In-depth Report
Border News Agency
မြောက်ဦး၊အောက်တိုဘာ ၃၁။
အဆုံးအဖြတ်စစ်ပွဲ
အာရက္ခတပ်တော်(AA)ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့”၁၀၂၇ စစ်ဆင်ရေး ”အဖြစ် အာရက္ခဒေသမှာ ပြီးခဲ့တဲ့ ၂၀၂ ၃ ခုနှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တော -အငူမော်ကားလမ်းရှိ အာဏာသိမ်းစစ်တပ်ရဲ့ဒုံးပိုက်နယ်ခြားစောင့် အထိုင်စခန်းကို အာရက္ခတပ်တော်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီအာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်တဲ့နေ့ကစပြီး အာရက္ခဒေသရှိ ကုန်းလမ်း၊ရေလမ်းအားလုံးကို အာဏာသိမ်းစ စ်တပ်ကတားဆီးကန့်သတ်ပိတ်ဆို့ထားသလို ကုန်စည်စီးဆင်းမှုအားလုံးကိုလည်း တားမြစ်ပိတ်ဆို့ထားပါတယ်။
အဲဒီအပြင် ကျန်းမာရေးအဆောက်အဦးတွေ၊ဆေးရုံတွေကိုလည်း ပစ်မှတ်ထားတိုက်ခိုက်နေတာမို့ အာရက္ခပြည်သူတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေဟာ အဆိုးဆုံးကိုရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအာရက္ခအဆုံးအဖြတ်စစ်ပွဲပြင်းထ န်နေချိန်တွေမှာ အာရက္ခပြည်သူတွေဟာ အရေးပေါ်အခြေအနေတွေအပါအဝင်ခွဲစိတ်ကုသရမယ့်ရောဂါတွေကို ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ခက်ခက်ခဲခဲသွားရောက်ကုသခဲ့ကြရပြီး ဘင်္ဂလားဒေ့ရှ်နို င်ငံမှာဆေးကုသမှုခံယူနေရင်း သေဆုံးသွားသူတွေလည်း ရှိခဲ့ကြတယ်လို့ ပြ ည်သူတွေက ဆိုကြပါတယ်။
အဲဒီအပြင် အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်သို့လည်း ခက်ခက်ခဲခဲသွားရောက်ကုသနေကြရပြီး လမ်းပန်းဆက်သွယ် ရေးခက်ခဲတာတွေ၊ငွေကုန်ကြေးကျများတာတွေ၊ဘာသာစကားအခက်အခဲတွေအပါအဝင် အခက်အခဲပေါင်းစုံကိုရင်ဆိုင်ကျော်ဖြတ်သွားရောက်ဆေးကုသနေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝမြို့နယ်အပါအဝင်တဆယ့်ငါးမြို့နယ်ကို သိမ်းပိုက်ထိ န်းချုပ်ထားပြီးနောက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပါတယ်။
အဲဒီအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က စတင်ဖွဲ့စည်းပြီး အာရက္ခဆေးပညာသိပ္ပံကျောင်းကိုလည်း တည်ထောင်ထားပါတယ်။
အဲဒီဆေးပညာသိပ္ပံကျောင်းအပါအဝင်အာရက္ခပြည်သူ့ကျန်းမာရေးဌာနဟာသားဖွားအတတ်ပညာသင်တန်း၊ပြည်သူ့ကျန်းမာရေးကြီးကြပ်သင်တန်းတွေဖွင့်ပြီး ပြည်သူ့ကျန်းမာရေးလုပ်သားတွေကို မွေးထုတ်ပေးနေပါတယ်။
ဒါပေမယ့် အာရက္ခအဆုံးအဖြတ်စစ်ပွဲဆက်ပြင်းထန်နေသလို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ နေ့စဥ်ရက်ဆက်ပြုလုပ်နေတာမို့ ဒေသခံပြည်သူတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေဟာ အခက်အခဲစိန်ခေါ်မှုတွေရှိနေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
ဆေးရုံတွေပစ်မှတ်ထားတိုက်ခိုက်ခံရ
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာဏာသိမ်းစစ်တပ်ဟာ အရပ်သားပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားတိုက်ခိုက်နေတာတွေအပြင် အခြေခံကျန်းမာရေးအဆောက်အအုံတွေ၊နေရာတွေကိုလည်းပစ်မှတ်ထားတိုက်ခိုက်နေပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေရှိ အရပ်သားပြည်သူတွေအားကိုးနေကြရတဲ့ ဆေးရုံတွေ၊ဆေးခန်းတွေကို အာဏာသိမ်းစစ်တပ်က ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားလေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုတွေဟာ နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာမှုမဲ့နေသလို နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုကင်းမဲ့နေတာတွေကိုသက်သေပြနေပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်ဆောင်နေတာမို့ စစ်ရာဇဝတ်မှုတွေ ဆက်ကျူးလွန်နေတာဖြစ်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ရဲ့ လူ သားချင်းစာနာထောက်ထားရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က၂၀၂၅ ခုနှစ်၊အောက်တိုဘာလမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်မှုအကြောင်းကို အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ”War Crimes from the Sky” ဆိုတဲ့ အစီရင်ခံစာထဲမှာ အာဏာသိမ်းစစ်တပ်ရဲ့ ယုတ်မာမှုတွေကို အထောက်အထားတွေနဲ့ ဖော်ပြထားပါတယ်။
