားလိမ့်မယ်လို့ အမေရိကန်ကို အီရန် သတိပေး

June 7, 2026
သံတမန် ၂၄ နိုင်ငံနဲ့ SCEF တွေ့ဆုံပြီး ဖက်ဒရယ်ဒီမိုကရေစီအရေး ဆွေးနွေးBorder News Agency
မကွေး၊​ဇွန် ၇။​ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)ဟာ ဇွန်လ ၅ ရက်နေ့က နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်းမှ ကိုယ်စားလှယ်တွေနဲ့အတူ သံတမန်ဆိုင်ရာ ရှင်းလင်းတင်ပြပွဲကျင်းပခဲ့ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ အနာဂတ်အသွင်ကူးပြောင်းရေးကာလ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ထုတ်ပြန်ပါတယ်။​အဲဒီရှင်းလင်းပွဲမှာ SCEF ကိုယ်စားလှယ်တွေက နိုင်ငံတဝှမ်း ဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေတွေ၊ပေါင်းစည်းညီညွတ်မှုရရှိရေးရဲ့ အရေးပါမှုနဲ့ ရေရှည်တည်တံ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီအနာဂတ် တည်ဆောက်နိုင်မယ့် အခြေအနေတွေပေါ်ထွက်လာဖို့ SCEF ရဲ့ လုပ်ဆောင်ချက်တွေကို မျှဝေခဲ့ကြပါတယ်။​ဒါ့အပြင် မြန်မာ့အကျပ်အတည်းဟာ လက်နက်ကိုင်ပဋိပက္ခ သို့မဟုတ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေမျှသာ မဟုတ်ဘဲ နက်ရှိုင်းတဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုတစ်ရပ် ဖြစ်တာကြောင့် အုပ်ချုပ်ရေး၊ တရားဝင်မှု၊ ကိုယ်စားပြုမှုနဲ့ ရေရှည်တည်ငြိမ်ရေးဆိုင်ရာ မေးခွန်းတွေကို ဖြေရှင်းနိုင်မယ့် ချဉ်းကပ်မှုတွေ လိုအပ်တယ်လို့ထောက်ပြခဲ့ကြပါတယ်။နောက်ပြီးအရပ်သားတွေကာကွယ်စောင့်ရှောက်ရေး၊ လူသားချင်းစာနာမှု အကူအညီတွေလက်လှမ်းမီရရှိရေးနဲ့ ပဋိပက္ခရဲ့ မူလဇစ်မြစ်ကို မဖြေရှင်းနိုင်ရင် ရေရှည်တည်ငြိမ်တဲ့ ငြိမ်းချမ်းရေး ရရှိနိုင်မှာမဟုတ်သလို အနှစ်သာရပြည့်ဝတဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုနဲ့ ကျယ်ပြန့်တဲ့ ပါဝင်မှုတွေကို အသိအမှတ်ပြုဖို့ လိုအပ်တယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။​ခုရှင်းလင်းပွဲဟာ ဒေသတွင်း၊နိုင်ငံတကာ မိတ်ဖက်တွေနဲ့ထိတွေ့ဆက်ဆံရေး မြှင့်တင်ဖို့ လုပ်ဆောင်ချက်တခု ဖြစ်ပြီး အဲဒီပွဲသို့ နိုင်ငံပေါင်း ၂၄ နိုင်ငံမှ ကိုယ်စားလှယ်တွေနဲ့နိုင်ငံတကာအဖွဲ့အစည်းအချို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

သံတမန် ၂၄ နိုင်ငံနဲ့ SCEF တွေ့ဆုံပြီး ဖက်ဒရယ်ဒီမိုကရေစီအရေး ဆွေးနွေး

June 7, 2026

အာဏာသိမ်းစစ်တပ်ကိုထောက်ပံ့နေတဲ့ လုပ်ငန်းကြီးတွေကိုအရေးယူဖို့ ဂျပန်နဲ့ကိုရီးယားသမဂ္ဂတွေ တောင်းဆို

နိုင်ငံတကာစောင့်ကြည့်မှုတွေကြားက အာရက္ခမြေယာပြဿနာ – ၁

ချင်းရိုင်မှာ ဆေးပြား ၄ ဒသမ ၇ သန်းကျော်နဲ့ အိုက်စ် ၁၁၀ ကီလိုဂရမ် ဖမ်းမိ

တိုက်ပွဲတွေပြန်စရင် အမှောင်ထုထဲရောက်သွားလိမ့်မယ်လို့ အမေရိကန်ကို အီရန် သတိပေး

သံတမန် ၂၄ နိုင်ငံနဲ့ SCEF တွေ့ဆုံပြီး ဖက်ဒရယ်ဒီမိုကရေစီအရေး ဆွေးနွေး

ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် အာဏာသိမ်းစစ်တပ်နဲ့ရုရှား ဓာတ်အားပေးစက်ရုံ MoU ထိုး

