အာရက္ခဒေသ

တောင်ကုတ်မှာ မြေမြုပ်မိုင်းနင်းမိလို့ ဒေသခံတဦးဒဏ်ရာရရေ

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့တောင်ကုတ်မှာ ဖေဖော်ဝါရီလ ၁၅ ရက်၊ဒီနေ့ နေ့လည်က စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းနင်းမိလို့ ဒေသခံတဦးဒဏ်ရာရသွားတယ်လို့ တောင်ကုတ်မြို့ခံတွေကဆိုကြပါတယ်။ အဲဒီတောင်ကုတ်မြို့၊ကံပိုင်ရပ်ကွက်ကအသက် ၂၉ နှစ်အရွယ်ကိုမင်းဝေမှာ ညာဖက်ခြေထောက်ပြတ်ထွက်သွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီကိုမင်းဝေဟာ ဒီနေ့ နေလည် ၂ နာ ရီကျော်အချိန်ခန့်က...

Read more

မြောက်ဦးမြို့နယ်မှာ အစ္စလာမ်ကျမ်းမြတ်ကုရ်အာန်အာဂုံဆောင် ဂျလ်ဆာပွဲပြုလုပ်

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့မှာ ဖေဖော်ဝါရီလ ပထအပတ်က အစ္စလာမ်ကျမ်းမြတ်ကုရ်အာန်အာဂုံဆောင်ပွဲပြုလုပ်ခဲ့ပါတယ်။ အဲဒီအစ္စလာမ်ကျမ်းမြတ်ကုရ်အာန်အာ ဂုံဆောင်ဘွဲလက်မှတ်အပ်နှင်းတဲ့ဂျလ်ဆာပွဲကို အာရက္ခတပ်တော်တက်ရောက်ခဲ့ပါတယ်။ အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊မြေပုံ၊...

Read more

ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေကို စစ်ရေးလေ့ကျင့်ပေးနေ

ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (Rohingya Solidary Organization) ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့ဘဇားခရိုင်၊နက်ဖ်ချောင်းဆရီမြို့အနီးတောတွင်းမှာ စစ်ရေးလေ့ကျင့်ပေးနေတယ်လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းက အတည်ပြုပြောကြပါတယ်။ အဲဒီအဖွဲ့ဟာ မောင်တောခရိုင်သိမ်းတို က်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ပူးပေါင်းပြီး အာရက္ခတပ်တော်ကို တိုက်ခိုက်ခဲ့ကြသလို အာရက္ခ-ဘင်္ဂလာနယ်စပ်တလျှောက်မှာအကြမ်းဖက်မှုတွေဆက်လက်ကျူးလွန်နေကြသေးတယ်လို့လည်း ရိုဟင်ဂျာအသိုင်းအဝိုင်းက ဆိုကြပါတယ်။ အဲဒီအဖွဲ့ဟာ ''မူဂျာဟစ်ဒင်''...

