Border News Agencyမြောက်ဦး၊ ဧပြီ ၁၉။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို ဧပြီလ ၁၉ ရက်၊ဒီနေ့ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့သံဃာတော်သုံးပါးအပါအဝင်တဆယ့်သုံးဦးဒဏ်ရာရသွားပါတယ်။ အဲဒီမြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာအနီးကို ဧပြီလ ၁၉ ရက်၊ဒီနေ့မနက် ၁၀ နာရီအချိန်ခန့်ကတကြိမ်၊ နေ့လည်...
Read moreBorder News Agencyအမေရိကန်၊ ဧပြီ ၁၉။ အမေရိကန်ဘက်က အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားတာကို မရပ်မချင်း အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးမှာမဟုတ်ဘူးလို့ အီရန်ဘက်က ဧပြီလ ၁၉ ရက်၊ ဒီနေ့မှာ ထပ်ပြီးအတည်ပြုလိုက်ပါတယ်။ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC)...
Read moreBorder News Agencyရမ်းဗြဲ၊ ဧပြီ ၁၉။ တရုတ်-မြန်မာသဘာဝဓာတ်ငွေ့ပိုက်လိုင်းစတင်ရာ ရမ်းဗြဲကျွန်းကို အာဏာသိမ်းစစ်တပ်ပြန်သိမ်းဖို့ကြိုးစားနေပါတယ်။ အဲဒီရမ်းဗြဲကျွန်းကို အာဏာသိမ်းစစ်တပ်ရဲ့ရေတပ်စစ်သင်္ဘောကြီးတွေအသုံးပြုပြီး ကမ်းတက်စစ်ဆင်ရေးပြုလုပ်ဖို့ကြိုးစားနေတာဟာ တရုတ်စီးမံကိန်းတွေကို စတင်အကောင်အထည်ဖော်နိုင်ဖို့ဖြစ်တယ်လို့ ရခိုင်အရေးစောင့်ကြည့်လေ့လာနေကြသူတွေက ဆိုကြပါတယ်။ "ရမ်းဗြဲကျွန်းမှာတရုတ်တည်ဆောက်မယ့်စီမံကိန်းအတွက် အာဏာသိမ်းစစ်တပ်နဲ့တရုတ်က စာချုပ်ချုပ်ထားပြီးသာပါ။အဲဒါကိုအကောင်အထည်ဖော်ဖို့အတွက်တရုတ်က အာဏာသိမ်းစစ်တပ်ကိုဖိအားပေးနေတာပါ။အဲဒါကြောင့်အာဏာသိမ်းစစ်တပ်က စစ်အင်အားသုံးပြီးပြန်သိမ်းနိုင်ဖို့ကြိုးစားနေတာလို့သေချာပါတယ်။''...
Read moreBorder News Agencyမြောက်ဦး၊ ဧပြီ ၁၉။ အာဏာသိမ်းစစ်တပ်ဟာ လေယာဥ်တွေအစုလိုက်လာရောက်ပြီး အစုလိုက်လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်နေပါတယ်။ အာဏာသိမ်းစစ်တပ်ဟာအရင်တုန်းကလေယာဥ်နှစ်စီး၊သုံးစီးထိသာလာရော က်ပြီးဗုံးလေးငါးလုံးခန့်သာပစ်ခတ်တို က်ခိုက်ခဲ့တာပါ။ ဒါပေမယ့်ခုနောက်ပိုင်းမှာလေယာဥ်ငါးစီးထိလာရောက်ပြီးဗုံးအလုံးရေတရာကျော်ထိအစုလိုက်အပြုံလိုက်ပစ်ခတ်တိုက်ခိုက်တာတွေပြုလုပ်နေပါတယ်။ အဲဒီအပြင်လေကြောင်းတိုက်ခိုက်မှုတွေကိုသုံးနာရီကျော်ထိဆက်တိုက်ပစ်ခတ်တိုက်ခိုက်တာတွေပြုလုပ်နေတာပါ။ အဲဒီလိုဗျူဟာပြောင်းပြီးအစုလိုက်အ ပြုံလိုက်တိုက်ခိုက်နေတာဟာ မြေပြင်အတိုက်ခံရတဲ့နေရာကိုအပြောင်ရှင်းစနစ်ကိုကျင့်သုံးနေတာလို့စစ်ရေးလေ့ လာစောင့်ကြည့်နေကြသူတွေက ဆိုကြပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ အ...
Read moreBorder News Agencyအီရန်၊ ဧပြီ ၁၉။ ဟော်မုဇ်ရေလက်ကြားကို အီရန်ဘက်က ပြန်ပိတ်လိုက်တာကြောင့် နိုင်ငံတကာ သင်္ဘောသွားလာရာမှာ အလွန်အမင်း ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်နေပြီး အိန္ဒိယရေနံတင်သင်္ဘောတစီးကိုလည်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ပစ်ခတ်တားဆီးခဲ့တယ်လို့ သိရပါတယ်။ အီရန်ဘက်က...
Read moreBorder News Agencyမြောက်ဦး၊ ဧပြီ ၁၉။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာဘုန်းကြီးကျောင်းကို ဧပြီလ ၁၉ ရက်၊ဒီနေ့ ၁၂ နာရီ ၃၅ မိနစ်အချိန်ကစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလိုတိုက်ခိုက်လို့ ဘုန်းကြီးကျောင်းမီးလောင်းပျက်စီးသွားခဲ့ပါတယ်။ အဲဒီမြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာအနီးကို ဧပြီလ...
Read moreBorder News Agencyနေပြည်တော်၊ ဧပြီ ၁၉။ မြန်မာနှစ်ဆန်းတရက်နေ့မှာ စစ်ကော်မရှင်တပ် သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတချို့ကို လွှတ်ပေးခဲ့တာဟာ သူတို့ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားတာပဲဖြစ်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် ဘာမှအထောက်အကူမပြုဘူးလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)...
Read moreBorder News Agencyအီရန်၊ ဧပြီ ၁၉။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီလ ၁၇ ရက်မှာ တနာရီအတွင်း အချက် ၇ ချက်ကို လူမှုကွန်ရက်ကနေ ရေးသားခဲ့ပေမယ့် အဲဒီအချက်တွေအားလုံးဟာ မှားယွင်းနေတယ်လို့ အီရန်ပါလီမန်ဥက္ကဋ္ဌ မိုဟာမက်...
Read moreBorder News Agencyမန္တလေး၊ဧပြီ ၁၉။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး က သမ္မတတုကိုနိုင်ငံတော်သမ္မတအဖြစ် အသိအမှတ်ပြု ကြိုဆိုထောက်ခံကြောင်း ထုတ်ပြန်ခဲ့တဲ့ လုပ်ရပ်အပေါ် မန္တလေးဆေးတက္ကသိုလ်ကြားကာလတက္ကသိုလ်ကောင်စီ (UMMIUC) က ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။ UMMIUC အနေနဲ့ အရင်က Ta'angland Health...
Read moreBorder News Agencyနေပြည်တော်၊ ဧပြီ ၁၉။ မြန်မာနိုင်ငံမှာ မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Volker Turk က ဧပြီလ ၁၇ ရက်၊ မနေ့ကတိုက်တွန်းလိုက်ပါတယ်။...
Read moreHey! Don't Copy my content.