အဲဒီအစီရင်ခံစာထဲမှာ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလမှ ၂၀၂၅ ခုနှစ်၊စက်တင်ဘာလထိ အာဏာသိမ်းစစ်တပ်ရဲ့လေကြော င်းတိုက်ခိုက်မှုကြောင့် ဆေးရုံ၊ဆေးခန်း ၁၂ ခု လုံးဝပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ရှေးဟောင်းယဥ်ကျေးမှုနယ်မြေ၊မြောက်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးကို ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၁၁ ရက်နေ့က အာ ဏာသိမ်းစစ်တပ်လေကြောင်းတိုက် ခိုက်လို့သုံးဆယ်သုံးဦးသေဆုံးခဲ့ပြီး ခုနှစ်ဆယ်ခြောက်ဦးဒဏ်ရာရသွားပါတယ်။
အဲဒီလို ဗုံးကြဲခံရပြီးနောက် ပြောင်းရွှေ့လိုက်ရတာဟာ ပုံမှန်လူနာဆောင်၊ ခွဲစိတ်ခန်း၊ အရေးပေါ်ကုသခန်းနဲ့ ဆေးဝါးသိုလှောင်စနစ်တွေ မရှိတော့တဲ့ အခြေအနေမှာ လူနာတွေကို လုံခြုံမယ့်နေရာတွေဆီ ရွှေ့ပြီး ဖြစ်သလို ယာ ယီ ဆက်ကုပေးနေရတယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဆိုပါတယ်။
“ဗုံးကြဲခံရပြီးတဲ့နောက် ဆေးရုံမှာ ဆက်လက်ရပ်တည်ဖို့ လုံးဝမဖြစ်နိုင်တော့ပါဘူး။ ဆေးဝါးပစ္စည်းတွေလည်း အကုန်ပျက်စီးသွားပြီး လူနာတွေကို လေကြောင်းအန္တရာယ်ကနေ ရှောင်ရှားဖို့အတွက် လုံခြုံတဲ့နေရာတွေဆီ အရေးပေါ်ပြောင်းရွှေ့ခဲ့ရပါတယ်။အခုထိပါပဲ။ဖြစ်သလိုကုသနေရတာပါ။”လို့ မြော က်ဦးခရိုင်ဆေးရုံမှ ကျန်းမာရေးဝန်ထ မ်းတဦးက Border News Agency ကိုပြောပါတယ်။
အဲဒီမြောက်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးလေကြောင်းတိုက်ခိုက်ခံလိုက်ရတာဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ် မြေတွေမှာ ကျန်းမာရေးဝန်ဆောင်မှုတွေဟာ ဆေးဝါးမလုံလောက်ရုံသာမကဘဲ ဆေးရုံကိုယ်တိုင်လေကြောင်းတို က်ခိုက်ခံရနိုင်တဲ့ လုံခြုံရေးအန္တရာယ်ရှိကြောင့်ကိုလည်း ပြသနေတယ်လို့ဆိုကြပါတယ်။
အဲဒါကြောင့် လူနာတွေကို ဆေးရုံအစားယာယီနေရာတွေဆီ ရွှေ့ကုရတာဟာ အရေးပေါ်ခွဲ စိတ်တာ၊သွေးသွင်းတာ၊ကလေးနဲ့မီးဖွားလူနာစောင့်ရှောက်တာတွေမှာ ပိုအန္တရာယ်များလာစေတယ်လို့အာရက္ခပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေက ဆိုကြပါတယ်။
“ဆေးရုံကလည်း မရှိတော့ဘူးလေ။ဒီယာယီတဲလေးတွေထဲမှာပဲ ဆေးသွင်း၊ ဆေးထိုးပြီး ကုနေရတာပါ။ နေ့တိုင်းလည်း စိုးရိမ်စိတ်နဲ့ပဲ အချိန်ကုန်နေရပါတယ်။”လို့ ယာယီနေရာမှာ လူနာစောင့်နေရတဲ့မိသားစုဝင်တဦးက ရင်ဖွင့်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် အရေးပေါ်ကုသပစ္စည်းတွေအပါအဝင် ဆေးရုံဟာလည်းပြန်သုံးမရအောင်ပျက်စီးသွားခဲ့တာ မို့ ဒေသခံပြည်သူတွေအတွက် အရေးပေါ်ဆေးဝါးကုသမှုတွေအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ခဲ့ရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီလိုအရပ်သားပစ်မှတ်တွေကို တိုက်ခိုက်နေတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး (OHCHR)ကလည်း ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။
စိုးရိမ်းစရာတွေနဲ့ဆေးဝါးကုသရေး
အဲဒီလိုဆေးရုံတွေပျက်စီးရုံတင်မကဘဲ လမ်းပိတ်ဆို့မှုကြောင့် အခြေခံဆေးဝါးတွေပါဝယ်ယူလို့မရတော့ဘဲ ဆေးဈေးနှုန်းတွေက ဆယ်ဆမကမြင့်တက်လာခဲ့ပါတယ်။
အဲဒီအရေးပေါ်ခွဲစိတ်ဖို့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေနဲ့ အောက်ဆီဂျင်ဘူးတွေပါ ပြတ်လပ်နေတာမို့ အရေးပေါ်
လူနာတွေဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အရေးပေါ်ကုသဖို့ထိခက်ခဲနေကြတယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဆိုကြပါတယ်။
အာရက္ခတပ်တော်က မြို့အများစုကိုထိန်းချုပ်ထားပေမယ့် ပြည်သူတွေအတွက်အဆင့်မြင့်ကျန်းမာရေးဝန်ဆောင်မှုကို အပြည့်အဝမပေးနိုင်သေးဘူးလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ရေရှည်ကုသရမယ့် ကင်ဆာ၊ ကျောက်ကပ်နဲ့ စစ်ဘေးကြောင့်ရရှိတဲ့ ပြင်းထန်ဒဏ်ရာတွေကို ကုသဖို့အတွက် ပစ္စည်းကရိယာတွေ၊ဆေးဝါးတွေမလုံလောက်ဘူးလို့ အာရက္ခပြည်သူ့ကျ န်းမာရေးဌာနက ဆိုကြပါတယ်။
