Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် လူ့အခွင့်အရေး အာရက္ခဒေသ

ဒက်စတိုပီယန်းဘဝတွေ – ၉

Author picture

By

Swe Zin Htike
Reading Time: 3 mins read
0
A A
0
SHARES
3
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ စက်တင်ဘာ ၁၁။

​နိုင်ငံတကာစံနှုန်းတွေနဲ့ ထွက်ခွာမှုပိတ်ပင်ခြင်း

​နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေ (IHL)ဖြစ်တဲ့ ဂျီနီဗာကွန်ဗင်းရှင်း(Gen eva Conventions)တွေအရ စစ်ရေးဆိုင်ရာဆောင်ရွက်မှုတွေမှာ အရပ်သားနဲ့ စစ်ဘက်ပစ်မှတ်ကိုခွဲခြားတာ၊အချိုးအစားမျှတမှုရှိစေတာနဲ့ ကြိုတင်ကာကွယ်မှုတွေပြုလုပ်တာဆိုတဲ့ အဓိကအခြေခံမူသုံးခုရှိပါတယ်။

နောက်ပိုင်းမှာတော့”မလိုအပ်ဘဲ ပိုမိုဆင်းရဲဒုက္ခမရောက်စေတာ”ဆိုတဲ့အချက်ကို ထည့်သွင်းတာရှိပါတယ်။

​အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေအပြင်ဘက်သို့ ထွက်ခွာမှုကို ULA/AA ကတားဆီးကန့်သတ်ပြီး အပြစ်ပေးနေတာဟာ စစ်ရေးနဲ့နိုင်ငံရေးဆိုင်ရာရည်ရွယ်ချက်အောက်က ပြုလုပ်တာပါ။

အဲဒီလိုစစ်ရေးနဲ့နိုင်ငံရေးရည်ရွယ်ချက်အတွက် နိုင်ငံတကာလူသားချင်းစာနာမှုစံနှုန်းတွေနဲ့တိုင်းတာရမယ့်အချက်တွေလည်းဖြစ်လာပါတယ်။

ဂျီနီဗာကွန်ဗင်းရှင်းတွေထဲမှာ”အချိုးအစားမျှတမှု”ဆိုတဲ့ အချက်ရှိပါတယ်။

အဲဒီလိုထွက်ခွာမှုကို ပိတ်ပင်ခြင်းဟာ လူထုရဲ့အကျိုးစီးပွားအတွက်သာဖြစ်ရမယ်ဆိုတဲ့သဘောပါ။

လူထုကိုဘေးအန္တရာယ်ကင်းဖို့အတွက် ပိတ်ပင်ရခြင်းသာဖြစ်ရပါမယ်။

အဲဒီလိုပိတ်ပင်တဲ့အခါပိတ်ပင်သူဟာ လူထုရဲ့ကျန်းမာရေး၊ရှင်သန်မှုနဲ့ဘေးကင်းလုံခြုံမှုတွေကို အာမခံချက်ပေးရပါတယ်။

လူသားချင်းစာနာမှုအကျပ်အတည်းမဖြစ်အောင် အကောင်အထည်ဖော်ပေးရပါတယ်။

တကယ်လို့ အဲလိုပိတ်ပင်ခြင်းကြောင့် လူထုရရှိလာတဲ့အကျပ်အတည်းနဲ့ ဆင်းရဲဒုက္ခကပိုကြီးမားနေပြီး လူထုအတွက် လူမှုစီးပွားဘဝနဲ့လုံခြုံရေးဆိုင်ရာအတွက် အကျိုးစီးပွားက ဘာမှထူးမလာရင် အဲဒီပိတ်ပင်မှုဟာတရားမဝင်တော့ပါဘူး။

အာရက္ခဒေသမှာ စစ်ဘေးနဲ့တခြားဘေးဒုက္ခတွေ၊စီးပွားရေးပြိုလဲမှုတွေရှိနေပါတယ်။

အဲဒီလိုကပ်ဘေးသင့်နေလို့ လူသားချင်းစာနာမှုအကျပ်အတည်းတွေအောက်မှာ အကျိုးဆက်တွေကိုခံစားနေရလို့ အာရက္ခဒေသကထွက်ခွာမှုအပေါ် ဒါမှမဟုတ် ထွက်ခွာမှုနဲ့ဆက်နွယ်မှုအပေါ် အပြစ်ပေးအရေးယူမှုဟာ လူထုအတွက် ပိုပြီးအကျပ်အတည်းဖြစ်စေပါတယ်။

