In-depth Report
Border News Agency
ကျောက်တော်၊ အောက်တိုဘာ ၃၁။
လက်နက်ကိုင်ပဋိပက္ခ
အာရက္ခတပ်တော်(AA)ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့”၁၀၂၇ စစ်ဆင်ရေး ”အဖြစ် အာရက္ခဒေသမှာ ပြီးခဲ့တဲ့ ၂၀၂ ၃ခုနှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့ကစတင်ပြီး အာဏာသိမ်းစစ်တပ်ရဲ့တပ်စခန်းတွေကို အာရက္ခတပ်တော်တိုက်ခိုက်သိ မ်းပိုက်ခဲ့ပါတယ်။
အဲဒီအာရက္ခအဆုံးအဖြတ်စစ်ပွဲဟာ လာမယ့်နိုဝင်ဘာလ ၁၃ ရက်နေ့မှာ သုံးနှစ်ပြည့်မှာဖြစ်ပြီး အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝမြို့နယ်အပါအဝင် တဆယ့်ငါးမြို့နယ်ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
အဲဒီအပြင် အာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ် စပ်၊အာရက္ခ-အိန္ဒိယနယ်စပ်ကို အပြီးသတ်ထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပါတယ်။
အဲဒီအပြင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)ဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းတွေ၊အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ပရဟိတအဖွဲ့တွေနဲ့ပူးပေါင်းပြီး စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးတွေ၊လူသားချင်းစာနာထောက်ထားမှုအကူအညီပေးတာတွေ ဆောင်ရွက်ပေးနေပါတယ်။
ဒါပေမယ့် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ စစ်ဘေးရှောင်တွေဟာ ငတ်မသေကြဖို့အတွက် အရှက်တရားကိုဘေးဖယ်ပြီး အငတ်ဘေးကို ရင်ဆိုင်ကျော်ဖြတ်ကြဖို့ တောင်းရမ်းစားသောက်နေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီလိုအငတ်ဘေးကျော်ဖို့ အရှက်တ ရားဖယ်လို့ တောင်းရမ်းစားသောက်ရှင်သန်နေကြပေမယ့် နေ့စဥ်နေ့တိုင်းတော င်းရမ်းမရကြတော့တာမို့ အငတ်ဘေးကို ရင်မဆိုင်နိုင်တော့ဘဲ မိမိကိုယ်ကို သေကြောင်းကြံသတ်သေတာ၊သတ်သေဖို့ကြိုးစားတာတွေထိ ဖြစ်နေကြတ ယ်လို့လည်း အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီလိုတောင်းရမ်းစားသောက်ရင်းအသက်ဆက်ဖို့ ကြိုးစားနေကြသူတွေထဲမှာ အာရက္ခတပ်တော်(AA)တပ်ဖွဲဝင်တချို့ရဲ့မိသားစုဝင်တွေထိပါဝင်နေကြတယ်လို့ အာရက္ခပြည်သူတွေက.ဆိုကြပါတယ်။
အသက်ကို အရှက်နဲ့လှဲ့ “မေတ္တာရပ်ပါတယ်။”ဆိုတဲ့အသံနဲ့အတူ နို့စို့အရွယ်ကလေးငယ်တဦးကို ပွေ့ချီထားတဲ့ အသက်သုံးဆယ်ကျော်အမျိုးသမီးတဦး…။
ကလေးမှာ အောက်ဝတ်ဘောင်းဘီမပါ။သူမခြေထောက်မှာ ဖိနပ်မပါ။လမ်းဘေးမှာရပ်ပြီး ဖြတ်သွားဖြတ်လာသူတွေကို လက်ဖြန့်တောင်းနေတဲ့ သူမရဲ့မျက်နှာမှာတော့ ရှက်ရွံ့မှုထက် ပင်ပန်းနွမ်းနယ်မှုနဲ့မနက်ဖြန်အတွက် စိုးရိမ်ပူပန်မှုတွေက ပိုသိသာနေပါတယ်။
အဲဒီမြင်ကွင်းတွေဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့ပေါ်လမ်းမတွေနဲ့ဈေးအနီးတွေမှာ ခုနောက်ပိုင်း ပိုပြီးတွေ့လာရတဲ့မြင်ကွင်းဖြစ်လာတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။
ကလေးကို ပွေ့ချီထားတဲ့ မိခင်တဦး…၊ လက်ထဲမှာ ပလတ်စတစ်အိတ်လေးကိုင်ထားတဲ့ အသက်ကြီးသူတဦး…၊လမ်းဘေးမှာ စားစရာတခုခုရဖို့ စောင့်နေတဲ့ ကလေးငယ်တွေ…။