Read more

အာရက္ခဒေသက စိုက်ပျိုးရေးကဏ္ဍပြန် လည်ကောင်းမွန်လာဖို့ ဘာတွေလိုအပ်နေသလဲ

ခိုင်ဇော်ရေးသားပါတယ်။ အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်တဲ့နေ့ကစပြီး စစ်ကောင်စီတပ်က ကုန်လမ်း၊ရေလမ်းအားလုံးအပါအဝင် ကုန်စည်စီးဆင်းမှုအားလုံးကိုလည်း ပိတ်ဆို့ကန့်သတ်လိုက်တာမို့ အာရက္ခပြည်သူလူထုတရပ်လုံး စားဝတ်နေရေး၊ကျန်းမာရေးအပါအဝင် အခက်အခဲစိန်ခေါ်မှုပေါင်းစုံနဲ့ရင်ဆိုင်ခဲ့ကြရပါတယ်။ အဲဒီအပြင် စစ်ကောင်စီတပ်က ဒရုန်းတွေ၊လက်နက်ကြီးတွေ၊အတွဲလိုက်ဒုံးတွေ၊ရေတပ်စစ်သင်္ဘောတွေ၊တိုက်လေယာဥ်တွေနဲ့ပစ်ခတ်တိုက်ခိုက်နေခဲ့တာမို့ အာရက္ခပြည်သူတွေ အသက်လုထွက် ပြေးနေခဲ့ကြရပါတယ်။ အဲဒီမတိုင်ခင်ကတည်းက ရာသီဥတုဖောက်ပြန်တာ၊သွင်းအားစုတွေဈေးကြီးတာတွေကြောင့် ယိုယွင်းထိခိုက်နေတဲ့ အာရက္ခဒေသက စိုက်ပျိုးရေးလုပ်ငန်းတွေဟာ...

Read more

မောင်တောမြို့နယ်မှာ အာရက္ခတပ်တော်က မိုင်းရှင်းလင်းရေးတွေပြုလုပ်နေ

မောင်တောမြို့နယ်မှာအာရက္ခတပ်တော်(AA)က မိုင်းရှင်းလင်းရေးတွေပြုလုပ်နေပါတယ်။ အဲဒီမောင်တောမြို့နယ်မှာ စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းတွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကို အရပ်သားပြည်သူတွေ မကြာခဏကြုံနေကြရပါတယ်။ အဲဒီအရပ်သားတွေနေထိုင်တဲ့ကျေးရွာတွေမှာ မိုင်းရှင်းလင်းရေးတွေပြုလုပ်နေတာဖြစ်ပါတယ်။ အဲဒီမောင်တောမြို့၊ လသာရပ်ကွက်၊ ရွှေဇား၊ ရွှေဇားဂုံးနား၊ အီတာလျာ၊ကမ်းပိုင်းနား၊ ကပ်ဘေး၊ စေတီပြင်စတဲ့ ကျေးရွာတွေမှာ ဖေဖော်ဝါရီဒုတိယအပတ်ကစပြီး အာရက္ခတပ်တော်ကမိုင်းရှင်းလင်းရေးတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။ အဲဒီလိုမိုင်းရှင်းလင်းရေးလုပ်နေချိန်...

Read more

မောင်တောမြို့နယ်မှာ စစ်ကျန်လက်နက်ကြောင်း အရပ်သားတဦးသေပြီး လေးဦးဒဏ်ရာရ

မောင်တောမြို့နယ်မှာ ဖေဖော်ဝါရီ ၁၀ ရက်၊ဒီနေ့မနက် ၁၀ နာရီအချိန်ခန့်က စစ်ကောင်စီတပ်ရဲ့ စစ်ကျန်ဗုံးပေါက်ကွဲလို့ အရပ်သားတဦးသေဆုံးပြီးလေးဦးဒဏ် ရာရသွားတယ်လို့ ရွာသားတွေကဆိုကြပါတယ်။ အဲဒီမောင်တောမြို့နယ်၊ရွှေဇားဂုံးနားကျေးရွာက အသက်နှစ်ဆယ့်နှစ်နှစ်အရွယ် ဖေရုစ်ခါန်သေဆုံးသွားပြီး အသက်တဆယ့်ရှစ်နှစ်အရွယ်အာရ်တာအာမောက်၊အသက်နှစ်ဆယ့်သုံးနှစ်အရွယ် မာမတ်နူရ်၊အသက်သုံးဆယ်အရွယ်မာမတ်ဇူနိုင်နဲ့အာရ်တာအာမောက်တို့ ဒဏ်ရာရသွားတယ်လို့ ရွာသားတွေက ဆိုကြပါတ ယ်။...

