Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
မောင်တောခရိုင် မောင်တောမြို့နယ် သတင်း အာရက္ခဒေသ

မောင်တောဒေသမှာ ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ လိုအပ်နေ

(ဓာတ်ပုံ - မောင်တောမြို့နယ်မှစစ်ဘေးရှောင်တချို့ / BNA)

(ဓာတ်ပုံ - မောင်တောမြို့နယ်မှစစ်ဘေးရှောင်တချို့ / BNA)

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
10
VIEWS
Share on FacebookShare on Twitter

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့မောင်တောဒေသမှာ လူ့အ သိုင်းအဝိုင်းတွေကြား ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့လိုအပ်နေတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီမောင်တောဒေသတိုက်ပွဲတွေမှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေဟာအရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ပြန်ပေးဆွဲတာတွေကျူးလွန်ခဲ့ကြတာမို့ ဒေသခံပြည်သူတွေကြားမှာ အချင်းချင်းမယုံကြည်မှုတွေရှိနေ ကြဆဲလို့ မောင်တောဒေသနေပြည်သူတွေက ဆိုကြပါတယ်။

အဲဲဒါကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကဦးဆောင်ပြီး လူမှုသဟ ဇာတဖြစ်ရေးအတွက် ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ လိုအပ်နေတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ဖို့အတွက်က ပြည်သူအားလုံးယုံကြည်လက် ခံဖို့လိုအပ်ပါတယ်။ရခိုင်လူမျိုးတွေကိုရိုဟင်ဂျာတွေကမယုံကြည်ရင်လည်းအ ဆင်မပြေသလို ရိုဟင်ဂျာတွေကို ရခိုင်လူမျိုးတွေကမယုံကြည်ကြရင်လည်းငြိမ်းချမ်းစွာအတူယှဥ်တွဲနေထိုင်နိုင်ဖို့ခက်ခံပါတယ်။” လို့ နိုင်ငံတကာသံတမန်တဦးက Border News Agency ကိုပြောပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါ အဝင် မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊မြေပုံ၊ပေါက်တော၊ရမ်းဗြဲ၊သံတွဲ၊တောင်ကုတ်၊အမ်း၊ဂွမြို့ နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပြီး အာရက္ခပြည်သူတွေ ဘေးကင်းလုံခြုံရေးအပါအဝင် ပြန်လည်တည်ဆောက်ရေးကိုလည်း ကူညီဆောင်ရွက်ပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတ ယ်။

ဒါပေမယ့် မောင်တောဒေသတိုက်ပွဲကာလတွေမှာ ရိုဟင်ဂျာအမည်ခံလက်နက် ကိုင်တွေက အရပ်သားပြည်သူတွေကို မတရားဖမ်းဆီးသတ်ဖြတ်တာတွေကျူး လွန်ခဲ့ကြတာမို့ မွတ်ဆလင်အသိုင်းအဝိုင်းအပေါ်ယုံကြည်ဖို့ခက်ခဲနေတုန်းပဲလို့ ရခိုင်လူမျိုးတချို့က ဆိုကြပါတယ်။

“ကုလားနေမယ်ဆိုရင် ကျမတို့ ရခိုင်သားတွေနဲ့ ဘယ်လိုနေမလဲ။နီးနီးလေးဆိုတော့။ကုလားတွေလုပ်လို့ ဒီပြဿနာဖြစ်တာမဟုတ်ဘူးလား။ကုလားနဲ့ နီးနီးကပ်ကပ်နေရမယ်ဆိုရင် ကျမတို့မနေဘူး။ကျမတို့ဘေးနားမှာ အေအေ ကလူတွေ စခန်းချပြီးနေမယ်ဆိုရင် ကျမတို့နေမယ်။မဟုတ်ဘူးဆိုရင် ကျမတို့မနေရေးဘူး။လုံခြုံတဲ့နေရာတခုကိုသွားမယ်။” လို့ မိသားစုဝင်ငါးဦးကို ရိုဟင်ဂျာအ မည်ခံလက်နက်ကိုင်တွေကဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူအမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီမောင်တောမြို့သိမ်းတိုက်ပွဲတွေမှာအာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် မတော်(ARSA)၊ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့(RSO)၊အာရကန်ရိုဟင်ဂျာတပ်မတော်(ARA)၊စစ်သင်တန်းဆင်းမွတ်ဆလင်လက်နက်ကိုင်တွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ အရပ်သားပြည်သူတွေကို မတရားဖမ်းဆီးတာတွေအပါအဝင် အကြမ်းဖက်မှုတွေကျူးလွန်ခဲ့ကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအပြင် ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲတွေမှာလည်း လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေအပါအဝင် အရပ်သားပြည်သူတွေကိုမတရားဖမ်းဆီးသတ် ဖြတ်တာတွေလည်း ကျူးလွန်ခဲ့ကြတယ်လို့ အာရက္ခပြည် သူတွေက ဆိုကြပါတယ်။