သူတို့အားလုံးအသက်ရှင်ရပ်တည်ရေးအတွက် အရှက်တရားကို ဘေးဖယ်ထားပြီး တောင်းရမ်းနေကြရတာဟာ စစ်ပွဲ၊အလုပ်အကိုင်ရှားပါးမှု၊ကုန်ဈေးနှု န်းမြင့်တက်မှု၊နေရပ်စွန့်ခွာရမှုနဲ့ဝင်ငွေကျဆင်းမှုတွေ ပေါင်းစပ်နေတယ်လို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ၂၀၂၄ ခုနှစ်ကစတင်ပြီး တောင်းရမ်းစားသောက်နေကြသူတွေတိုလာပေမယ့် ၂၀၂၆ ခုနှစ်မှာတော့ ပိုများလာနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအထဲမှာ စစ်ဘေးရှောင်ကလေးတွေ၊သက်ကြီးရွယ်အိုတွေအပါအဝင် အလုပ်အကိုင်အခွင့်အလမ်းတွေပျောက်ဆုံးသွားတဲ့ မိသားစုဝင်တွေလည်း ပါဝင်နေကြတယ်လို့ အရပ်ဖက်လူမှုကူညီရေးအဖွဲ့တွေက ဆိုကြပါတယ်။
“အရင်ကဆိုရင် ဘယ်လောက်ပဲ ခက်ခ က် ဒီလိုတောင်းစားတာမျိုးလုံးဝမရှိခဲ့ပါဘူး။အခုတော့ တနေ့စာဝမ်းဝဖို့အတွ က် လမ်းပေါ်ထွက်ပြီး လက်ဖြန့်တောင်းရတဲ့အထိ ဒုက္ခရောက်နေကြရပါပြီ။” လို့ စစ်ရှောင်အရေးကူညီပေးနေသူအ မျိုးသားတဦးက Border News Agency ကို ပြောပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ စစ်ဘေးရှောင်ငါးသိန်းကျော်ခန့်ရှိနေတယ်လို့ လူသားချင်းစာနာထော က်ထားရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ဖူးပေမယ့် စစ်
ဘေးရှောင်အရေအတွက်အတိအကျနောက်ဆုံးအခြေအနေကိုတော့ မသိရသေးပါဘူး။
အလုပ်မရှိတာထက်ပိုတဲ့ပြဿနာ
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ လက်ရှိကြုံတွေ့နေရတဲ့ စားဝတ်နေရေးအကျပ်အတည်းဟာ အလုပ်အကိုင်မရှိတာတခုတည်းကြောင့် မဟုတ်ဘူးလို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီလိုအလုပ်လုပ်လို့ရတဲ့ လမ်းကြောင်းတွေကို စစ်ရေးအခြေအနေက ပိတ်ထားတာ၊ကုန်သွယ်ရေးနဲ့သွားလာရေးကန့်သတ်ထားတာ၊လုပ်ငန်းတွေရပ်နားနေရတာ၊ရှာဖွေရရှိတဲ့ဝင်ငွေက ကုန်ကျ စရိတ်ကို မကာမိတော့တာတွေက ပြဿနာကို ပိုမိုနက်ရှိုင်းစေတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။
“အလုပ်လုပ်ချင်ပေမယ့် လုပ်စရာနေရာလည်းမရှိပါဘူး။သွားလို့လာလို့လည်း မရတော့ပါဘူး။လက်ထဲမှာ ရှိတာလေးတွေကုန်သွားတော့ ငတ်မသေရုံတမယ် ရုန်းကန်နေရတာပါ။”လို့ မြေပုံမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသမီးတဦးကBorder News Agency ကို ပြောပါတယ်။
အာရက္ခဒေသမှာ လက်နက်ကိုင်ပဋိပက္ခတွေနဲ့အတူ ရေကြီးတာ၊မုန်တိုင်းတိုက်ခတ်တာစတဲ့သဘာဝဘေးတွေကိုလည်း ရင်ဆိုင်နေကြရတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။
အာရက္ခတပ်တော်ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့” ၁၀၂၇ စစ်ဆင်ရေး ”အဖြစ် အာရက္ခဒေသမှာ ပြီးခဲ့တဲ့ ၂၀၂ ၃ ခုနှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တော – အငူမော်ကားလမ်းရှိ အာဏာ သိမ်းစစ်တပ်ရဲ့ဒုံးပိုက်နယ်ခြားစောင့်အထိုင်စခန်းကို အာရက္ခတပ်တော်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီအာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်တဲ့နေ့ကစပြီး အာရက္ခဒေသရှိ ကုန်းလ မ်း၊ရေလမ်းအားလုံးကို အာဏာသိမ်းစ စ်တပ်ကတားဆီးကန့်သတ်ပိတ်ဆို့ထားသလို ကုန်စည်စီးဆင်းမှုအားလုံးကိုလည်း တားမြစ်ပိတ်ဆို့ထားပါတယ်။