အဲဒီလိုပိတ်ပင်မှုနဲ့ ပြစ်ဒဏ်ခတ်မှုတွေဟာ ULA/AA ရဲ့စစ်ရေးနဲ့ နိုင်ငံရေးအာဂျင်တာကို အကောင်အထည်ဖော်ဖို့အတွက် ပိတ်ပင်မှုဖြစ်နေတာကြောင့် ဒါဟာ လူသားချင်းစာနာမှုဥပဒေတွေဘ က်ကတိုင်တာရမယ့်အချက်ဖြစ်လာပါပြီ။

​ချိုးဖောက်ရာရောက်တဲ့ နိုင်ငံတကာစံနှုန်းတွေ

​ပဋိပက္ခတွေ၊ဘေးဒုက္ခတွေ၊လူသားချ င်းစာနာမှုအကျပ်အတည်းတွေကိုရင်ဆို င်နေရတဲ့အခါ မိမိတို့ရဲ့နေရာကထွက်ခွာခွင့်၊မိမိတို့ရဲ့နေရာကို ပြန်လည်ဝင်ရောက်ခွင့်တွေနဲ့ပတ်သက်ပြီး ပိတ်ပင်ကန့်သတ်မယ်ဆိုရင် နိုင်ငံတကာစံနှုန်းတွေအရ ပြည်သူလူထုဘေးကင်းလုံခြုံဖို့နဲ့ လူထုအကျိုးစီးပွားအတွက်သာဖြစ်ရပါမယ်။

အဲဒီလိုပိတ်ပင်လိုက်လို့ ပိတ်ပင်ထားခံရတဲ့လူထုဟာ လူသားခြင်းစာနာမှုအကျပ်အတည်းဒဏ်က သက်သာရာရခွင့်ရှိရပါမယ်။

အဲဒီလိုသက်သာရာလည်းမရကြပါဘူး။ပိတ်လှောင်ခံထားရလို့ ရင်ဆိုင်နေရတဲ့ လူသားချင်းစာနာမှုအခက်အခဲဟာ လျော့မသွားပါဘူး။

လူဂုဏ်သိက္ခာရှိစွာ ရှင်သန်ခွင့်ကိုလည်း ထိခိုက်မြဲ၊ထိခိုက်နေသလို လူထုရဲ့အကျပ်အတည်းကို မျက်ကွယ်ပြုပြီးဖိနှိပ်တဲ့ထိမ်းချုပ်မှုဖြစ်နေရင် အဲဒီလိုပိတ်ပင်မှုဟာ အောက်ပါနိုင်ငံတကာစံနှုန်းတွေကို ချိုးဖောက်နေရာရောက်ပါတယ်။

​မိမိနိုင်ငံနယ်နိမိတ်ထဲ လွတ်လပ်စွာသွားလာခွင့်၊နေထိုင်ခွင့်နဲ့ထွက်ခွာခွင့်၊မိမိနိုင်ငံသို့ပြန်လာခွင့်ကို ပေးထားတဲ့…

၁။အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်း UDHR အပိုဒ် (၁၃) ရဲ့ အပိုဒ်ခွဲ (၁) နဲ့ (၂)။

၂။နိုင်ငံသားနဲ့နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ် ICCPR အပိုဒ် ၁၂ ရဲ့ အပိုဒ်ခွဲ (၂) နဲ့ အပိုဒ် ၁၃ ရဲ့ အပိုဒ်ခွဲ (၃)။

၃။ဒုက္ခသည်များဆိုင်ရာ နိုင်ငံတကာစံနှုန်းများ(1951 Refugee Convention)

၄။ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့အရပ်သားများကိုလုံခြုံစိတ်ချစွာ ဘေးလွတ်ရာသို့ထွက်ခွာခွင့်(Safe Passage)၊လူသားချင်းစာနာမှုအကူအညီများရရှိခွင့်(Humanitarian Access)ကို ပဋိပက္ခထဲပါဝင်သူအားလုံးက မဖြစ်မနေစီစဉ်ပေးဖို့ တိုက်တွန်း၊တောင်းဆို၊ပြဋ္ဌာန်းထားတဲ့ ပဋိပက္ခဇုန်များအတွင်းရှိ အရပ်သားများအကာအကွယ်ရရှိရေး (Protection of Civilians – PoC) ဆိုင်ရာဆုံးဖြတ်ချက်ဖြစ်တဲ့