အဲဒီအပြင် အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ နေ့စဥ်လိုလိုပြုလုပ်နေတာမို့ ဆေးရုံမှာတက်ရောက်ဆေးကုသမှုခံယူနေရင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားမှာကို စိုးရိမ်နေကြရတယ်လို့လည်း အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
“ရောဂါဝေဒနာထက် ဆေးရုံပေါ်မှာတင် ဗုံးကြဲခံရပြီးသေသွားမှာကို ပိုကြောက်ရပါတယ်။ ကိုယ့်ပြည်မှာက ကုစရာဆေးရုံလည်း မရှိတော့ပါဘူး။”လို့ မီဇိုရမ်ပြည်နယ်၊အိုက်ဇောလ်မြို့မှာ လာရောက်ဆေးကုသမှုခံယူနေတဲ့ အာရက္ခပြည်သူတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီအာရက္ခပြည်သူတွေဟာ နာတာရှည်ရောဂါတွေ၊အရေးပေါ်ရောဂါတွေကို ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယစတဲ့ အိမ်နီး ချင်းနိုင်ငံတွေကို ဘေးအန္တရာယ်အခက်အခဲတွေကြားက နယ်စပ်ဖြတ်ကျော်သွားလာပြီး ငွေကုန်ကြေးကျများကာသွားရောက်ကုသမှုခံယူနေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီလိုနယ်စပ်ဖြတ်ကျော်ကုသမှုခံယူဖို့သွားရောက်ကြချိန်မှာ လက်နက်ကိုင်အကြမ်းဖက်သမားတွေဖမ်းဆီးပြန်ပေးဆွဲတာတွေ၊ဖမ်းဆီးသတ်ဖြတ်တာတွေအပါအဝင် ဘေးအန္တရာယ်ပေါင်းစုံကိုရင်ဆိုင်ကျော်ဖြတ်နေကြရသလို ကိုယ်စိတ်နှစ်ပါး စိုးရိမ်ကြောက်လန့်နေကြရတယ်လို့လည်း အာရက္ခပြည်သူတွေကဆိုကြပါတယ်။
ဒါပေမယ့် နေကောင်းကျန်းမာပြီး အသက်ရှင်သန်ရေးအတွက် ဘေးအန္တရာယ်အသွယ်သွယ်ကို ရင်ဆိုင်ကျော်ဖြတ်ကာ မရှိမဲ့ရှိမဲ့ပိုင်ရှင်မှုတွေကို ရောင်းချကုသနေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
“အဲဒါကြောင့်ပဲ အိမ်မှာရှိတဲ့ နွားလေး၊ လယ်လေးကို အလျင်စလိုရောင်းချပြီး ဒီကိုထွက်လာခဲ့ရတာပါ။”လို့ မီဇိုရမ်ပြည်နယ်၊အိုက်ဇောလ်မြို့မှာလာရောက် ဆေးကုသမှုခံယူနေတဲ့အာရက္ခပြည်သူတဦးက Border News Agency ကို ပြောပါတယ်။
နယ်စပ်ဖြတ်ကျော်အခက်အခဲတွေ
အာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့အာရက္ခ-အိန္ဒိယနယ်စပ်ကို အာရက္ခတပ်တော်ကထိန်းချုပ်ထားပေမယ့် တရား ဝင်နယ်စပ်ဖြတ်ကျော်သွားလာခွင့်မရှိကြသေးဘဲ နားလည်မှုအရနယ်စပ်ဖြတ်ကျော်သွားလာခွင့်ပြုထားပေမယ့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တွေက ဖမ်းဆီးတာတွေ၊ဖမ်းဆီးပြန်ပို့တာတွေရှိခဲ့ကြတာမို့ ဆေးကုသမှုမခံယူရဘဲ နေရ ပ်ပြန်လာကြရသူတွေလည်းရှိခဲ့ကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအပြင် ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေလည်း နယ်စပ်ဖြတ်ကျော် ဆေးကုသမယ့်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ၊ဖမ်းဆီးပြန်ပေးဆွဲတာတွေ ကျူးလွန်ခဲ့ဖူးကြတာမို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆေးဝါးကုသမှုခံရယူဖို့ သွားရောက်ကြသူတွေနည်းပါးသွားပြီလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒါကြောင့် အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်သို့သာ သွားရောက်ဆေးကုသသူများနေကြပေမယ့် လမ်းပန်းဆက်သွ ယ်ရေးခက်ခဲတာ၊လမ်းခရီးအချိန်ကြာတာ၊ကုန်ကျငွေများတာတွေကို ရင်ဆိုင်နေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေက လူနာတွေဟာ ကုန်းလမ်း၊ရေလမ်းအပါအဝင် တောလမ်း၊တောင်လမ်းတွေကို ရက်ပေါင်းများစွာကြာအောင်ထိ ခက်ခဲပင်ပန်းစွာ ဖြတ်ကျော်သွားလာနေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
“ရခိုင်ကနေ ဒီကိုရောက်ဖို့ တပတ်လောက်ကြာခဲ့ပါတယ်။လမ်းမှာ ဗုံးကြဲမှာကိုလည်း စိုးရိမ်ရသလို တောလမ်းဆိုတော့ အခက်အခဲတွေက အများကြီးပဲပါ။”လို့ အိုင်ဇောလ်မြို့ကို ဆေးကုသဖို့သွားရောက်နေသူတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီအပြင် မိုးရွာတဲ့ရက်တွေဆိုရင် လမ်းတွေကဗွက်ထူပြီးချော်နေတာကြောင့် လူကောင်းတောင်မခံနိုင်တဲ့ ဒီခရီးကြမ်းမှာ လူနာတွေဟာ လမ်းမှာတင်အသက်ပျောက်မတတ်ဖြစ်ခဲ့ရတယ်လို့လည်း ဆိုကြပါတယ်။
နောက်ပြီးလမ်းခရီးစရိတ်နဲ့ လမ်းပြခတွေအတွက် ငွေကြေးအမြောက်အမြားအကုန်အစင်ခံပြီး အိုက်ဇောလ်ကို ရောက်လာတဲ့အခါမှာလည်း ဒုက္ခသစ်တွေက ဆီးကြိုနေပြန်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီမိဇိုရမ်ပြည်နယ်၊အိုက်ဇောလ်မြို့ကို ရောက်တဲ့အခါ ဘာသာစကား အခ က်အခဲကြောင့် ဆေးရုံတွေနဲ့ ချိတ်ဆက်ပေးမယ့် စကားပြန်တွေကိုပဲ အသက်ဝိညာဉ်သဖွယ် အားကိုးနေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