အဲဒါကြောင့် အာရက္ခတပ်တော်ထိန်းချု ပ်နယ်မြေတွေမှာ အခြေခံစားသောက်ကုန်တွေ ဈေးအဆမတန်ကြီးလာခဲ့ပြီး စစ်ဘေးရှောင်တွေအပါအဝင် အခြေခံလူတန်းစားတွေဟာငတ်မသေရုံကာစားသောက်ရှင်သန်နေကြရတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင် ကုန်ပစ္စည်းအားလုံး ဈေးကြီးလာတဲ့အချိန်မှာတော့ ပုံမှန်ဝင်ငွေမရှိတဲ့စစ်ဘေးရှောင်တွေအပါအဝင် အခြေခံလူတန်းစားမိသားစုတွေဟာ တနေ့တာစားသောက်ရေးကိုတောင် မနည်း ဖြေရှင်းနေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားတဲ့ကျောက်ဖြူမြို့နယ်မှာအရင်က တောင်းရမ်းသူမရှိသလောက်ဖြစ်ခဲ့ပေမယ့် လတ်တလောမှာ ကလေး၊လူကြီး အရွယ်စုံကို မြို့တွင်းတွေ့လာရတယ်လို့ကျောက်ဖြူဒေသခံတွေက ဆိုကြပါတယ်။
အဲဒီလိုကုန်ဈေးနှုန်းတွေ မြင့်တက်လာပြီး အလုပ်အကိုင်အလွန်ရှားပါးလာတဲ့အတွက် စစ်ဘေးရှောင်တွေအပါအဝင် အခြေခံလူတန်းစားတွေဟာ ရွေးချယ်စရာနည်းလာပြီး “ငတ်မသေဖို့”တောင်းရမ်းစားသောက်အသက်ဆက်နေကြရတဲ့အခြေအနေထိ ရောက်လာကြတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။
“ကျောက်ဖြူလိုနေရာမျိုးမှာတောင် ဒီလိုတောင်းစားနေရတဲ့သူတွေကိုမြင်လာရတာက အခြေအနေဘယ်လောက်ဆိုးရွားနေပြီလဲဆိုတာ ပြနေတာပါပဲ။” လို့ ကျောက်ဖြူမြို့ခံတဦးက Border News Agency ကို ပြောပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ကုန်စည်ပြတ်လပ်တာ၊ကုန်ဈေးနှုန်းမြင့်တက်တာနဲ့အလုပ်အကိုင်ရှား ပါးတာတွေဟာ နေရာပေါင်းစုံမှာ ဆက်တိုက်တိုးလာတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
ရခိုင်က မြို့နယ်တွေမှာ အရင်က ဒေသခံအများအပြားဟာ ငါးဖမ်းလုပ်ငန်း၊ပုဇွန်လုပ်ငန်း၊ငါးဒိုင်၊ ပုဇွန်ဒိုင်နဲ့ရေခဲစက်ရုံတွေကို မှီခိုစားသောက်ခဲ့ကြပါတယ်။
ဒါပေမယ့် လက်နက်ကိုင်ပဋိပက္ခ၊စစ်ရေးအန္တရာယ်နဲ့သွားလာရေးကန့်သတ်ချက်တွေကြောင့် အဲဒီလုပ်ငန်းတွေ ရပ်နားသွားတာ၊ပုံမှန်မလည်ပတ်နိုင်တော့တာတွေဖြစ်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအပြင် အာဏာသိမ်းစစ်တပ်ကနေ့စဥ်ရက်ဆက်လေကြောင်းတိုက်ခိုက်နေသလို အာဏာသိမ်းစစ်တပ်ရဲ့ရေတပ်စစ်သင်္ဘောတွေကလည်း ပစ်ခတ်နေတာမို့ ဒေသခံတွေဟာ ငါးဖမ်းလုပ်ငန်းတွေ ၊ရေလုပ်ငန်းတွေကို ရပ်နားထားကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
နောက်ပြီး မိမိနေရပ်ဒေသကို ပြန်အခြေချနေထိုင်လို့မရကြသေးသူတွေလည်းရှိနေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီရေလုပ်ငန်းတွေ မလည်ပတ်နိုင်တာမို့ အဲဒီလုပ်ငန်းတွေနဲ့ဆက်စပ်ပြီးအသက်မွေးဝမ်းကျောင်းပြုနေသူတွေလည်း ဝင်ငွေဆုံးရှုံးသွားကြပြီး နေ့စဥ်စားဝတ်နေရေးခက်ခဲနေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒါကြောင့် အရင်ကထက် တောင်းရမ်းစားသောက်သူဦးရေ နှစ်ဆခန့်တိုးလာတယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူတွေက ဆိုကြပါတယ်။
အဲဒီသူတွေကို စားနပ်ရိက္ခာထောက်ပံ့မှုနဲ့လူမှုကူညီရေးလုပ်ငန်းတွေရှိနေပေမယ့်လိုအပ်ချက်နဲ့နှိုင်းယှဉ်ရင် မလုံလောက်သေးဘူးလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီစစ်ဘေးရှောင်တွေ၊ရေလုပ်သားတွေ၊အခြေခံလူတန်းစားတွေဟာ နေ့စဉ်လိုအပ်ချက်တွေများလာပြီး ထောက်ပံ့မှုတွေဟာ အချိန်နဲ့အရေအတွက်အရ မတည်ငြိမ်တဲ့အခါ မိသားစုတချို့အတွက်တောင်းရမ်းစားသောက်ကြတာက ခဏတာအဖြေလိုဖြစ်လာတယ်လို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ဆိုကြပါတယ်။