က-ဆုံးဖြတ်ချက် ၁၂၆၅ (၁၉၉၉)

ခ-ဆုံးဖြတ်ချက် ၁၂၉၆ (၂၀၀၀)

ဂ-ဆုံးဖြတ်ချက် ၁၈၉၄ (၂၀၀၉)

ဃ-ဆုံးဖြတ်ချက် ၂၄၁၇(၂၀၁၈) စတဲ့ အခြေခံစံနှုန်း(Thematic)ဆိုင်ရာဆုံးဖြတ်ချက်တွေ။

င-နမူနာအဖြစ်ယူလို့ရတဲ့ ဒေသအလိုက်ဆိုင်ရာအကန့်အသတ်အောက်ကထုတ်ပြန်ထားတဲ့၊(Country-Specific Resolutions)ဖြစ်တဲ့ ဆီးရီးယားပဋိပက္ခဆိုင်ရာဆုံးဖြတ်ချက် ၂၁၃၉ (၂၀၁၄)။

စ-မြန်မာနိုင်ငံအတွက်သီးသန့်ထုတ်ပြန်ထားတဲ့ဆုံးဖြတ်ချက် ၂၆၆၉ (၂၀၂၂)။ စတဲ့အချက်တွေကို ချိုးဖောက်ရာရောက်သွားနိုင်ပါတယ်။

​အဲဒီအချက်တွေကို ချိုးဖောက်ရာရောက်သွား ICC ပဋိညာဉ်ထဲက ပြစ်မှုဆိုင် ရာသတ်မှတ်ချက်တွေနဲ့ပါ ငြိစွန်းလာနိုင်ပါတယ်။

အထူးသဖြင့် ထွက်ခွာခွင့်၊ သွားလာခွင့်ကိုပိတ်ပင်တဲ့လုပ်ရပ်တွေဟာ ရောမပဋိညာဉ်ထဲက အောက်ပါအချက်တွေနဲ့ ငြိစွန်းလာနိုင်ပါတယ်။

​၁။လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတဲ့ (Crimes Against Humanity – အပိုဒ် ၇)ထဲက…

က-ထောင်ဒဏ်ချမှတ်ခြင်း ဒါမှမဟုတ် အခြားနည်းလမ်းဖြင့် လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်ကို ပြင်းထန်စွာပိတ်ပင်မှု။ (ပြည်သူတွေကို ဆန္ဒအလျောက် သွားလာခွင့်မပြုဘဲ နယ်မြေအတွင်း ပိတ်လှောင်ထားတာ၊လွတ်လပ်စွာသွားလာခွင့်ကို တားဆီးရာမှာ တရားဥပဒေကြောင်းအရ ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ၊တရားမျှတမှုမရှိဘဲ အပြစ်ပေးတာတွေဟာ အပိုဒ် ICC ပဋိညာဉ် အပိုဒ် ၇ (၁)(e) နဲ့ ငြိစွန်းပါတယ်။)

​ခ-တခြားလူမဆန်သောလုပ်ရပ်ပြုလုပ်မှု။ (ပိတ်လှောင်ထားလို့ ပြည်သူတွေမှာ အစားအသောက်၊ဆေးဝါးနဲ့လုံခြုံတဲ့နေရာတွေကို သွားရောက်ခွင့်မရဘဲ ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာပြင်းထန်စွာ ဆင်းရဲဒုက္ခရောက်စေမှုဟာ ICC ပဋိညာဉ်ပုဒ်မ အပိုဒ် ၇ (၁)(k)အပိုဒ်နဲ့ ငြိစွန်းပါတယ်။)

​၂။စစ်ရာဇဝတ်မှုအဖြစ်သတ်မှတ်ထားတဲ့ (War Crimes – အပိုဒ် ၈)ထဲက…

​က-စစ်ဖြစ်နေတဲ့အချိန်မှာ အရပ်သား တွေကို ဒိုင်းသဖွယ်အသုံးချမှု၊ပိတ်လှောင်မှု။ (ထွက်ခွာမှုမပေးတာကြောင့် အရပ်သားတွေကို လက်နက်ကိုင်အုပ်စုတွေရဲ့စစ်ရေးအရအကာအကွယ်အဖြစ်၊တိုက်ခိုက်ခံရမှုက အကာအကွယ်အဖြစ်အသုံးချဖို့ရည်ရွယ်ရင်၊ဒါမှမဟုတ် အဲလိုဖြစ်ပျက်နေရင် ICC ပဋိညာဉ် ပုဒ်မအပိုဒ် ၈ (၂)(e)(viii)နဲ့ ငြိစွန်းပါတယ်။ဒီအချက်ဟာ ပြင်းထန်စစ်ရာဇဝတ်မှု မြောက်ပါတယ်။)