Read more

အာရက္ခတပ်တော်ဖမ်းဆီးထိန်းသိမ်းထားသူတရာကျော်ကိုပြန်လွှတ်ပေး

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဖမ်းဆီးထိန်းသိမ်းထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေအပါအဝင် အရပ်သားအကျဥ်သားတ ချို့ကို ဖေဖော်ဝါရီလ ၈ ရက်၊မနေ့ကပြန်လွှတ်ပေးလိုက်ပါတယ်။ အဲဒီစစ်ကောင်စီတပ်ရဲ့မိသားစုဝင်အမျိုးလေးဆယ်၊အမျိုးသမီးခုနှစ်ဆယ်ခြော က်ဦးအပါအဝင် အရပ်သားအကျဥ်သားနှစ်ဆယ့်ခြောက်ဦးဖြစ်ပြီး သူတို့ဟာ စစ်ကောင်စီတပ်ကင်းမဲ့တဲ့နေရာတွေကဖြစ်ကြပါတယ်။ အဲဒီသူတွေကို အာရက္ခတပ်တော်က မိသားစုဝင်တွေဆီ တရားဝင်လွဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။ အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအ ဝင်...

Read more

အာရက္ခဒေသပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံတကာအကူအညီတွေလိုအပ်နေ

အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပြီး အာရက္ခပြည်သူတွေဘေးကင်းလုံခြုံရေးအပါအဝင်ပြန်လည်တည်ဆောက်ရေးကိုလည်း ကူညီဆောင်ရွက်ပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အဲဒီလိုပြန်လည်တည်ဆောက်ရေးတွေမှာ နိုင်ငံတကာအကူအညီတွေလိုအပ်နေပြီး နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကဖိတ်ခေါ်တာဝန်ယူပေးသင့်တယ်လို့လည်း အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အဲဒီအပြင် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကိုအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပိုမိုနေရာပေးသင့်သလို အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကို အသိအမှတ်ပြုပြီးအခွင့်အရေးတွေဖော်ဆောင်ပေးသင့်တယ်လို့လည်း အာရက္ခပြည်သူတွေက...

Read more

မောင်တောဒေသမှာ ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ လိုအပ်နေ

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့မောင်တောဒေသမှာ လူ့အ သိုင်းအဝိုင်းတွေကြား ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့လိုအပ်နေတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အဲဒီမောင်တောဒေသတိုက်ပွဲတွေမှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေဟာအရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ပြန်ပေးဆွဲတာတွေကျူးလွန်ခဲ့ကြတာမို့ ဒေသခံပြည်သူတွေကြားမှာ အချင်းချင်းမယုံကြည်မှုတွေရှိနေ ကြဆဲလို့ မောင်တောဒေသနေပြည်သူတွေက ဆိုကြပါတယ်။ အဲဲဒါကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကဦးဆောင်ပြီး လူမှုသဟ ဇာတဖြစ်ရေးအတွက်...

Read more

မောင်တောမှာ မြေမြုပ်မိုင်းနင်းမိလို့ အရပ်သား သုံးဦးဒဏ်ရာရ

မောင်တောမြို့နယ်မှာ ဖေဖော်ဝါရီလ ၆ ရက်၊ ဒီနေ့ညနေ ၃ ကျော်အချိန်ခန့်က စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားသုံးဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီမောင်တောမြို့နယ်၊ရွှေဇားဂုံးနားရွာက ဒိလ်မာမတ်ရဲ့သမီးအသက်သုံးဆယ်အရွယ်ုဲရ်ကိုင်လ်ဒါ၊သူမရဲ့မောင်မာမတ်ဆော်လိမ်နဲ့အေနာဇူလ်ဟောက်ရဲ့ သမီးအသက်နှစ်နှစ်အရွယ်ရှာဟဲအာတာမှာ ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။ အဲဒီနုရ်ကိုင်လ်ဒါဟာ သူမရဲ့အိမ်နောက်ဖက်သို့ ရေခပ်သွားချိန်...

Read more
Page 159 of 168 1 … 158 159 160 … 168

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here