“စစ်ရှောင်တွေကို ထောက်ပံ့တာတွေ ရှိပေမဲ့ မလုံလောက်ပါဘူး။ တချို့ရက်တွေဆို ဘာမှမရတဲ့အတွက် မိသားစုစားဝတ်နေရေးအတွက် တောင်းရမ်းရတဲ့အထိ ဖြစ်လာတာပါ။”လို့ တောင်ကုတ်ဒေသခံစစ်ရှောင်အရေးကူညီနေသူတဦးက ပြောပါတယ်။
မြို့ပေါ်ကို ပြောင်းလာပေမယ့်အိမ်မရ
အာရက္ခအဆုံးအဖြတ်စစ်ပွဲဒဏ်ကိုအ လူးအလဲကြုံတွေ့ခံစားရင်ဆိုင်ခဲ့ကြရတဲ့ကျေးရွာတွေမှာ အလုပ်အကိုင်နည်းပါးလာတာမို့ စစ်ဘေးရှောင်မိသားစုတချို့ဟာ အလုပ်အခွင့်အလမ်းပိုရှိမယ်ထင်တဲ့ မြို့ပေါ်ကို ပြောင်းရွှေ့လာကြပါတယ်။
ဒါပေမယ့် မြို့ပေါ်ရောက်လာတဲ့အခါ နောက်ထပ်ပြဿနာတခုက အိမ်ငှားခဈေးတက်နေတာဖြစ်တယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
စစ်တွေမြို့က ထွက်ပြေးကာ စစ်ဘေးရှောင်နေတဲ့ အမျိုးသမီးတဦးက သူတို့မိသားစု အိမ်စငှားတုန်း(၂၀၂၄ခုနှစ်)က တလကျပ်တသိန်းခွဲသာပေးရပေမယ့် နောက်ပိုင်း(၂၀၂၅ခုနှစ်စတာ)မှာ ကျပ်နှစ်သိန်း၊ခုတော့ ကျပ်လေးသိန်းထိ ပေးရလာတယ်လို့ ဆိုပါတယ်။
အရင်က တသိန်းခွဲနဲ့ နှစ်သိန်းဝန်းကျင်ရှိတဲ့အိမ်တွေဟာ လက်ရှိမှာ ကျပ်ခုနစ်သိန်းထိ ဈေးမြင့်လာတယ်လို့လည်း စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီအထဲမှာ နှစ်ထပ်အိမ်တွေကတော့ ကျပ်ငါးသိန်းမှကျပ်ဆယ့်ငါးသိန်းထိ ပေါက်ဈေးရှိနေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
“စစ်ရှောင်လာရတဲ့အထဲ အိမ်ခတွေကလည်း ဆက်တိုက်တက်နေတော့ ဘယ် လိုမှ မတတ်နိုင်တော့ဘူးရှင့်။ငှားနေဖို့ထက် စားဖို့တောင် ခက်ခဲ့လာပါပြီ။”လို့ မြောက်ဦးမြို့မှစစ်ဘေးရှောင်အမျိုးသမီးတဦးက Border News Agency ကိုပြောပါတယ်။
အဲဒီအပြင် ကျောက်တော်မြို့မှာလည်း မိုးယိုပျက်စီးနေတဲ့ သာမန်အိမ်တလုံးကိုတောင် တလကျပ်သုံးသိန်းပေးရတ ယ်လို့ ကျောက်တော်မြို့ပေါ်မှစစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီလိုအိမ်ငှားသူတွေများလာတာနဲ့အ မျှ တဦးထက်တဦး ဈေးပိုပေးငှားလာကြတာက ဈေးနှုန်းကို ပိုမိုမြင့်တက်စေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
“အိမ်ငှားခတွေစျေးတက်လာတာက တော့ အိမ်ငှားသူတွေ များလာလို့ပဲပြောရပါမယ်။အိမ်တွေကို အလုအယက်ငှားနေကြတော့ အိမ်ရှင်တွေက စျေးတင်လိုက်တာပေါ့။”လို့ ကျောက်တော်မြို့မှ စစ်ဘေးရှောင်အမျိုးသားတဦးက Border News Agency ကို ပြောပါတ ယ်။
အိမ်ရှင်တွေဘက်မှာလည်း ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့အိမ်ပြုပြင်စရိတ်ကြီးမြင့်မှုတွေရှိနေတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။
ဒါပေမယ့် စစ်ဘေးရှောင်မိသားစုအများအပြားဟာ ဝင်ငွေမတည်ငြိမ်ကြတာမို့ ဈေးတက်သလောက် မပေးနိုင်ကြဘူးလို့လည်းဆိုကြပါတယ်။
အဲဒီလိုနဲ့အိမ်ရှင်နဲ့အိမ်ငှား နှစ်ဖက်စလုံး အကျပ်အတည်းရှိနေကြတယ်လို့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
“ကိုယ်တိုင်လည်း ကုန်ကျစရိတ်တွေများလို့ ဈေးတင်ရတာပါ။ ဒါပေမယ့် စစ်ရှောင်တွေ အခက်အခဲ့ဖြစ်နေတာကိုလည်း ကိုယ်ချင်းစာပါတယ်။”လို့ မြေပုံမြို့မှအိမ်ငှားရမ်းသူအိမ်ရှင်အမျိုးသားတဦးက ပြောပါတယ်။