​ခ-စစ်ဖြစ်နေတဲ့အချိန်မှာ…

အပိုဒ် ၈ (၂)(c)(ii) –

လူဂုဏ်သိက္ခာကို ထိပါးမှု၊ဆုတ်ယုတ်အောင်လုပ်မှု၊(ဓာတ်စာ၊ဆေးဝါး၊အဝတ်အထည်၊အမိုးအကာစတဲ့ လိုအပ်ချက်)တွေကို ဖြတ်တောက်အောင်၊မရရှိနိုင်အောင်လုပ်မှု။ (ထွက်ခွာခွင့်မပေးဘဲ ပိတ်ဆို့ထားတာကြောင့် အရပ်သားတွေ ငတ်မွတ်ခေါင်းပါးတာ၊အဟာရလိုတိုတ တာ၊အဝတ်အတည်အမိုးအကာလိုတိုတတာ၊ဆေးဝါးကုသမှာလိုတိုတတာ ၊အဲဒါတွေကို ရင်ဆိုင်ရပြီး အသက်အန္တ ရာယ်ကြုံတွေ့ရတာတွေဟာ ICC ပဋိညာဉ်အပိုဒ် ၈ (၂)(c)(ii) နဲ့ငြိစွန်းပြီး ပြင်းထန်စစ်ရာဇဝတ်မှုမြောက်ပါတယ်။)

​၂၀၂၆ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က ကုလသမဂ္ဂလူ့အခွင့်အရေးကောင် စီ(UNHRC)ရဲ့ ၆၃ ကြိမ်မြောက်အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ IIMM အကြီးအကဲနီကိုလတ်စ်ခွန်ဂျန်က ရခိုင်ပြည်နယ်အတွင်းက တိုင်းရင်းသားလူမျိုးအားလုံးဟာ စစ်ရာဇဝတ်မှုတွေရဲ့ ဒုက္ခကို ခံစားနေကြရပြီး ရခိုင်ပြည်နယ်ထဲက လက်နက်ကိုင်အဖွဲ့အမျိုးမျိုးက ကျူးလွန်တယ်ဆိုတဲ့လူသတ်မှု၊ဥပဒေမဲ့ဖမ်းဆီးမှု၊ညှဉ်းပန်းနှိပ်စက်မှုနဲ့အင်အားသုံးပြီးနယ်မြေမှဖယ်ရှားမှုနဲ့ဆိုင်တဲ့စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောဆိုထားပါတယ်။

​အဲဒီအပြင် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ဩဂုတ်လ ၁၃ ရက်တုန်းကလည်း ခုနှစ်ကြိမ်မြောက် နှစ်ပတ်လည်အစီရင်ခံစာကို ထုတ်ပြန်တဲ့အခါမှာ IIMM အနေနဲ့ မြန်မာစစ်တပ်နဲ့အာရက္ခတပ်တော်က ကျူးလွန်တယ်လို့စွပ်စွဲထားတဲ့ ရာဇဝတ်မှုတွေကို စုံစမ်းနေပြီး ရခိုင်ပြည်နယ်ထဲက လူမှုအသိုင်းအဝန်းအားလုံး(ရိုဟင်ဂျာတွေအပါအဝင်)ရင်ဆိုင်နေရတဲ့ ​ဖမ်းဆီးအကျဉ်းချတာ၊ညှဉ်းပန်းနှိပ်စက်တာ၊အတင်းအကျပ်နေရာရွှေ့ပြောင်းတာ၊အရပ်သားတွေဝင်ထွက်သွားလာတာကိုကန့်သတ်တာ၊လူသားချင်းစာနာမှုအထောက်အကူနဲ့မရှိမဖြစ် အသုံးအဆောင်ပစ္စည်းတွေကို ပိတ်ဆို့တားမြစ်တာတွေကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုထားပါတယ်။

​ကိုးကား…

IIMM အစီရင်ခံစာတွေ…

ကိုးကား..