Releated Post

​ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

အာဏာသိမ်းစစ်တပ်ကိုထောက်ပံ့နေတဲ့ လုပ်ငန်းကြီးတွေကိုအရေးယူဖို့ ဂျပန်နဲ့ကိုရီးယားသမဂ္ဂတွေ တောင်းဆို

June 7, 2026

နိုင်ငံတကာစောင့်ကြည့်မှုတွေကြားက အာရက္ခမြေယာပြဿနာ – ၁

June 7, 2026
Photo - Thai Local News

ချင်းရိုင်မှာ ဆေးပြား ၄ ဒသမ ၇ သန်းကျော်နဲ့ အိုက်စ် ၁၁၀ ကီလိုဂရမ် ဖမ်းမိ

June 7, 2026

တိုက်ပွဲတွေပြန်စရင် အမှောင်ထုထဲရောက်သွားလိမ့်မယ်လို့ အမေရိကန်ကို အီရန် သတိပေး

June 7, 2026
သံတမန် ၂၄ နိုင်ငံနဲ့ SCEF တွေ့ဆုံပြီး ဖက်ဒရယ်ဒီမိုကရေစီအရေး ဆွေးနွေးBorder News Agency
မကွေး၊​ဇွန် ၇။​ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)ဟာ ဇွန်လ ၅ ရက်နေ့က နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်းမှ ကိုယ်စားလှယ်တွေနဲ့အတူ သံတမန်ဆိုင်ရာ ရှင်းလင်းတင်ပြပွဲကျင်းပခဲ့ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ အနာဂတ်အသွင်ကူးပြောင်းရေးကာလ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ထုတ်ပြန်ပါတယ်။​အဲဒီရှင်းလင်းပွဲမှာ SCEF ကိုယ်စားလှယ်တွေက နိုင်ငံတဝှမ်း ဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေတွေ၊ပေါင်းစည်းညီညွတ်မှုရရှိရေးရဲ့ အရေးပါမှုနဲ့ ရေရှည်တည်တံ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီအနာဂတ် တည်ဆောက်နိုင်မယ့် အခြေအနေတွေပေါ်ထွက်လာဖို့ SCEF ရဲ့ လုပ်ဆောင်ချက်တွေကို မျှဝေခဲ့ကြပါတယ်။​ဒါ့အပြင် မြန်မာ့အကျပ်အတည်းဟာ လက်နက်ကိုင်ပဋိပက္ခ သို့မဟုတ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေမျှသာ မဟုတ်ဘဲ နက်ရှိုင်းတဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုတစ်ရပ် ဖြစ်တာကြောင့် အုပ်ချုပ်ရေး၊ တရားဝင်မှု၊ ကိုယ်စားပြုမှုနဲ့ ရေရှည်တည်ငြိမ်ရေးဆိုင်ရာ မေးခွန်းတွေကို ဖြေရှင်းနိုင်မယ့် ချဉ်းကပ်မှုတွေ လိုအပ်တယ်လို့ထောက်ပြခဲ့ကြပါတယ်။နောက်ပြီးအရပ်သားတွေကာကွယ်စောင့်ရှောက်ရေး၊ လူသားချင်းစာနာမှု အကူအညီတွေလက်လှမ်းမီရရှိရေးနဲ့ ပဋိပက္ခရဲ့ မူလဇစ်မြစ်ကို မဖြေရှင်းနိုင်ရင် ရေရှည်တည်ငြိမ်တဲ့ ငြိမ်းချမ်းရေး ရရှိနိုင်မှာမဟုတ်သလို အနှစ်သာရပြည့်ဝတဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုနဲ့ ကျယ်ပြန့်တဲ့ ပါဝင်မှုတွေကို အသိအမှတ်ပြုဖို့ လိုအပ်တယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။​ခုရှင်းလင်းပွဲဟာ ဒေသတွင်း၊နိုင်ငံတကာ မိတ်ဖက်တွေနဲ့ထိတွေ့ဆက်ဆံရေး မြှင့်တင်ဖို့ လုပ်ဆောင်ချက်တခု ဖြစ်ပြီး အဲဒီပွဲသို့ နိုင်ငံပေါင်း ၂၄ နိုင်ငံမှ ကိုယ်စားလှယ်တွေနဲ့နိုင်ငံတကာအဖွဲ့အစည်းအချို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

သံတမန် ၂၄ နိုင်ငံနဲ့ SCEF တွေ့ဆုံပြီး ဖက်ဒရယ်ဒီမိုကရေစီအရေး ဆွေးနွေး

June 7, 2026

ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် အာဏာသိမ်းစစ်တပ်နဲ့ရုရှား ဓာတ်အားပေးစက်ရုံ MoU ထိုး

June 7, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page