ဒေသခံတွေကတော့ အိမ်ငှားရမ်းခတွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ကစိစစ်ပြီး နှစ်ဖက်အဆင်ပြေမယ့် နှုန်းထားတခုသတ်မှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။
အိမ်မရှိတဲ့သူတွေအတွက် အိမ်ရာအကူ အညီနဲ့ငှားရမ်းခထောက်ပံ့မှုတွေ ရှိလာရင် နေထိုင်ရေးဝန်ထုပ်ဝန်ပိုးကို လျော့ချနိုင်မယ်လို့လည်း ဆိုပါတယ်။
ဆင်းရဲမှုက အမျိုးသမီးနဲ့ကလေးတွေအပေါ် ပိုကျရောက်အကျပ်အတည်းတွေကြားမှာ အမျိုးသမီးနဲ့ကလေးတွေဟာ ပိုပြီးထိခိုက်လွယ်တဲ့အုပ်စု ဖြစ်လာပါတယ်။
ဝင်ငွေရှာဖွေသူ အမျိုးသားတွေ ကျန်း မာရေးမကောင်းတာ၊သေဆုံးတာ၊အ လု ပ်လုပ်ခွင့်မရတာတွေ ဖြစ်လာတဲ့အခါ အမျိုးသမီးတွေက မိသားစုစားဝတ်နေရေးကို ပခုံးပေါ်တင်ယူရပါတယ်။
ကလေးတွေကတော့ ကျောင်းတက်ရမယ့်အစား လမ်းဘေးမှာ အလှူခံရတာ၊ ဈေးထဲမှာ အလုပ်သေးသေးလေးတွေ လုပ်ရတာတွေ ဖြစ်လာတယ်လို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေကြသူတွေက ဆိုကြပါတယ်။
“အမျိုးသားတွေကလည်း အလုပ်မရှိ၊ တချို့လည်း ဆုံးသွားကြတာနဲ့ အိမ်မှာ ကျန်ခဲ့တဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေပဲ အခက်အခဲဆုံး ဖြစ်နေရရှာပါတယ်။”လို့ စစ်ရှောင်အရေးကူညီပေးနေသူတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီစစ်ဘေးရှောင်တွေဟာ တအိမ်ဝင်တအိမ်ထွက်တောင်းရမ်းကြပေမယ့် ဆ ယ်အိမ်ဝင်တောင်းလို့ တအိမ်မရတာတွေထိရှိနေကြပြီးလို့လည်း အာရက္ခပြ ည်သူတွေက ဆိုကြပါတယ်။
အဲဒီလိုအငတ်ဘေးကို ဆက်ရင်မဆိုင်နိုင်တော့တာမို့ စစ်တွေမြို့နယ်က စစ်ဘေးရှောင်လာတဲ့မိသားစုတွေကို ဦးဆောင်ရှာကျွေးနေသူအမျိုးသမီးတဦးဟာ မောင်တောမြို့နယ်၊အလယ်သံကျော်ကျေးရွာမှာ အောက်တိုဘာလတတိယအပတ်ကမိမိကိုယ်ကို သေကြောင်းကြံသတ်သေဖို့ကြိုးစားခဲ့တယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
စားဝတ်နေရေးကျပ်တည်းလွန်းတဲ့အ ခါ တချို့အမျိုးသမီးတွေဟာ မိမိတို့ရဲ့လုံခြုံရေးနဲ့ ဂုဏ်သိက္ခာကို အန္တရာယ်ဖြစ်စေနိုင်တဲ့ နည်းလမ်းတွေကိုပါ ရွေးချယ်ရတဲ့အခြေအနေရောက်လာနိုင်တယ်လို့လည်း စစ်ဘေးရှောင်တွေကဆိုကြပါတယ်။
အဲဒါဟာ လူတဦးချင်းစီရဲ့ ကိုယ်ပိုင်ရွေးချယ်မှုလို့သာ မြင်လို့မရဘဲ အလုပ် အကိုင်၊လူမှုကာကွယ်စောင့်ရှောက်ရေးနဲ့လုံခြုံရေးစနစ်တွေပျက်ပြားနေမှုရဲ့အကျိုးဆက်အဖြစ်ကြည့်ဖို့လိုတယ်လို့ အ မျိုးသမီးအရေးလှုပ်ရှားသူတွေက ဆိုကြပါတယ်။
“ဒီလိုအကျပ်အတည်းတွေကြာရှည်လာရင် အမျိုးသမီးတွေနဲ့ကလေးငယ်တွေအတွက် လူမှုရေးအရရောအသက်အန္တရာယ်အတွက်ပါ အလွန်စိုးရိမ်စရာကော င်းတဲ့ အနေအထားကိုရောက်သွားနိုင်ပါတယ်။”လို့ အမျိုးသမီးအရေးလှုပ်ရှားသူတဦးက ထောက်ပြပါတယ်။
အဲဒီလိုအငတ်ဘေးကို အရှက်ဖယ်သ လို အသက်ရှင်ရပ်တည်ရေးကြိုးစားရင် ပြည်တန်းဆာဖြစ်သွားရသူစစ်ဘေးရှောင်အမျိုးသမီးတချို့လည်းရှိနေကြတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။