IIMM အစီရင်ခံစာတွေ…

https://iimm.un.org/my/statement-63rd-regular-session-human-rights-council

https://www.facebook.com/share/p/1F3V9N2ow1/
https://iimm.un.org/sites/default/files/2025/08/IIMM%20Annual%20Report%20MY.pdf

ဆက်စပ်ဆောင်းပါးတွေ…

အမိုးဖွင့်အကျဉ်းထောင်

https://www.facebook.com/share/p/19TvBmaE3r

ထွက်ခွာခြင်းအားအမဲလိုက်ခြင်း

၁
https://www.facebook.com/share/p/1DQrLVp9Rg/

၂

https://www.facebook.com/share/p/14uATvAq9Fk

၃

https://www.facebook.com/share/p/14XrVrwnxC1

၄

https://www.facebook.com/share/p/1Q78c8emh6
PrevPreviousကျောက်ဖြူမှာ အသက်ရှူလမ်းကြောင်း ရောဂါဖြစ်တဲ့ ရွာတွေကိုအာရက္ခအစိုးရ ဆေးကုပေး
Nextအာဏာသိမ်းစစ်ခေါင်းဆောင် ကမ္ဘောဒီးယားသို့သွားပြီNext
Previous Post

ကျောက်ဖြူမှာ အသက်ရှူလမ်းကြောင်း ရောဂါဖြစ်တဲ့ ရွာတွေကိုအာရက္ခအစိုးရ ဆေးကုပေး

Next Post

အာဏာသိမ်းစစ်ခေါင်းဆောင် ကမ္ဘောဒီးယားသို့သွားပြီ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - AA Info Desk

ရခိုင်မှာ လူမျိုးတုန်းသတ်ဖြတ်ဖို့အမိန့်ပေးထားကြောင်း စစ်သုံ့ပန်းတွေဝန်ခံ

September 20, 2026

အာရက္ခပြည်သူတွေ စာရွက်ပေါ်မှာဘောပင်နဲ့ရေးသားလို့လည်း တိုင်ကြားနိုင်

September 20, 2026

Justice for Arakan ဆီတဆင့်ခံ တိုင်ကြားတာမပြုဖို့ ULA သတိပေး

September 20, 2026

Justice for Arakan ဆီ တိုင်ကြားသူတွေအတွက် ဥပဒေအရာရှိတွေခန့်အပ်ထား

September 19, 2026

Justice for Arakan ဆီ တိုင်ကြားသူတွေအတွက် ဥပဒေအရာရှိတွေခန့်အပ်ထား

ဆောမြို့နယ်ကို အာဏာသိမ်းစစ်တပ် အင်အားထပ်ဖြည့်

နီပေါရေဘေး ပျောက်ဆုံးနေသူတွေထဲက အလောင်းဆယ့်တလောင်းထပ်တွေ့ (ဓာတ်ပုံသတင်း)

မီဇိုရမ်မှာ ကျပ်ဘီလီယံချီတန်ဖိုးရှိ စိတ်ကြွဆေးပြားတွေဖမ်းမိ

ကန်ပက်လက်ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်

မလေးရှားမှာ လူငယ်တဦးအသတ်ခံရမှုနဲ့ မြန်မာသုံးဦးဖမ်းဆီးခံရ

Releated Post

Justice for Arakan ဆီ တိုင်ကြားသူတွေအတွက် ဥပဒေအရာရှိတွေခန့်အပ်ထား

September 19, 2026
ပုံဟောင်း - အာဏာသိမ်းစစ်တပ်အင် အားဖြည့်စစ်ကြောင်း

ဆောမြို့နယ်ကို အာဏာသိမ်းစစ်တပ် အင်အားထပ်ဖြည့်

September 19, 2026
ဓာတ်ပုံ-နီပေါတပ်မတော်

နီပေါရေဘေး ပျောက်ဆုံးနေသူတွေထဲက အလောင်းဆယ့်တလောင်းထပ်တွေ့ (ဓာတ်ပုံသတင်း)

September 19, 2026

မီဇိုရမ်မှာ ကျပ်ဘီလီယံချီတန်ဖိုးရှိ စိတ်ကြွဆေးပြားတွေဖမ်းမိ

September 19, 2026
​ဓာတ်ပုံ-ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာန

ကန်ပက်လက်ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်

September 19, 2026

မလေးရှားမှာ လူငယ်တဦးအသတ်ခံရမှုနဲ့ မြန်မာသုံးဦးဖမ်းဆီးခံရ

September 19, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page