ဘာသာစကားနဲ့ဒေသအခက်အခဲတွေ
အဲဒါကို အခွင့်ကောင်းယူပြီး စကားပြန်တချို့က တရက်ကိုအိန္ဒိယနိုင်ငံသုံးရူပီငွေတထောင်မှနှစ်ထောင်ထိ(မြန်မာကျ ပ်ငွေငါးသောင်းကျပ်မှတသိန်းကျပ်)ထိအဆမတန်တောင်းယူနေကြတာမို့ အာရက္ခဒေသကဆေးဝါးကုသမှုခံယူဖို့လာ
ကြသူတွေအတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
“စကားပြန်မရှိရင် ဆရာဝန်နဲ့ဘာမှပြောလို့မရပါဘူး။ဘာရောဂါဖြစ်လို့ ဘာဆေးသောက်ရမလဲတောင် မသိရတော့ သူတို့တောင်းသမျှငွေကို ပေးနေရပါတယ်။”လို့ မီဇိုရမ်ပြ ည်နယ်၊အိုက်ဇောလ်မြို့မှာလာရောက် ဆေးကုသမှုခံယူနေတဲ့ အာရက္ခပြည်သူတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီအပြင် စကားပြန်တချို့ရဲ့ လိမ်လည်လှည့်ဖြားမှုတွေကြောင့်နှစ်ထပ်ကွမ်း ဒုက္ခရောက်နေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
“တချို့စကားပြန်တွေက ဆေးရုံစရိတ်ဆိုပြီး ပိုက်ဆံအများကြီးတောင်းသွားပြီးမှ ဆေးရုံကိုအပြည့်မသွင်းဘဲ ဝေစုခွဲယူသွားတာမျိုးတွေလည်းရှိပါတယ် “။လို့ အိုက်ဇောလ်မြို့မှာ ကိုယ်တိုင်ကြုံခဲ့ရတဲ့လူနာရှင်အမျိုးသားတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီအိုက်ဇောလ်မြို့မှာနေထိုင်စားသော က်စရိတ်တွေကလည်း အလွန်မြင့်မားနေတာကြောင့် လူနာစောင့်တွေလည်းငွေကြေးလိုအပ်ချက်အခက်အခဲတွေကို ရင်ဆိုင်နေကြရတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင် အဆောင်ငှားခနဲ့ထမင်းစရိ တ်တွေကြောင့် ပါလာတဲ့လက်ကျန်ငွေတွေဟာ မကြာခင်မှာပဲ ကုန်ဆုံးသွားရတယ်လို့ လူနာမိသားစုဝင်တွေက ဆိုကြပါတယ်။
နောက်ပြီး ငွေကြေးလုံးဝမတတ်နိုင်တော့တဲ့အခါမှာတော့ ကုသဆဲ ဆေးကုသမှုတွေကို ရပ်ဆိုင်းလိုက်ရပြီးအသက် ဆုံးရှုံးသွားရတဲ့ ရင်နာစရာဖြစ်စဉ်တွေလည်းရှိနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
တချို့အိုက်ဇောလ်မြို့ခံ ရခိုင်မိသားစုတွေက စားစရိတ်၊နေစရိတ်တွေကို သက်သက်သာသာနဲ့ ကူညီထားပေးတာတွေ ရှိပေမယ့် ရေရှည်အတွက်တော့ မလုံလောက်ဘူးလို့ ဆိုကြပါတယ်။
အဲဒီဆေးကုသနေရင်း အသက်ဆုံးရှုံးသွားရင်တောင် ရုပ်အလောင်းကို မိခင်နေရပ်ဆီ ပြန်သယ်ဖို့ လမ်းစရိတ်မရှိတဲ့ ဖြစ်ရပ်တွေက စိတ်မချမ်းမြေ့စရာ မြင်တွေ့နေရတယ်လို့ အိုက်ဇောလ်မြို့မှာနေထိုင်နေကြသူတွေက ဆိုကြပါတယ်။
“ကိုယ့်အိမ်ဗုံးကြဲခံရလို့ စိတ်ဒဏ်ရာရထားတဲ့အပြင် အခုလို တပါးပြည်မှာပါ အလိမ်ခံရတော့ လူမသေခင် စိတ်က အရင်သေနေကြရပြီ။”လို့ အိုက်ဇော်လ်မြို့မှစေတနာ့ဝန်ထမ်းတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီအိုက်ဇောလ်မြို့ပေါ်မှာ ရက္ခိုင်အ မျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ဆက်ဆံရေးရုံးတွေတည်ရှိနေသလို အရာရှိကြီးတချို့လည်း နေထိုင်နေကြပေမယ့် ဒုက္ခရောက်နေကြတဲ့အာရက္ခပြည်သူတွေကို လိုအပ်တဲ့ အကူအညီပေးတာမျိုးမရှိကြဘူးလို့ အာရက္ခပြည်သူတွေက ဝေဖန်ထောက်ပြကြပါတယ်။
“ပြည်သူတွေ ဆေးရုံမှာ အလိမ်ခံရတာ၊ အသေအပျောက်ရှိတာတွေကို ဝင်မကူ ညီပေးကြပါဘူး။ဒါကို လုပ်ပေးသင့်ပါတယ်။”လို့ အာရက္ခပြည်သူတဦးက Border News Agency ကို ပြောပါတ ယ်။
ကုန်စျေးနှုန်းတက်တာနဲ့ဆေးစျေးကြီးတာ
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာဏာ သိမ်းစစ်တပ်ကဖြတ်လေးဖြတ်လုပ်နေတာဟာ ဒေသခံပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တခုလုံး အကြီးအကျယ်ပျက်စီးသွားစေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီလိုဆေးဝါးသယ်ယူခွင့် ကန့်သတ်ခံရတာ၊ ဆေးရုံဆေးခန်းတွေ ပိတ်ထားရတာ၊ကျန်းမာရေးဝန်ထမ်း မလုံလော က်တာနဲ့ လျှပ်စစ်မီးမရတာတွေ ပေါင်း စပ်လိုက်တဲ့အခါ ဖျားနာသူတွေအတွက် ဆေးကုသခွင့်ရဖို့ဟာ လုံးဝကို ခက်ခဲ့လာစေတယ်လို့လည်း အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအပြင် စစ်ဘေးရှောင်ဦးရေ တိုးလာတာ၊သောက်သုံးရေ ရှားပါးပြီး သန့် ရှင်းရေးအားနည်းတာ၊စားနပ်ရိက္ခာနဲ့ ဝင်ငွေ မလုံလောက်တာတွေကြောင့် ယားနာ၊တီဘီ၊ငှက်ဖျားနဲ့ သွေးလွန်တုပ် ကွေးလို ရောဂါတွေ ပိုဖြစ်လာနေကြတ ယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေက ဆိုကြပါတယ်။