အဲဒီလိုပဲ အာရက္ခတပ်တော်ကလည်း မွတ်ဆလင်တွေကိုဖမ်းဆီးသတ်ဖြတ်တာတွေအပါအဝင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကျူးလွန်ခဲ့ကြတယ်လို့ ရိုဟင်ဂျာတွေနဲ့နိုင်ငံတကာအသိုင်းအဝိုင်းကစွပ်စွဲထားကြပါတယ်။

အဲဒါကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အုပ်ချုပ်ရေးယန္တရားကို မွ တ်ဆလင်အသိုင်းအဝိုင်း ကယုံကြည်လက်ခံဖို့ခက်ခဲနေကြပြီးစိုးရိမ်စိတ်တွေရှိနေကြတယ်လို့ မွတ်ဆလင်တွေက ဆိုကြပါတယ်။

“အေအေက မတရားဖမ်းဆီးတာတွေရှိနေလို့ သူတို့အုပ်ချုပ်ရေးယန္တယားကို အကောင်းမမြင်သူတွေရှိနေပါတယ်။ခုအေအေက နေရာအများစုကိုသိမ်းပိုက်ထားနိုင်ခဲ့ပေမယ့်မြို့ပေါ်မူလနေရာမှာ ပြန်ဝင်ခွင့်မ‌ပေးတာလို့ တန်းတူအခွင့် အရေးပေးမယ်လိုမထင်ပါ။နောင်အချိန်မှာလည်း ကျနော်တို့ကို ကျွန်လို့အေအေလက်အောက်မှာ နေထိုင်ရမှာကို စိုးရိမ်နေမိပါတယ်။” လို့ မောင်တောမြို့မှစစ်ဘေးရှောင်မွတ်ဆလင်တဦးက Border News Agency ကို ပြောပါတယ်။

အဲဒီမောင်တောမြို့နယ်တခုလုံးကို ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၈ ရက်နေ့က အာရက္ခတပ်တော်မှအပြီး သတ်သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့သလို ဘူးသီးတောင်မြို့ န ယ်ကိုလည်း ပြီးခဲ့တဲ့မေလ ၁၈ ရ က်နေ့က အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီမောင်တောဒေသမှာအရပ်သားပြည်သူအားလုံးစစ်ဘေးရှောင်ထွက်ပြေးခဲ့ကြရပြီးမြိုလူမျိုးတွေအပါအဝင်မွတ်ဆလင်တွေလည်း သေဆုံးဒဏ်ရာရဖမ်း ဆီးခံခဲ့ရတာတွေရှိခဲ့ကြပြီး ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေရဲ့ အကြ မ်းဖက်တိုက်ခိုက်မှုတွေဆက်လက်ရှိနေဆဲမို့ လူ့အသိုင်းအဝိုင်းတွေကြားမှာယုံကြ ည်မှုရှိရှိငြိမ်းချမ်းစွာအ တူယှဥ်တွဲနေထိုင်ကြဖို့ ခက်ခဲနေကြဆဲဖြစ်တာလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

မောင်တောဒေသတိုက်ပွဲတွေကြောင့်မွတ်ဆလင်လူဦးရေးတသိန်းနီးပါးထိတ ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံလာခဲ့ကြသလို မြို၊သက်၊ဒိုက်နက်၊ရခိုင်လူမျိုးနှစ်ရာနီးပါးထိဝင်ရောက်ခိုလှုံလာခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုရတာဝန်ရှိသူတွေနဲ့နိုင်ငံတကာအသိုင်းအဝိုင်းက ဆိုကြပါတယ်။

PrevPreviousမောင်တောမှာ မြေမြုပ်မိုင်းနင်းမိလို့ အရပ်သား သုံးဦးဒဏ်ရာရ
Nextအာရက္ခဒေသပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံတကာအကူအညီတွေလိုအပ်နေNext
Previous Post

မောင်တောမှာ မြေမြုပ်မိုင်းနင်းမိလို့ အရပ်သား သုံးဦးဒဏ်ရာရ

Next Post

အာရက္ခဒေသပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံတကာအကူအညီတွေလိုအပ်နေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

အာဏာသိမ်းစစ်ခေါင်းဆောင် တရုတ်နိုင်ငံကို ခရီးစတင်သွားရောက်

June 15, 2026

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေလုပ်ကိုင်ခွင့်မရှိတဲ့အလုပ်အကိုင် ၁၀ မျိုးထုတ်ပြန်

June 15, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

ရာဇဂြိုဟ်တမံကိုအာဏာသိမ်းစစ်တပ် ပြန်လည်ထိန်းချုပ်

June 15, 2026

အမေရိကန်-အီရန်စစ်ပွဲအဆုံးသတ်ရေး သဘောတူညီမှုရရှိ

June 15, 2026

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

Releated Post

ဓာတ်ပုံ - 7 EAO Alliance

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

June 9, 2026
ဓာတ်ပုံ - မီဇိုရမ်ရဲတပ်ဖွဲ့

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

June 9, 2026
ဓာတ်ပုံ - Al Jazeera

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

June 9, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

June 9, 2026
(ဓာတ်ပုံ - ကြိုးဆွဲချသေဆုံးသွားသူ/ပေးပို့)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

June 9, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

June 9, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page