တော်လှန်ရေးကာလလူတန်းစားမညီမျှမှုအာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်က မြို့အများစုကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပေမယ့် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေရှိစစ်ဘေးရှောင်တွေဟာ အသက်ရှင်သန်ရေးအတွက် တောင်းရမ်းစားသောက်နေကြရပါတယ်။
ဒါပေမယ့် စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေကြသူတချို့ဟာ သိ န်းသုံးထောင်၊လေးထောင်တန်ကားတွေကို ဝယ်စီးလာနိုင်ကြသလို အာရက္ခတ ပ်တော်ကအရာရှိကြီးတချို့လည်း သိန်းသောင်းချီချမ်းသာသွားကြတယ်လို့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအပြင် စစ်ဘေးရှောင်မိန်းကလေးငယ်တချို့ဟာ လူကုန်ကူးခံကြရတာတွေကစပြီး ပြည်တန်ဆာဖြစ်သွားကြသူတွေလည်း ရှိနေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
နောက်ပြီး အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေမကြာခဏပြုလုပ်နေပေမယ့် ကေတီဗွီ(KTV)တွေ၊မာဆတ်တွေ၊ဘားတွေလည်း များလာနေသလို မူးယစ်ဆေးဝါးပေါင်းစုံရောင်းချသုံးစွဲနေကြတယ်လို့လည်းအာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီလိုတောင်းရမ်းစားသောက်နေကြသူစစ်ဘေးရှောင်တချို့ကို ရက္ခိုင်အ မျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)အရာရှိတချို့က ပြစ်တင်ပြောဆိုကြတာတွေရှိနေတယ်လို့လည်းစစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီစစ်ဘေးရှောင်တွေက စစ်ဘေးရှော င်စခန်းတွေက တခြားနေရာတွေကို အ ဝေးကြီးလမ်းလျှောက်သွားတောင်းရမ်းနေကြရပြီး လမ်းခရီးမှာ လမ်းကြုံကားလိုက်စီးခွင့်တောင်းရင်လည်း မတင်ကြသူတွေပိုများတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီအပြင် တခြားမြို့တွေကိုသွားရော က်တောင်းရမ်းကြမယ့်စစ်ဘေးရှောင်တွေဟာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(U LA)ကခန့်ထားတဲ့စစ်ဘေးရှောင်စခန်းတာဝန်ခံတွေဆီက ခရီးသွားလာခွင့်ခွင့်ပြုချက်စာရွက်တွေတောင်းယူကြရပြီးသတ်မှတ်ရက်ထက်ကျော်သွားရင်လည်း စခန်းတာဝန်ခံတွေရဲ့ဆဲဆိုတာတွေထိခံနေကြရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီလို့အကြိမ်ကြိမ်စစ်ဘေးရှောင်နေကြရတဲ့စစ်ဘေးရှောင်တွေဟာ နေစရာနေရာအတည်တကျမရှိကြတာမို့ ကားလမ်းဘေးတွေ၊တောနားတွေ၊ကြုံရာနေရာတွေမှာ အဆင်ပြေသလို နေထိုင်နေကြရတယ်လို့လည်း စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒါကြောင့် စစ်ဘေးရှောင်အမျိုးသမီးတွေဟာ အငတ်ဘေးသာမကဘဲ အရှက်သိက္ခာနဲ့ဘေးကင်းလုံခြုံမှုလည်းကင်းမဲ့နေကြရသလို ကိုယ်စိတ်နှစ်ပါးမလုံခြုံမှုတွေကိုလည်း ခံစားနေကြရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
လူသားချင်းစာနာမှုအကျပ်အတည်း
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ အစီရင်ခံစာအရ ရခိုင်မှာ လူဦးရေ သုံးပုံနှစ်ပုံကျော်ဟာ ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးမှုကို ကြုံတွေ့နေရပါတယ်။
ပုံမှန်လုပ်ငန်းကိုင်ငန်းတွေ ပျောက်ဆုံးလာခြင်း၊ လုံခြုံမှုမရှိခြင်းနဲ့ စီးပွားရေးကန့်သတ်ခံရခြင်းတွေက ဒေသခံတွေကို ပိုမိုပြင်းထန်တဲ့ ဆင်းရဲ နွမ်းပါးမှုအခြေအနေထဲ တွန်းပို့နေတယ်လို့ အစီရင်ခံစာကဆိုပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်ကလေ ကြောင်းတိုက်ခိုက်မှုတွေနေ့စဥ်လိုလိုပြုလုပ်နေသလို ပြန်ထိုးစစ်ဆင်သိမ်းယူဖို့ကြိုးစားနေပါတယ်။