အဲဒါကြောင့် အာရက္ခပြည်သူတွေရဲ့ကျ န်းမာရေးအကျပ်အတည်းဟာ ဆေးဝါးမရှိတာသက်သက်မဟုတ်ဘဲ စစ်ရေး၊ စီးပွားရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာတွေ ဒွန်တွဲနေတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။
အဲဒီလို အာဏာသိမ်းစစ်တပ်ရဲ့ဖြတ်လေးဖြတ်ကြားက သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ဆေးဝါးဈေးတွေ အဆမတန်မြင့်တက်လာတ ယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
“ရန်ကုန်နဲ့မန္တလေးမှာ ကျပ်နှစ်ထောင်တန်တဲ့ဆေးက ရခိုင်ရောက်ရင်နှစ်ဆကနေသုံးဆထိတက်သွားပြီးကျပ်လေး
ထောင်နဲ့ခြောက်ထောင်ကြားဖြစ်နေပါတယ်။”လို့ မြောက်ဦးမြို့မှာဆေးဆိုင်ရောင်းချနေသူတဦးက ပြောပါတယ်။
အဲဒီလို ဆေးတွေဈေးတက်တာဟာ စစ်ဘေးရှောင်တွေအပါအဝင် ဝင်ငွေနည်းတဲ့မိသားစုတွေကို အဓိကထိခိုက်စေသ လို အခြေခံစားဝတ်နေရေအတွက် မနည်းရုန်းကန်နေရသူတွေအဖို့ ဆေးကိုဈေးကြီးပေးဝယ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒါကြောင့် စစ်ဘေးရှောင်တွေအပါ အဝင်အခြေခံလူတန်းစား အာရက္ခပြည်သူတချို့ဟာ ရောဂါကို အချိန်မီမကုနိုင်တာကြောင့် အသက်အန္တရာယ်ကြုံရတာတွေပိုများလာတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ မွေးကင်းစကလေးတွေအတွက် လိုအပ်တဲ့ ပုံမှန်ကာကွယ်ဆေးထိုးတာတွေလည်း ထိခို က်နေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအပြင် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာလျှပ်စစ်မီးမရတာကြောင့် အအေးခန်းလိုအပ်တဲ့ ဆေးဝါးတွေနဲ့ကာကွယ်ဆေးတွေကို သိမ်းဆည်းထားဖို့ခက်ခဲနေတယ်လို့လည်း အာရက္ခပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေက ဆိုကြပါတယ်။
“မီးမလာတော့ ကာကွယ်ဆေးတွေနဲ့ အအေးခန်းသိုလှောင်ရမယ့် ဆေးဝါးတွေအတွက် ရေခဲသေတ္တာသုံးဖို့ မဖြစ်နိုင်ပါဘူး။ဒီတော့ ကလေးတွေအတွက် ပုံမှန်ကာ ကွယ်ဆေးထိုးဖို့ ပစ္စည်းတွေ မလုံလောက်ဘဲ အခက်တွေ့နေရပါတ ယ်။”လို့ အာရက္ခပြည်သူ့ကျန်းမာရေးဝန်ထမ်းတဦးက Border News Age ncy ကို ပြောပါတယ်။
စစ်ဘေးရှောင်တွေ ရောဂါကူးစက်မှုပိုများလာ
စစ်ဘေးရှောင်စခန်းတွေမှာ လူဦးရေပြွ တ်သိပ်နေတာတွေ၊ သောက်သုံးရေရှားတာနဲ့ သန့်ရှင်းရေးအားနည်းတာတွေကြောင့် ယားနာနဲ့တခြားအရေပြားရောဂါတွေပိုဖြစ်လာတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီစစ်ဘေးရှောင်စခန်းတွေထဲမှာပုဏ္ဏားကျွန်း၊ကျောက်တော်၊သံတွဲနဲ့ ဂွစတဲ့မြို့နယ်တွေက စစ်ဘေးရှောင်တွေဟာ ရောဂါတွေ အများဆုံးဖြစ်နေကြတယ်လို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေကြသူတွေက ဆိုကြပါတယ်။
အဲဒီအပြင် ဆေးဝါးတွေ၊ဆေးခန်းတွေ၊ဆေးရုံတွေမလုံလောက်တာကလည်း ရောဂါကူးစက်တာတွေ ပိုဖြစ်စေတယ်လို့ ဆိုကြပါတယ်။
“အရပ်ဘက်အဖွဲ့အစည်းတွေက လိုက် လံကုသပေးကြပေမယ့် ဆေးဝါးမရှိတဲ့အတွက် အမြစ်ပြတ်အောင် ကုသမပေးနိုင်ပါဘူး။”လို့ အရပ်ဖက်စေတနာ့ဝန် ထမ်းကျန်းမာရေးလုပ်သားတဦးက Border News Agency ကို ပြောပါတ ယ်။
အဲဒါဟာ ကွင်းဆင်းကုသပေးရုံနဲ့ မလုံလောက်ဘူးဆိုတာပြသနေသလို ဆေးဝါးတွေ၊ အခြေခံကျန်းမာရေးပစ္စည်းတွေ၊ သန့်ရှင်းတဲ့ရေနဲ့ရောဂါကာကွယ်ရေးပစ္စည်းတွေမရရင် ရောဂါပျံ့တာကို ထိန်းချုပ်နိုင်မှာမဟုတ်ဘူးလို့ ဆိုကြပါတယ်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနရဲ့ဆေးကုသရေးအဖွဲ့တွေက ကွင်းဆင်းကုသပေးနေပေမယ့် ဆေးဝါးမလုံလော က်တာတွေ ကြုံနေရတယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေကဆိုကြပါတယ်။
အာရက္ခကျန်းမာရေးဝန်ထမ်းလိုအပ်ချက်
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပြီး အာရက္ခပြည်သူတွေကို ကျန်းမာရေးဝန်ဆောင်မှုတွေ ဆော င်ရွက်ပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအာရက္ခပြည်သူ့ကျန်းမာရေးဌာနက အာရက္ခပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေပေမယ့် ဆေးဝါးမလုံးလောက်တာတွေ၊ကျန်းမာရေးဝန်ထ မ်းမလုံလောက်တာတွေ စတဲ့စိန်ခေါ်မှုတွေကို ကြုံတွေ့နေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
