နိုင်ငံတကာ

​အိန္ဒိယမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသားနှစ်ဆယ့်ခုနှစ်ဦးကို နေရပ်ပြန်ပို့

​အိန္ဒိယနိုင်ငံမှာအကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးနောက်ပြန်လည်လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသား နှစ်ဆယ့်ခုနှစ်ကို ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ နေရပ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ​အဲဒီပြန်ပို့ပေးလိုက်တဲ့သူတွေဟာ မဏိပူရ်ပြည်နယ်ရှိနိုင်ငံခြားသားထိန်းသိမ်းရေးစခန်းတွေမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားဖြစ်ကြောင်း စိစစ်ပြီးသူတွေဖြစ်ပါတယ်။ အဲဒီထဲမှာ အမျိုးသားနှစ်ဆယ့်လေးဦးနဲ့ အမျိုးသမီးသုံးဦး၊စုစုပေါင်းနှစ်ဆယ့်ခုနှစ်ဦး ပါဝင်ပါတယ်။ ​သူတို့ကို အိန္ဒိယအစိုးရရဲ့ အစီအစဉ်နဲ့ မဏိပူရ်ပြည်နယ်၊ အင်ဖာမြို့ကနေတဆင့် နယ်စပ်မြို့ဖြစ်တဲ့ မိုရေးမြို့ကို ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီကနေမှတဆင့် တမူးမြို့က အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်/ထွက်ဂိတ်မှာ မြန်မာဘက်က တာဝန်ရှိသူတွေဆီလွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ အဲ​ဒီလို နေရပ်ပြန်နိုင်ဖို့အတွက် မြန်မာသံရုံးကနေ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနနဲ့ မဏိပူရ်ပြည်နယ်က သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သူတို့အားလုံးကို နေရပ်အသီးသီးဆီ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီလို့ဆိုပါတယ်။

Read more

သမ္မတဟောင်းမာဒူရိုကို ပြန်လွှတ်ပေးဖို့ ဗင်နီဇွဲလားပြည်သူထောင်ချီလမ်းပေါ်ထွက်ဆန္ဒပြ

​အမေရိကန်အစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းတာခံထားရတဲ့ ဗင်နီဇွဲလား သမ္မတဟောင်း နီကိုးလပ်စ် မာဒူရို (Nicolás Maduro) နဲ့ ဇနီးဖြစ်သူတို့ကိုခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ဆန္ဒပြပွဲကို မြို့တော် ကာရာကတ်စ် (Caracas) မှာ ဖေဖော်ဝါရီလ ၃ ရက်နေ့ကစပြီး ဒီနေ့အထိ ပြုလုပ်နေတယ်လို့ ဗင်နီဇွဲလား ပြန်ကြားရေးဝန်ကြီးဌာန (MINCI) က ထုတ်ပြန်ပါတယ်။ အဲဒီဆန္ဒပြပွဲကို မြို့တော်ရှိအဓိကလမ်းမကြီးတွေနဲ့သမ္မတနန်းတော်အနီးမှာ "နီကိုးလပ်စ်ကို လွတ်မြောက်စေရမည်" (Free Nicolas) ဆိုတဲ့ကမ်ပိန်းနဲ့အတူ ပြည်သူထောင်ပေါင်းများစွာက စုဝေးဖော်ထုတ်ခဲ့ကြတာလို့ သိရပါတယ်။ ​အမေရိကန်အထူးတပ်ဖွဲ့တွေရဲ့ လျှို့ဝှက်စစ်ဆင်ရေးကြောင့် ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းကသမ္မတဟောင်း မာဒူရိုနဲ့ ဇနီးဖြစ်သူဆီလီယာ ဖလောရက်စ် (Cilia Flores) တို့ဟာ ဗင်နီဇွဲလားနိုင်ငံပြင်ပသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ​သူတို့ဇနီးမောင်နှံကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ဖက်ဒရယ်တရားရုံးမှာ မူးယစ်ဆေးဝါးမှောင်ခိုမှု(Narco-terrorism)၊ ငွေကြေးခဝါချမှုနဲ့ လက်နက်မှောင်ခိုမှုပုဒ်မတွေနဲ့ တရားစွဲဆိုထားတယ်လို့ ဆိုပါတယ်။ ​အဲဒီဆန္ဒပြပွဲမှာ မာဒူရိုရဲ့ "ချာဗစ္စတာ" (Chavista) လှုပ်ရှားမှုအဖွဲ့ဝင်တွေ၊အစိုးရဝန်ထမ်းတွေနဲ့ ထောက်ခံသူတွေက အနီရောင်ဝတ်စုံတွေ ဝတ်ဆင်ကာ မာဒူရိုရဲ့ ပုံတူကားချပ်တွေကို ကိုင်ဆောင်ပြီး "ဗင်နီဇွဲလားက နီကိုးလပ်စ်ကို လိုအပ်တယ်" လို့ ကြွေးကြော်ခဲ့ကြပါတယ်။ အမေရိကန်ရဲ့ ဒီလုပ်ရပ်ဟာ ဗင်နီဇွဲလားနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်လို့ ဆန္ဒပြခေါင်းဆောင်တွေက စွပ်စွဲပြောဆိုထားပါတယ်။ ​မာဒူရိုကို ဖမ်းဆီးထားတာကြောင့် လက်တင်အမေရိကအတွင်းရှိ မဟာမိတ်နိုင်ငံတွေကြား တင်းမာမှုတွေမြင့်တက်နေပြီး အမေရိကန်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေလည်း တကျော့ပြန် အားကောင်းလာနေတယ်လို့ သိရပါတယ်။ 