အဲဒါကြောင့် အာဏာသိမ်းစစ်တပ်နဲ့ အာရက္ခတပ်တော်ကြား တိုက်ပွဲတွေ ပို မိုပြင်းထန်လာခဲ့ပြီး စစ်တွေ၊ ကျောက် ဖြူ၊ပုဏ္ဏားကျွန်း၊ရသေ့တောင်၊ပေါက်တောအပါအဝင် ဒေသအများအပြားမှာ လေကြောင်း၊ ရေကြောင်းနဲ့ လက် နက်ကြီးပစ်ခတ်မှုတွေကြောင့် ပြည်သူတွေ ထပ်မံနေရပ်စွန့်ခွာခဲ့ရပါတယ်။
“လေကြောင်းကနေ ပစ်ခတ်မှုတွေ ရှိလာတော့ ရွာမှာ ဆက်နေလို့မဖြစ်တော့လို့ ထွက်ပြေးလာရတာပါ။ ဘာမှလည်း ပါမလာတော့ဘူး၊ အခုတော့ စစ်ဘေးရှောင်စခန်းမှာ တနေ့စာအတွက် ရုန်း ကန်နေရပါတယ်။”လို့ လေကြောင်းပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်နေတဲ့ ပေါက်တောဒေသခံအမျိုးသားတဦးက ပြောပါတယ်။
အဲဒီပုဏ္ဏားကျွန်း၊ကျောက်တော်၊တော င်ကုတ်၊မြောက်ဦးနဲ့ကျောက်ဖြူစတဲ့မြို့နယ်တွေမှာ စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာနဲ့အခြေခံအသုံးအဆောင်ပစ္စည်းတွေ အရေးပေါ်လိုအပ်နေကြပါတယ်။
အဲဒီအပြင် ကုန်ပစ္စည်းပြတ်လပ်မှုနဲ့ဈေးနှုန်းမြင့်တက်မှုကြောင့်လည်း နေ့ စဉ်စားဝတ်နေရေးကို မနည်းဖြေရှင်းနေကြရတယ်လို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေကြသူတွေကဆိုကြပါတယ်။
“အကူအညီတွေက လိုအပ်ချက်နဲ့စာရင် အရမ်းနည်းပါတယ်။စားစရာတောင် ရှားပါးတဲ့အခြေအနေမျိုးတွေ ကြုံနေရပါတယ်။”လို့ကျောက်ဖြူမြို့နယ်မှစစ်ရှောင်အရေးကူညီပေးနေသူတဦးကBorder News Agency ကို ပြောပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ စစ်ရေးကာလလုံခြုံရေးအကြောင်းပြပြီး စစ်ဘေးရှောင်တွေကိုလွတ်လပ်စွာသွားလာလုပ်ကိုင်ခွင့်မပြုတာတွေ၊နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေကို တရားဝင်ဝင်ရောက်ကူညီခွင့်မပေးတာတွေကလည်း စစ်ဘေးရှောင်တွေကို အငတ်ဘေးပိုကြုံရစေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အကူအညီတွေပိုလိုအပ်နေ
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ အုပ်ချုပ်ရေးယန္တရားတွေအပါအဝင် ကျန်းမာရေးနဲ့ပညာရေးဝန် ဆောင်မှုတွေကို တိုးချဲ့လုပ်ဆောင်နေပါတယ်။
ဒါပေမယ့် အကူအညီတွေဟာ လက်ရှိလိုအပ်ချက်နဲ့မလုံလောက်သေးတာမို့ရေရှည်ဖြေရှင်းချက်တွေ လိုအပ်နေတ ယ်လို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ဆိုကြပါတယ်။
အဲဒီလို အငတ်ဘေးကို အရှက်တရားဖယ်လို့ တောင်းရမ်းစားသောက်မှုကို လျှော့ချဖို့ အလှူငွေခဏတာထောက်ပံ့ရုံနဲ့မပြီးဘူးလို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။
အဲဒီစစ်ဘေးရှောင်တွေအပါအဝင် အခြေခံလူတန်းစားတွေကို လုံခြုံတဲ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပြန်ဖော်ဆောင်ပေးဖို့၊လယ်ယာနဲ့ ရေလုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့၊ဈေးကွက်နဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေဖွင့်ပေးဖို့ လိုအပ်နေတယ်လို့ဆိုကြပါတယ်။
အဲဒီစစ်ဘေးရှောင်တွေအတွက် အိမ်ရာနဲ့ငှားရမ်းခအကူအညီ၊ကလေးတွေအတွက် ကာကွယ်စောင့်ရှောက်မှုနဲ့ပညာရေးဆက်လက်ရရှိရေး၊အမျိုးသမီးတွေအတွက် လုံခြုံပြီး ဝင်ငွေရနိုင်တဲ့ အလုပ်အကိုင်တွေကိုလည်း စီစဉ်ပေးရမယ်လို့ ဆိုကြပါတယ်။
“ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် လူသားချင်းစာနာမှုအကူအညီတွေအပြင် ဒေသတွင်း စီးပွားရေးလည်ပတ်နိုင်မယ့်လမ်းကြောင်းတွေကိုပါပြန်လည်ဖော်ဆောင်ပေးဖို့ လိုအပ်ပါတယ်။”လို့ ထိုင်းနိုင်ငံမှာ လူမှုရေးသိပ္ပံဘာသာရပ်ကိုလေ့လာနေသူ ရခိုင်အမျိုးသားတဦးကပြောပါတယ်။
အဲဒီစစ်ဘေးရှောင်တွေအပါအဝင် အရပ်သားပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီတွေ ရောက်ရှိနိုင်ရေးနဲ့ အရပ်သားတွေရဲ့လုံခြုံရေးကို ဦးစားပေးဖို့လိုအပ်နေတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားနေကြသူတွေက ဆိုကြပါတယ်။
အဲဒီလိုအကူအညီတွေရောက်ဖို့ ခက်ခဲနေသရွေ့ လမ်းဘေးမှာ လက်ဖြန့်နေတဲ့ မိခင်တွေ၊အစာမဝတဲ့ကလေးတွေ၊နေစရာမရှိတဲ့ စစ်ဘေးရှောင်တွေက ပိုများလာနိုင်တယ်လို့လည်း လူ့အခွင့်အရေးလှုပ်ရှားနေကြသူတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေက စစ်ဘေးရှောင်တွေအပါအဝင်အခြေခံလူတန်းစားပြည်သူတွေ တောင်းရမ်းစားသောက်အသက်ရှင်ရပ်တည်နေကြရတာဟာ သူတို့အလုပ်မလုပ်ချင်လို့ မဟုတ်ကြဘူးလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
“ULA/AA အနေနဲ့သံတမန်ရေးအရကြိုးစားအားထုတ်မှုတွေပိုလုပ်သင့်ပါတယ်။
နိုင်ငံရေးအရထွက်ပေါက်ရှာပြီး စစ်ဘေးရှောင်တွေအကူအညီရအောင်ပိုလု ပ်သင့်ပါတယ်။ပြည်သူငတ်နေပြီးတော် လှန်ရေးအောင်မြင်ရင်လည်း နိုင်ငံရေးအရအကျိုးမများနိုင်ပါဘူး။”လို့ လွတ်တော်အမတ်ဟောင်းတဦးက Border News Agency ကို ပြောပါတယ်။
သူတို့အလုပ်လုပ်နိုင်တဲ့နေရာတွေ ပျော က်ဆုံးသွားလို့၊လုံခြုံစွာသွားလာခွင့်မရှိလို့၊စားစရိတ်နဲ့ဝင်ငွေမမျှတော့လို့ဖြစ်တယ်လို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်နေကြသူတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်မြို့တွေရဲ့လမ်းဘေးက “မေတ္တာရပ်ပါတယ်။”ဆိုတဲ့အသံဟာ တဦးချင်းစီရဲ့ တောင်းဆိုမှုသာမဟုတ်ဘဲ စစ်ဘေးနဲ့ဆင်းရဲမွဲတေမှုကြား ပိတ်မိနေတဲ့ အာရက္ခလူထုတရပ်လုံးရဲ့အသံလည်းဖြစ်တယ်လို့ အမျိုးသမီးအရေးလှုပ်ရှားနေကြသူတွေက ဆိုကြပါတယ်။
“စစ်ဘေးရှောင်တွေငတ်သေနေကြပြီး စစ်တိုက်နေကြသူတွေချမ်းသားသွားတာကလည်းတော်လှန်ရေးမဟုတ်ပါဘူး။စစ်ဘေးရှောင်အမျိုးသမီးတွေပြည်တန်ဆာဖြစ်နေကြပြီးတော်လှန်ရေးခေါင်းဆောင်တွေကေတီဗွီပိုင်သွားတာဟာလည်း တော်လှန်ရေးမဟုတ်ပါဘူး။”လို့ အမျိုးသမီးအရေးလှုပ်ရှားနေသူတဦးက Border News Agency ကိုပြောပါတယ်။
အဲဒီအသံကို ခဏတာကြားပြီး ကျော်သွားရုံနဲ့မလုံလောက်ဘဲ ဘာကြောင့် ဒီလိုဖြစ်လာသလဲဆိုတာကို ဖြေရှင်းဖို့၊ အရပ်သားတွေ လုံခြုံစွာအသက်မွေးဝမ်းကျောင်းပြန်လုပ်နိုင်ဖို့နဲ့ ကလေးတွေ လမ်းဘေးမရောက်အောင်ကာကွယ်ဖို့ ရေရှည်အစီအစဉ်တွေ လိုအပ်နေတယ်လို့လည်း အမျိုးသမီးအရေးလှုပ်ရှားနေကြသူတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အကျပ်အတည်းတွေဆက်နက် ရှိုင်းနေသရွေ့ တောင်းရမ်းစားသောက်ရတဲ့ လူအရေအတွက်လည်း ဆက်တိုးလာနိုင်တာကြောင့် လူသားချင်းစာနာမှုအကူအညီနဲ့ တာဝန်ခံဖြေရှင်းမှုတွေ အမြန်ဆုံး လိုအပ်နေပြီ ဖြစ်ပါတယ်။