ရခိုင်မှာ မြန်မာစစ်တပ်အာဏာ မသိမ်းခင်ကတည်းက ပျမ်းမျှလူဦးရေနှစ်သောင်းကျော်ကို ဆရာ၀န်တဦးနှုန်းနဲ့သာကျန်းမာရေး၀န်ဆောင်မှုတွေပေး နေခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆရာ၀န်အင်အားထက်၀က်၀န်းကျင်ထိ လျော့နည်းသွားခဲ့တယ်လို့ ကျန်းမာရေးဝန်ထမ်းအသိုင်းအဝိုင်းက ဆိုကြပါတ ယ်။
ရခိုင်မှာ လူဦးရေသုံးသန်းကျော်နေထိုင်ပြီး ကိုယ်၀န်ဆောင်နဲ့ငါးနှစ်အောက်ကလေးသေဆုံးမှုနှုန်းမြင့်မားပေမယ့် ပြင်ပဆေးခန်းဖွင့်နေတဲ့ အငြိမ်းစားဆရာ၀န်တွေပါ၀င်မှ ဆရာ၀န်ပေါင်းတရာ့ခြောက်ဆယ်ဝန်းကျင်သာ ရှိခဲ့တယ်လို့လည်း ကျန်းမာရေးအသိုင်းအဝိုင်းကဆိုကြပါတယ်။
အဲဒီလိုနဂိုကတည်းက ကျန်မာရေး၀န်ထမ်းနည်းပါးပြီး ပြည်သူတိုင်းဆေးကုသဖို့ လက်လှမ်းမမီနိုင်တဲ့အထဲကျန်းမာ ရေးဝန်ထမ်းဦးရေလျော့နည်းသွားတာက အာရက္ခပြည်သူတွေအဖို့ ကျန်းမာ ရေးလက်လှမ်းမီဖို့ ပိုမိုအလှမ်းဝေးသွားစေခဲ့ကာ မသေသင့်ဘဲသေဆုံးရတဲ့ လူ နာတွေလည်း များသထက်များလာခဲ့ရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီလိုကျန်းမာရေးဝန်ထမ်းတွေ လျော့ နည်းသွားရတဲ့အပြင် စစ်ကောင်စီက ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖြတ်တောက်၊ဆေးဝါးသယ်ယူခွင့် ပိတ်ပင်ထားတာကြောင့် ဆေးဝါးရရှိဖို့ များစွာခက်ခဲသွားကာ ဈေးနှုန်းတွေကလည်း သုံးဆကနေ ဆယ်ဆခန့်ထိ တက်သွားတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတ ယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ဆရာ၀န်မရှိလို့ အချိန်မီဆေးကုသခွင့်မရတာ၊ငွေကြေးမတတ်နိုင်လို့ ဝေးကွာလွန်းတဲ့ဆေးခန်းတွေဆီ သွားမကုနိုင်တာမို့ သေဆုံးခဲ့ရသူတွေကလ ည်း ရာဂဏန်းထိရှိနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတ ချို့မှာ စစ်ဘေးရှောင်ကလေးတွေအပါအဝင် အခြေခံလူတန်းစားတချို့ဟာ အ ချိန်မီဆေးဝါးမကုသနိုင်တာမို့ သေဆုံးသွားရတာတွေလည်း ရှိနေတယ်လို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေကြသူတွေက ဆိုကြပါတယ်။
တီဘီနဲ့နာတာရှည်ရောဂါတွေဆေးဝါးပြတ်လပ်မှု
မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကူးစပ်ရောဂါတွေအပါအဝင် နာတာရှည်ရောဂါတွေ ပိုမိုအဖြစ်များလာကြပြီး အာရက္ခအဆုံးအဖြတ်စစ်ပွဲနောက်ပိုင်း ဆေးဝါးလုံးဝမရတာတွေထိဖြစ်သွားကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအပြင် အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာဏာသိမ်းစစ်တပ်ရဲ့ပိတ်ဆို့မှုတွေကြောင့် ကူးစက်ရောဂါတွေအပြင် ရေရှည်ကုရတဲ့ နာတာရှည်ရောဂါတွေကိုလည်း အချိန်မီမကုနိုင်တော့ဘူးလို့ အာရက္ခကျန်းမာရေးဝန်ထမ်းတွေက ဆိုကြပါတယ်။
“တီဘီလိုကူးစက်ရောဂါတွေ ပြန်အဖြ စ်များလာပါတယ်။ ပုံမှန်ကုသဆေးတွေမရတာကြောင့် အသက်မဆုံးသင့်ဘဲသေဆုံးရသူတွေ ရှိနေပါတယ်။”လို့ အာရက္ခကျန်းမာရေးဝန်ထမ်းအမျိုးသမီးတဦးက Border News Agency ကိုပြောပါတယ်။
အရင်က တီဘီနဲ့ ကာလသားရောဂါရှင်တွေအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေက ဆေးဝါးထောက်ပံ့ခဲ့ပေမယ့် ပိတ်ဆို့မှုတွေကြောင့် MSF အပါအဝင် အရပ်ဘက်ကျန်းမာရေးအဖွဲ့တွေ ရုံးပိတ်လိုက်ရတယ်လို့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့တွေက ဆိုကြပါတယ်။
အဲဒါကြောင့် ဆီးချို၊နှလုံး၊သွေးတိုးနဲ့ ကျောက်ကပ်ရောဂါသည်တွေဟာ ပုံမှန်ဆေး မရတော့ဘဲ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
“ကျနော်က ဆီးချိုနဲ့ သွေးတိုးရှိတယ်။ ဆေးပြတ်သွားတာ ရက်ပိုင်းအတွင်းမှာတင် ရင်တွေတုန်ပြီး မူးဝေလာတယ်။ ဆေးဝါးက ဝယ်လို့လည်းမရ၊လမ်းကြော င်းတွေကလည်း ပိတ်ဆိုတော့ အ ရမ်းကို စိုးရိမ်နေရတယ်။”လို့ အာရက္ခဒေသမှနာတာရှည်ရောဂါသည်တဦးကBorder News Agency ကို ရင်ဖွင့်ပြောပါတယ်။
အဲဒီလိုနာတာရှည်ဆေးတွေကို ရက်အ နည်းငယ်မျှ ပြတ်တောက်ရုံနဲ့တင် ကျန်း မာရေးအခြေအနေဟာ မြန်မြန်ဆိုးရွားသွားနိုင်တာမို့ အရေးပေါ် ဖြေရှင်းပေးရမယ့်ကိစ္စဖြစ်တယ်လို့ အာရက္ခပြည်သူ့
ကျန်းမာရေးဝန်ထမ်းတွေက ဆိုကြပါတယ်။
စစ်ဘေးရှောင်တွေရဲ့ကျန်းမာရေး
