Border News Agency
စစ်တွေ၊ စက်တင်ဘာ ၁၁။
စစ်တွေမြို့မှာ စစ်ကော်မရှင်တပ်စားနပ်ရိက္ခာတွေ ဖြည့်တင်းနေပါတယ်။
စစ်ကော်မရှင်တပ်အတွက် စစ်တွေမြို့သို့ စက်တင်ဘာလ ၁၀ ရက်နေ့ကသ င်္ဘောလေးစီးနဲ့ ဆန်၊အခြေခံစားသော က်ကုန်ပစ္စည်းတွေကို ရောက်ရှိလာတ ယ်လို့ စစ်ကော်မရှင်တပ်ထုတ်ပြန်ပါတယ်။
စစ်တွေမြို့ဘက်စုံသုံးဆိပ်ကမ်းမှာ အမ်ဗွီအောင်ရတနာသီရိ ၁ သင်္ဘော၊အမ်ဗွီအောင်ရတနာထိပ်သင်္ဘော၊ အမ်ဗွီရဲထွန်းအောင်၂ သင်္ဘော၊အမ်ဗွီရွှေပိုင်ဖြိုးသင်္ဘောတွေနဲ့ရန်ကုန်မြို့မှဆန်၊အ ခြေခံစားသောက်ကုန်ပစ္စည်းတွေ၊ရော င်းကုန်ပစ္စည်းတွေ သယ်ယူလာတာပါ။
အဲဒီအမ်ဗွီအောင်ရတနာသီရိ ၁ သင်္ဘောမှာ ဆန်နဲ့အခြေခံစားသောက်ကုန်ပစ္စည်းစုစုပေါင်းတန်ချိန် ၁၁၉၈ ဒသ မ ၆၁ ပါဝင်လာတယ်လို့ ဆိုပါတယ်။
အဲဒီအပြင်အမ်ဗွီရဲထွန်းအောင်၂ သ င်္ဘောမှာဆန်၊ အခြေခံစားသောက်ကုန်ပစ္စည်းစုစုပေါင်းတန်ချိန် ၉၁၅ ဒသ မ၃တန်၊ အမ်ဗွီရွှေပိုင်ဖြိုးသင်္ဘောမှာ ဆန်၊ စားသုံးဆီ၊ အခြေခံစားသောက် ကုန်ပစ္စည်းစုစုပေါင်းတန်ချိန် ၁၂၈၃ တန်ပါဝင်လာတယ်လို့ ဆိုပါတယ်။
အဲဒီအမ်ဗွီအောင်ရတနာသီရိသင်္ဘောမှာ ဆန်၊ အခြေခံစားသောင်ကုန်ပစ္စည်းတွေကို ဈေးကွက်မှာ အမြန်ဆုံးဖြန့်ဖြူးရောင်းချဖို့၊ ကုန်ပစ္စည်းပျက်စီးဆုံးရှုံးတာတွေမဖြစ်စေဖို့၊ မလိုအပ်တဲ့နေရာတွေကိုမရောက်ဖို့ ပြည်နယ်စစ်ကော် မရှင်ကကြပ်မက်ပေးနေတယ်လို့ဆိုပါတယ်။
အဲဒိီအပြင် အောင်ရတနာထိပ်သင်္ဘောမှာ ဆန်၊ အခြေခံစားသောက်ကုန်တွေ၊ အမ်ဗွီရဲထွန်းအောင် ၂ သင်္ဘောမှဆန်နဲ့အခြေခံစားသောက်ကုန်ပစ္စည်းတွေ၊ အမ်ဗွီရွှေပိုင်ဖြိုးသင်္ဘောပေါ်မှဆန်၊ အခြေခံစားသောက်ကုန်ပစ္စည်းတွေကိုလည်း စစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်အတွက် ကုန်တင်သင်္ဘောကြီးတွေနဲ့ရန်ကုန်မြို့မှ ကုန်ပစ္စည်းတွေ၊စားနပ်ရိက္ခာတွေမကြာခဏဖြည့်တင်းနေပေမယ့် စစ်တွေမြို့ပေါ်ရှိပိတ်လောင်ခံထားကြရတဲ့စစ်ဘေးရှောင်တွေအပါအဝင် အရပ်သားပြည်သူတွေဟာ ငတ်မွတ်ပြီးမိသားစုလိုက်သေ ကြောင်းကြံစဥ်တာတွေရှိနေကြပါတယ်။
အဲဒီအပြင် စစ်ဘေးရှောင်တွေအပါအဝင်အရပ်သားပြည်သူတွေဟာကုန်စျေးနှုန်းကြီးမြှင့်တာတွေကို ကြုံတွေ့နေကြရပြီး အရပ်သားပြည်သူတွေဟာ လွတ် လပ်စွာဝမ်းစာရှာအလုပ်လုပ်ခွင့်မရကြဘူးလို့ ဆိုကြပါတယ်။






