Border News Agency
နေပြည်တော်၊ ဇန်နဝါရီ ၂၀။
ကချင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ကနေ ရွေးကောက်ခံရတဲ့တိုင်းဒေသကြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လေးဆယ်လေးဦးရဲ့ အမည်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
အဲဒီထုတ်ပြန်လိုက်တဲ့ ကိုယ်စားလှယ်လေးဆယ်လေးဦးထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနှစ်ဆယ့်ခုနှစ်ဦးနဲ့ အများဆုံးပါဝင်နေပါတယ်။
အဲဒီအပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ခြောက်ဦး၊ နာဂအမျိုးသားပါတီကသုံးဦး၊ ကယားပြည်နယ်ပြည်သူ့ပါတီကနှစ်ဦးစီပါဝင်ကြပြီး ကျန်တဲ့တိုင်းရင်းသားပါတီတွေနဲ့ ဒေသခံပါတီအသီးသီးကလည်း ကိုယ်စားလှယ်တဦးစီ ပါဝင်လာတာကိုတွေ့ရပါတယ်။
အဲဒီရွေးကောက်ပွဲ နောက်ထပ်အဆင့်ဖြစ်တဲ့ အပိုင်း ၃ ကိုတော့ လာမယ့်ဇန်နဝါရီလ ၂၅ ရက်နေ့မှာ မြို့နယ်ပေါင်း ၆၃ မြို့နယ်မှာ ဆက်ပြီးကျင်းပသွားဖို့ ရှိနေပါတယ်။