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ စစ်ဘေးရှောင်ခြောက်သိန်းကျော်သွားပြီလို့ လူသားချင်းစာနာထောက်ထားမှုနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)က ထုတ်ပြန်ပါတယ်။
အဲဒီအထဲမှာ ကျောက်ဖြူ၊ရမ်းဗြဲနဲ့ တောင်ကုတ်၊ပုဏ္ဏားကျွန်း၊ ကျောက်တော်စတဲ့မြို့နယ်တွေက စစ်ဘေးရှောင်တွေဟာအလုပ်အကိုင်မရှိဘဲ အကူအညီတွေကိုပဲ အားကိုးနေကြရတယ်လို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေကြသူတွေက ဆိုကြပါတယ်။
“စစ်ရှောင်တွေအကုန် လုံးနီးပါး အလုပ် အကိုင်မရှိကြပါဘူး။ရှိတဲ့အလုပ်ဆိုရင် တောင်တက်ပြီး ထင်းခုတ်၊ မျှစ်ချိုး၊ ဟင်းရှာတာလောက်ပဲ ရှိပါတယ်။”လို့စစ်ဘေးရှောင်အရေး ကူညီပေးနေသူ ကိုနိုင်လင်းထွန်းက ပြောပါတယ်။
အဲဒီလိုအလုပ်မရှိကြတာမို့ စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာဝယ်ယူနိုင်စွမ်းလည်း ကျဆင်းလာကြသလို ထင်းခုတ်ပြီး ဝင်ငွေရှာပြန်ရင်လည်း ရောင်းဖို့ ဈေးကွက်မရှိကြဘူးလို့ စစ်ဘေးရှော င်အရေးဆောင်ရွက်ပေးနေကြသူတွေက ဆိုကြပါတယ်။
“တရက်လုံး ထင်းခုတ်မှကျပ်ငါးထော င်၊တသောင်းလောက်ရပေမယ့် ရောင်းဖို့ဈေးကွက်မရှိပါဘူး။”လို့ ကိုနိုင်လင်းထွန်းက ဆက်ပြောပါတယ်။
အဲဒီစစ်ဘေးရှောင်တွေကို အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ပရဟိတအဖွဲ့တွေက ကူညီထောက်ပံ့ပေးနေကြပေမယ့်
လိုအပ်ချက်နဲ့ယှဉ်ရင် အလွန်နည်းပါးနေသေးတာမို့ စစ်ဘေးရှောင်တွေစားဝ တ်နေရေးခက်ခဲနေကြတာမို့ ဆေးဝါးကုသမှုခံယူဖို့၊ကျန်းမာရေးစောင့်ရှော က်မှုခံယူကြဖို့ ခက်ခဲနေကြတယ်လို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေကြသူတွေက ဆိုကြပါတယ်။
“တအိမ်ထောင်ကို ကျပ်တသောင်း လောက်ပဲ ရကြပါတယ်။မသေရုံတမယ် ကျွေးထားရတဲ့ အတိုင်းအတာပဲ ရှိပါတယ်။စားဝတ်နေရေးပြီးရင် ကျန်း မာရေးနဲ့ ပညာရေးက နောက်ဆက်တွဲ လာပါတယ်။”လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူ ကိုနိုင်လင်းထွန်းက ပြောပါတယ်။
အဲဒါကြောင့် အခြေခံစားဝတ်နေရေးပြ ဿနာဟာ ကျန်းမာရေးနဲ့တိုက်ရိုက်ဆ က်နွှယ်နေတယ်ဆိုတာပြနေပြီး အစာ အာဟာရ မလုံလောက်ရင် ကိုယ်ခံအား ကျဆင်းပြီး ရောဂါဖြစ်ရင်ပိုဆိုးရွားတတ်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ဆိုကြပါတယ်။
ကလေးငယ်တွေ၊အားနည်းသူတွေရဲ့အခက်အခဲ
အာရက္ခအဆုံးအဖြတ်စစ်ပွဲနှစ်ကြာလာတာမို့ စစ်ဘေးရှောင်တွေအပါအဝင် အခြေခံလူတန်းစား အာရက္ခပြည်သူတွေဟာ ငတ်မသေရုံသာ စားသောက်နေထိုင်ရှင်သန်နေကြရပြီး စားဝတ်နေရေးအကျပ်အတည်းကြီးကို ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ ဆိုကြပါတယ်။
အဲဒီစစ်ဘေးရှောင်တွေအပါအဝင်အခြေခံလူတန်းစားအာရက္ခပြည်သူတွေဟာ အသက်ရှင်ရပ်တည်ရေးအတွက် င တ်မသေအောင် နေ့စဥ်ဝမ်းဝရုံမျှကျုအကြွေးဝယ်စားနေကြရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
“အကြွေးဝယ်စားပါတယ်။ပိုက်ဆံရရင် ပြန်ဆပ်ပါတယ်။အသား၊ ငါးတွေ မမြင်ဖူးပါဘူး။ကလေးသုံးယောက်ရှိလို့ အလု ပ်ထွက်လုပ်လို့ မရပါဘူး။တယောက်တ ည်းရုန်းကန်နေရတာပါ။”လို့ ပေါက်တောမြို့နယ်မှစစ်ဘေးရှောင်အ မျိုးသမီးတဦးဖြစ်တဲ့မမြင့်ဆန်းရီက Border News Agency ကို ပြောပါတ ယ်။
အဲဒါကြောင့် စစ်ဘေးရှောင်တွေအတွ က် ကျန်းမာရေးထောက်ပံ့မှုဟာ ဆေး ဝါးပေးရုံနဲ့မပြီးသလို အစာအာဟာရ၊ဝ င်ငွေ၊မသန်စွမ်းသူတွေအတွက် စောင့် ရှောက်မှုနဲ့နာတာရှည်ရောဂါဆေးတွေကိုလည်း တပြိုင်နက်တည်း ဖြေရှင်းပေးဖို့လိုနေတယ်လို့ စစ်ဘေးရှောင်အ ရေးဆောင်ရွက်ပေးနေကြသူတွေက ဆိုကြပါတယ်။
ဝေသာလီကျေးရွာငှက်ဖျားနဲ့သွေးလွန်တုပ်ကွေးဖြစ်
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့နယ်၊ဝေသာလီကျေးရွာမှာ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးရော ဂါတွေ တရွာလုံးနီးပါး ပျံ့နှံ့နေခဲ့ပြီအ ရေးပေါ် အကူအညီတွေ လိုအပ်နေခဲ့ကြတယ်လို့ ဝေသာလီရွာသားတွေက ဆိုကြပါတယ်။
“တအိမ်မှာ လူငါးယောက်ရှိရင် လေးယောက်လောက် သွေးလွန်တုပ်ကွေးဖြစ်နေကြပါတယ်။ငှက်ဖျားအဆင့် ၂ လို့ ပြောပါတယ်။သေ ဆုံးမှုတွေလည်း ဆက် တိုက်ဖြစ်နေပါတယ်။”လို့ ဝေသာလီကျေးရွာမှအမျိုးသမီးတဦးက ပြောပါတယ်။