Read more

​ဟတ်ယိုင်မြို့ Lotus’s စင်တာရှိ ရွှေဆိုင်ကို သေနတ်သမားတဦးဓားပြတိုက်

ထိုင်းနိုင်ငံ၊ ဆောင်ခလာပြည်နယ်၊ ဟတ်ယိုင်မြို့က ဆောင်ခလာမင်းသားတက္ကသိုလ် (PSU) အနီးမှာရှိတဲ့ Lotus’s Go Fresh ဈေးဝယ်စင်တာအတွင်းက နာမည်ကြီးရွှေဆိုင်တဆိုင်ကို ဖေဖော်ဝါရီလ ၃ ရက်၊ ညနေ ၆ နာရီခွဲအချိန်မှာ တကိုယ်တော် သေနတ်သမားတဦး ဝင်ရောက်စီးနင်းခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ ​CCTV မှတ်တမ်းတွေအရ အဲဒီသေနတ်သမားဟာ အနက်ရောင်အဝတ်အစားတွေ ဝတ်ဆင်ထားပြီး ဆိုင်ကယ်စီးဦးထုပ် (Full-face) ဆောင်းထားတဲ့ အမျိုးသားတဦးဖြစ်တယ်လို့ သိရပါတယ်။ ​အဲဒီတရားခံဟာ လက်နက်တိုတလက်ကို ကိုင်ဆောင်ပြီးရွှေဆိုင်အတွင်းကို တိုက်ရိုက်ဝင်ရောက်လာကာ ဆိုင်ဝန်ထမ်းတွေကို သေနတ်နဲ့ ခြိမ်းခြောက်ခဲ့တာပါ။ ​အဲဒီနောက် ရွှေထည်တွေပြသထားတဲ့ မှန်ကောင်တာကို ရိုက်ခွဲပြီး အတွင်းမှာရှိတဲ့ ရွှေဆွဲကြိုးတွေကို လုယူခဲ့တာဖြစ်ပြီး လုယူသွားတဲ့ ရွှေထည်စုစုပေါင်း အလေးချိန်ဟာ ဘတ် ၆၀ (မြန်မာအလေးချိန် ၆၀ ကျပ်သားခန့်) ရှိတယ်လို့ ဆိုပါတယ်။ ​အဲဒီလုယူခံရတဲ့ ရွှေထည်တွေရဲ့ လက်ရှိကာလတန်ဖိုးဟာ ဘတ်ငွေ ၂ သန်းကျော် (မြန်မာငွေ သိန်းပေါင်းများစွာ) တန်ဖိုးရှိပြီး တရားခံဟာရွှေတွေကို ယူဆောင်ကာ စင်တာအပြင်ဘက်မှာ အသင့်ရပ်ထားတဲ့ ဆိုင်ကယ်နဲ့အလျှင်အမြန် မောင်းနှင်ထွက်ပြေးသွားခဲ့ပါတယ်။ အဲဒီတရားခံ ထွက်ပြေးရာမှာ အသုံးပြုခဲ့တဲ့ ဆိုင်ကယ်ဟာ နေ့လည်ပိုင်းက စဏ္ဏား (Chana) ခရိုင်ဘက်ကနေ ခိုးယူလာတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။ ​အဲဒီဟတ်ယိုင်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တွေဟာ အခင်းဖြစ်နေရာကို ပိတ်ဆို့စစ်ဆေးနေပြီး တရားခံကိုအမြန်ဆုံးဖမ်းဆီးနိုင်ဖို့ CCTV မှတ်တမ်းတွေကို အခြေခံကာ ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။ 

Read more

မင်းအောင်လှိုင်ကိုတရားစွဲထားတဲ့အမှု တီမောတရားရုံး လက်ခံ

Border News Agencyတီမော၊ ဖေဖော်ဝါရီ ၃။ ​စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကတိုင်ကြားထားတဲ့အမှုဖိုင်ကို တီမောလက်စတေနိုင်ငံကစစ်ဆေးဖို့ တရားဝင်လက်ခံလိုက်ပြီလို့ သိရပါတယ်။ အဲ​ဒီအမှုထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးကို အုပ်စုလိုက်အဓမ္မပြုကျင့်တာ၊ ကလေးနဲ့သတင်းသမားအပါအဝင် လူဆယ်ဦးကိုအစုလိုက်သတ်ဖြတ်တာ၊ ဘုရားကျောင်းနဲ့ဆေးရုံတွေကို...

