Border News Agency
မုံရွာ၊ နိုဝင်ဘာလ ၁၃။
မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ဇီးတောရွာမှာ အခြေပြုတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခဲ့တယ်လို့ နိုဝင်ဘာလ ၁၃ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီဇီးတောရွာမှ စစ်ကော်မရှင်တက်ကို နိုဝင်ဘာလ ၁၀ ရက်နေ့က တိုက်ခဲ့ကြရာမှာ စစ်ကော်မရှင်တပ်ရဲ့ အသုံးအဆောင်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။
မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖရဲ့အထူးတိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့ (Chindwin Brothers)မှဦးဆောင်ပြီး မုံရွာခရိုင်အမှတ် ၁၄ တပ်ရင်း၊ Budalin Defense Force၊ Bandula Defense Force၊ Federal Democratic Force၊Burmer Army၊ ဗိုလ်လက်ကောက်အဖွဲ့၊ SRS အဖွဲ့၊ ဒေါင်းပျောက်ကြားအဖွဲ့၊ အုပ်ကြီးနဲ့အဖွဲ့၊နင်ဂျာအဖွဲ့တွေ ပေါင်းလုပ်ခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ နယ်မြေရှင်းလင်းရေးရည်မှန်းချက်ကိုဟန့်တားပြီး ဘုတလင်မြို့နယ်တောင်ပိုင်းရှိ ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်နဲ့တော်လှန်ရေးတပ်တွေဟာ နိုဝင်ဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁၀ ရက်နေ့ထိ ၁၀ ရက်ကြာတိုက်ပွဲတွေရှိခဲ့တယ်လို့ ဆိုပါတယ်။







Comments 1
Thanks for sharing. I read many of your blog posts, cool, your blog is very good. https://accounts.binance.com/register-person?ref=IXBIAFVY