အဲဒီဝေသာလီကျေးရွာက ကလေးတွေအပါအဝင် ရွာလုံးကျွတ်နီးပါး ဖျားနာနေပေမယ့် လုံလောက်တဲ့ ဆေးကုသမှု မရှိတာကြောင့် ဒေသခံတွေက ဆေးရုံ၊ဆရာဝန်နဲ့ လူမှုကူညီရေးအဖွဲ့တွေကို အရေးပေါ် လာရောက်ကူညီဖို့ တောင်းဆိုနေခဲ့ကြပါတယ်။
အဲဒီဝေသာလီကျေးရွာမှာငှက်ဖျားကူးစပ်မှုဖြစ်ပွားခဲ့ကြတာဟာ ရောဂါကြို တင်ကာကွယ်ဖို့ လိုအပ်တဲ့ခြင်ဆေး၊ခြ င်ထောင်၊အရေးပေါ်ဆေးဝါးနဲ့ရောဂါစောင့်ကြည့်ရေးစနစ်တွေ မလုံလောက်တာကို ဖော်ပြနေတယ်လို့ အရပ်ဖက်လူ မှုအဖွဲ့အစည်းတွေက ဆိုကြပါတယ်။
ရောဂါဖြစ်ပွားမှုအခြေအနေနဲ့ AHD ရဲ့ သတိပေးချက်
အာရက္ခပြည်သူ့ကျန်းမာရေးဌာန (AHD) ရဲ့ ထုတ်ပြန်ချက်အရ မိုးရာသီစတင်ပြီးနောက် ရမ်းဗြဲ၊ မြောက်ဦး၊ ရသေ့တောင်၊ မင်းပြားနဲ့ မြေပုံမြို့နယ်တွေမှာ သွေးလွန် တုပ်ကွေးကြောင့် ဆေးရုံတက်ရသူသုံးဆယ်သုံးဦးထိ ရှိလာပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ပြီးခဲ့တဲ့၂၀၂၅ခုနှစ်ရောဂါဖြစ် ပွားမှုစာရင်းအရ သွေးလွန်တုပ်ကွေးဖြစ်သူ ၂,၄၅၂ ဦးနဲ့ သေဆုံးသူရှစ်ဦး ရှိခဲ့ပြီးမြောက်ဦးမြို့နယ်မှာ ၉၄၆ ဦးနဲ့ အများဆုံးဖြစ်ပြီး မင်းပြားမြို့နယ်မှာ ၇၀၄ ဦးနဲ့ဒုတိယအများဆုံး ဖြစ်ခဲ့ပါတယ်။
“ကြိုတင်ကာ ကွယ်ရေးလမ်းညွှန်ချက်တွေ ထုတ်ပြန်ထားပေမယ့် နယ်မြေဒေ သအခြေအနေနဲ့ လမ်းပန်းဆက် သွယ်ရေး ပိတ်ဆို့မှုတွေကြောင့် လိုအပ်တဲ့ ခြင်ဆေး၊ခြင်ထောင်နဲ့ ကာကွယ်ရေးပစ္စည်းတွေကိုဒေသခံတွေဆီ လက်ဝယ်အရောက် ဖြန့်ဝေပေးဖို့ အရမ်းကို ရုန်း ကန်နေရပါတယ်။”လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနဝန်ထမ်းတဦးက ပြောပါတယ်။
ကျန်းမာရေးအကျပ်အတည်းရဲ့အဓိကအကြောင်းရင်းတွေ
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အာဏာသိမ်းစစ်တပ်ရဲ့ဖြတ်လေးဖြတ်ကြောင့် ဆေးဝါးတွေ ဝယ်ယူသယ်ယူရေးအခက်အခဲတွေဖြစ်နေတာမို့ ဆေးဝါးတွေ ဈေးတက်ပြီး ဆေးဝါးထောက်ပံ့ရေးလမ်းကြော င်းတွေပြတ်တောက်သွားနိုင်တာမို့ အာရက္ခပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေဟာ အ ဆိုးဆုံးဖြစ်သွားနိုင်တယ်လို့ ဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ဆေးခန်းတွေ၊ဆေးရုံတွေအပါ အဝင် ကျန်းမာရေးဝန်ထမ်းမလုံလော က်တာမို့ ရောဂါတွေကို အချိန်မီရှာဖွေကုသနိုင်စွမ်းလျော့ကျသွားစေတယ်လို့အာရက္ခပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေက ဆိုကြပါတယ်။
အဲဒီအပြင် စစ်ဘေးရှောင်စခန်းတွေမှာ လူဦးရေထူထပ်မှုကြောင့် ယားနာ၊တီဘီ နဲ့တခြားကူးစက်ရောဂါတွေ မြန်မြန်ဆ န်ဆန်ပြန့်ပွားစေတယ်လို့လည်း ဆိုကြပါတယ်။
နောက်ပြီး စစ်ဘေးရှောင်တွေအပါအဝင် အခြေခံလူတန်းစားတွေဟာ အခြေခံစားနပ်ရိက္ခာနဲ့ ဝင်ငွေမလုံလောက်မှုမရှိတာကြောင့် ကိုယ်ခံအားကျဆင်းစေပြီး ဆေးဝါးဝယ်ယူနိုင်စွမ်းလည်းကျဆင်းစေတယ်လို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေကြသူတွေက ဆိုကြပါတယ်။
အဲဒီအပြင် လျှပ်စစ်မီးနဲ့ အအေးခန်းစနစ် မရှိတာကြောင့် ကာကွယ်ဆေးနဲ့ အအေးခန်းလိုတဲ့ ဆေးဝါးတွေကို ထိန်း သိမ်းရခက်ခဲ့စေသလို နိုင်ငံတကာလူ သားချင်းစာနာထောက်ထားမှုဆိုင်ရာအ ကူအညီတွေ ဝင်ရောက်ရန်ခက်ခဲ့တာမို့အရေးပေါ်ဆေးဝါးနဲ့ကျန်းမာရေးအဖွဲ့တွေ လိုအပ်တဲ့နေရာဆီ အချိန်မီ မရော က်နိုင်ဖြစ်နေကြရတယ်လို့ ဆိုကြပါတယ်။
အဲဒါကြောင့် လက်ရှိအကျပ်အတည်းကို ဖြေရှင်းရာမှာ ဆေးဝါးပို့ပေးရုံနဲ့တင် မလုံလောက်တော့ဘဲ ဆေးရုံ၊ဆေးခန်းတွေ ပြန်လည်ပတ်နိုင်ရေး၊ဆေးဝါးသ ယ်ယူရလွယ်ကူရေး၊ကွင်းဆင်းကျန်းမာ ရေးအဖွဲ့တွေ အားကောင်းရေး၊ စစ်ဘေးရှောင်စခန်းတွေရဲ့ရေ၊သန့်ရှ င်းရေးနဲ့အာဟာရအခြေအနေ တိုးတ က်ရေးတို့ကို တပြိုင်နက်တည်းလုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေကြသူတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေဟာ ပဋိပက္ခပေါင်းစုံကို ကြုံတွေ့ရ င်ဆိုင်ရတာမို့ လက်နက်ကိုင်ပဋိပက္ခတွေအပါအဝင် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့်ကြုံတွေ့ရင်ဆိုင်ရမယ့်စူပါအယ်နီညိုမှာ အာရက္ခပြည်သူတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုဟာ အခက်ခဲဆုံးစိန်ခေါ်မှုတွေကို ရင်ဆိုင်ကြုံတွေ့ကြရမှာဖြစ်ပါတယ်။







