Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
နိုင်ငံတကာ သတင်း

ထိုင်းမှာကောလ်စင်တာဂိုဏ်းအတွက် ငွေထုတ်ပေးနေတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယားသား ၄ ဦး ဖမ်းဆီးခံရ

​Photo - CIB Thailand

​Photo - CIB Thailand

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

​ထိုင်းနိုင်ငံ၊ နည်းပညာရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့ (TCSD) နဲ့ ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB) တို့ ပူးပေါင်းကာ ကောလ်စင်တာဂိုဏ်းထံက ငွေတွေကို ဘဏ်အကောင့်တု (မူးအကောင့်)ကတဆင့် လိုက်လံထုတ်ယူပေးနေတဲ့ နိုင်ငံခြားသား ၄ ဦးကို ဖမ်းဆီးလိုက်ပါတယ်။

​အဲဒီနိုင်ငံခြားသားတွေကို စမွတ်ပရာကန်ခရိုင်အတွင်းရှိ ကွန်ဒိုနဲ့ တိုက်ခန်းတွေမှာ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ CIB ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

​အဲဒီ ဖမ်းဆီးရမိသူတွေဟာ ကမ္ဘောဒီးယားနိုင်ငံသား ၃ ဦးဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် မဆိုဖွန်၊ အသက် ၂၃ နှစ်အရွယ် မောင်ဘန်နာရစ်၊ အသက် ၃၇ နှစ်အရွယ် မဆိုရန် နဲ့ မြန်မာနိုင်ငံသားတဦးဖြစ်တဲ့ အသက် ၂၉ နှစ်အရွယ် မောင်တက် တို့ ဖြစ်ကြပါတယ်။

သူတို့ကို ပြည်သူတွေကို လိမ်လည်မှု၊ ကွန်ပျူတာစနစ်အတွင်း သတင်းအမှားထည့်သွင်းမှုနဲ့ ငွေကြေးခဝါချမှု စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

​ဒီအမှုဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဖုန်းရောင်းတယ်ဆိုပြီး ငွေလွှဲယူပြီး ပစ္စည်းမပို့တဲ့ လိမ်လည်မှုကနေ စတင်ခဲ့တာပါ။

အဲဒီနောက် ရဲတပ်ဖွဲ့အယောင်ဆောင်ထားတဲ့ ဂိုဏ်းဝင်တွေက နစ်နာသူတွေကို ဆက်သွယ်ကာ ဆုံးရှုံးသွားတဲ့ ငွေပြန်ရအောင် ကူညီမယ်ဆိုပြီး ရှယ်ယာရင်းနှီးမြှုပ်နှံခိုင်းကာ ထပ်မံလိမ်လည်ခဲ့ပါတယ်။

အဲဒါကြောင့် နစ်နာသူစုစုပေါင်း ဘတ် ၈ သိန်းကျော် (မြန်မာငွေ သိန်း ၈၀၀ နီးပါး) ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

​ဒါအပြင် အဲဒီ တရားခံတွေကို ဖမ်းဆီးချိန်မှာ ငွေသား ဘတ် ၃ သိန်းကျော်၊ စုစုပေါင်းပစ္စည်းတန်ဖိုး ဘတ် ၅ သိန်းကျော်ဖိုးနဲ့အတူ လက်ကိုင်ဖုန်းတွေ၊ ATM ကတ်တွေ၊ ဘဏ်စာအုပ်တွေနဲ့အတူ ပြစ်မှုကျူးလွန်စဉ်က ဝတ်ဆင်ခဲ့တဲ့ အဝတ်အစားတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ​တရားခံတွေရဲ့ ထွက်ဆိုချက်အရ မဆိုဖွန်ဟာ ဘဏ်အကောင့်တုပိုင်ရှင်ဖြစ်ပြီး တခါ ငွေထုတ်ပေးရင် ကော်မရှင်ခ ၂၀ ရာခိုင်နှုန်း ရရှိတယ်လို့ ဆိုပါတယ်။

ဒါအပြင် မောင်ဘန်နာရစ်က ဂိုဏ်းခေါင်းဆောင်နဲ့ ငွေထုတ်အဖွဲ့ကို ပေါင်းစပ်ပေးသူဖြစ်ပြီး ငွေတွေကို နယ်စပ်သို့ ပို့ဆောင်ပေးရသူဖြစ်တယ်လို့ ဆိုပါတယ်။