Read more

မြန်မာ-ရုရှား စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ရေးထိုး

Border News Agenyရုရှား၊ ဖေဖော်ဝါရီ ၃။ မြန်မာနဲ့ ရုရှား နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနတွေကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ ဖေဖော်ဝါရီလ ၂ ရက်၊မနေ့ကလက်မှတ်ရေးထိုးခဲ့ကြတယ်လို့ စစ်ကော်မရှင်တပ်ကထုတ်ပြန်ပါတယ်။ အဲ​ဒီလက်မှတ်ကို နှစ်နိုင်ငံ ဒု-ကာကွယ်ရေးဝန်ကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်မျိုးသန့်နဲ့ ရုရှား ဒု-ကာကွယ်ရေးဝန်ကြီး...

Read more

စစ်တပ်ရဲ့အကြမ်းဖက်မှုတွေအပေါ် ICJ မှတဆင့်တရားမျှတမှုရှာဖို့ မြန်မာဟိန္ဒူယူနီယံ တောင်းဆို

Border News Agencyရန်ကုန်​၊ ဖေဖော်ဝါရီ ၂။ ​မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဘာသာဝင်အားလုံး၊ လူမျိုးအားလုံးနဲ့အတူ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးကို လက်ခံထားတဲ့ မြန်မာဟိန္ဒူယူနီယံ (MHU) ကစစ်တပ်ရဲ့ လုပ်ရပ်တွေအပေါ် သူတို့ရဲ့ သဘောထားကို ဖေဖော်ဝါရီလ ၁ ရက်၊...

Read more

​စစ်ကော်မရှင်ရွေးကောက်ပွဲ အတုအယောင်သာဖြစ်တယ်လို့ EU ပြော

Border News Agencyဥရောပ၊ ဖေဖော်ဝါရီ ၁။ စစ်ကော်မရှင်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပခဲ့တဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို ဥရောပသမဂ္ဂ (EU) က အနီးကပ်စောင့်ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲဟာလွတ်လပ်ပြီး...

Read more

​ICJ ကြားနာပွဲသွား စစ်ကော်မရှင်ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်ပြန်ရောက်

Border News Agencyရန်ကုန်၊ ဖေဖော်ဝါရီ ၁။ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံနဲ့ ရင်ဆိုင်နေရတဲ့အမှုအတွက် သွားရောက်လျှောက်လဲခဲ့တဲ့ စစ်ကော်မရှင်ကိုယ်စားလှယ်အဖွဲ့ဟာ ဖေဖော်ဝါရီ ၁ ရက်၊ မနက်ပိုင်းက ရန်ကုန်ကိုပြန်လည်ရောက်ရှိလာပါတယ်။ ​အဲဒီအဖွဲ့ကို...

Read more

​ဂမ်ဘီယာနဲ့ မြန်မာအမှု ICJ တရားရုံးက စတင်အဆုံးအဖြတ်ပေးတော့မယ်

Border News Agencyနယ်သာလန်၊ ဇန်နဝါရီ ၃၁။ ​ဂမ်ဘီယာနိုင်ငံကမြန်မာနိုင်ငံအပေါ် စွဲဆိုထားတဲ့လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာအမှုအတွက် နှစ်ဖက်အပြန်အလှန် လျှောက်လဲချက်ပေးတဲ့ လူသိရှင်ကြား ကြားနာပွဲတွေဟာ ဇန်နဝါရီလ ၂၉ ရက်နေ့မှာပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ အဲဒါကြောင့် ခုတရားရုံးက အမှုအပေါ် စတင်သုံးသပ်ပြီး အဆုံးအဖြတ်ပေးဖို့...

Read more

စစ်ကော်မရှင်ရွေးကောက်ပွဲ အာဆီယံအသိအမှတ်မပြု

Border News Agencyဖိလပိုင်၊ ဇန်နဝါရီ ၂၉။ ​စစ်ကော်မရှင်က ဦးစီးကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို အာဆီယံအနေနဲ့ အသိအမှတ်မပြုဘူးလို့ အာဆီယံအလှည့်ကျဥက္ကဌ ဖိလစ်ပိုင်နိုင်ငံက ဇန်နဝါရီလ ၂၉ ရက်၊ဒီနေ့ မှာပြောလိုက်ပါတယ်။ ​ဖိလစ်ပိုင်နိုင်ငံ၊စီဘူးမြို့မှာ ပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး...

Read more
Page 59 of 65 1 58 59 60 65

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here