​မြန်မာအမျိုးသားဖြစ်တဲ့ မောင်တက်ကတော့ ဘဏ်အကောင့်တုပိုင်ရှင်ဆီကို ငွေထုတ်ပေးသူဖြစ်ကာ တကြိမ်ကို အခကြေးငွေ ဘတ် ၅၀၀ ရရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ သူတို့အားလုံးကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့ သက်ဆိုင်ရာ ရဲစခန်းဆီ ပို့ဆောင်ထားပြီးဖြစ်တယ်လို့သိရပါတယ်။

PrevPrevious​ထိုင်းမှာ ခွေးရူးပြန်ရောဂါနဲ့မြန်မာနိုင်ငံသားတဦးသေဆုံး
Nextဖားဆောင်းမြို့ကို စစ်ကော်မရှင်တပ်ပြန်လည်ထိန်းချုပ်Next
Previous Post

​ထိုင်းမှာ ခွေးရူးပြန်ရောဂါနဲ့မြန်မာနိုင်ငံသားတဦးသေဆုံး

Next Post

ဖားဆောင်းမြို့ကို စစ်ကော်မရှင်တပ်ပြန်လည်ထိန်းချုပ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဓာတ်ပုံ - ကျန်းမာရေးဝန်ကြီးဌာန

အမျိုးသားအားတိုးဆေး ၆ မျိုး မသုံးစွဲဖို့ ကျန်းမာရေးဝန်ကြီးဌာန သတိပေး

May 16, 2026

​ချန်ရိုင်းမှာ စိတ်ကြွဆေးပြား ၄ သန်း သယ်ဆောင်လာတဲ့ကားဖမ်းခံရ

May 16, 2026

​တားမြစ်ဓာတုပစ္စည်းတွေပါဝင်တဲ့ အလှကုန် ၃ မျိုး မသုံးစွဲဖို့ FDA သတိပေး

May 16, 2026

ကျမလည်း ဗင်နစ်ဆာဂူလင်နဲ့စစ်မေတွေအပေါ် လိင်အမြတ်ထုတ်မှု

May 16, 2026

အမျိုးသားအားတိုးဆေး ၆ မျိုး မသုံးစွဲဖို့ ကျန်းမာရေးဝန်ကြီးဌာန သတိပေး

​ချန်ရိုင်းမှာ စိတ်ကြွဆေးပြား ၄ သန်း သယ်ဆောင်လာတဲ့ကားဖမ်းခံရ

​တားမြစ်ဓာတုပစ္စည်းတွေပါဝင်တဲ့ အလှကုန် ၃ မျိုး မသုံးစွဲဖို့ FDA သတိပေး

ကျမလည်း ဗင်နစ်ဆာဂူလင်နဲ့စစ်မေတွေအပေါ် လိင်အမြတ်ထုတ်မှု

​အီရန်စစ်ပွဲကြောင့် အိန္ဒိယမှာ စက်သုံးဆီဈေး ၃ ရာခိုင်နှုန်း မြှင့်တင်

​ဟန်တာဗိုင်းရပ်စ်ကို အန္တရာယ်ရှိရောဂါအဖြစ် ထိုင်းအစိုးရ သတ်မှတ်

Releated Post

​ဓာတ်ပုံ - ကျန်းမာရေးဝန်ကြီးဌာန

အမျိုးသားအားတိုးဆေး ၆ မျိုး မသုံးစွဲဖို့ ကျန်းမာရေးဝန်ကြီးဌာန သတိပေး

May 16, 2026

​ချန်ရိုင်းမှာ စိတ်ကြွဆေးပြား ၄ သန်း သယ်ဆောင်လာတဲ့ကားဖမ်းခံရ

May 16, 2026

​တားမြစ်ဓာတုပစ္စည်းတွေပါဝင်တဲ့ အလှကုန် ၃ မျိုး မသုံးစွဲဖို့ FDA သတိပေး

May 16, 2026

ကျမလည်း ဗင်နစ်ဆာဂူလင်နဲ့စစ်မေတွေအပေါ် လိင်အမြတ်ထုတ်မှု

May 16, 2026
​ကိုးကား / ဓာတ်ပုံ - Al Jazeera

​အီရန်စစ်ပွဲကြောင့် အိန္ဒိယမှာ စက်သုံးဆီဈေး ၃ ရာခိုင်နှုန်း မြှင့်တင်

May 16, 2026
​ကိုးကား - Khaosod

​ဟန်တာဗိုင်းရပ်စ်ကို အန္တရာယ်ရှိရောဂါအဖြစ် ထိုင်းအစိုးရ သတ်မှတ်

May 16, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page