Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
နိုင်ငံတကာ သတင်း

ခွေးဝမ်းကျရောဂါပိုးကြောင့် ​ချင်းမိုင်ကျား ၇၂ ကောင်သေဆုံး

ဓာတ်ပုံ - ထိုင်းတိရစ္ဆာန်ဆေးကုဦးစီးဌာန

ဓာတ်ပုံ - ထိုင်းတိရစ္ဆာန်ဆေးကုဦးစီးဌာန

Author picture

By

Shin Myat Phyu
Reading Time: 1 min read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency

​မဲဆောက်၊ ဖေဖော်ဝါရီ ၂၁ ။

​ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်က ကျားဂေဟာ (Tiger Kingdom) မှာ ကျား ၇၂ ကောင် အုပ်စုလိုက်သေဆုံးခဲ့ရတဲ့ အကြောင်းရင်းဟာ ခွေးတွေမှာဖြစ်ပွားလေ့ရှိတဲ့ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုး ပူးတွဲကူးစက်ခံရတာကြောင့်ဖြစ်တယ်လို့ ထိုင်းတိရစ္ဆာန်ဆေးကုဦးစီးဌာနက ဖေဖော်ဝါရီလ၂၀ ရက်၊ ဒီနေ့မှာ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။

အဲဒါဟာ တချို့ကစိုးရိမ်နေကြသလို ကြက်ငှက်တုပ်ကွေးကြောင့်မဟုတ်ဘဲ ပြင်းထန်တဲ့အဆုတ်ရောင်ရောဂါကြောင့် သေဆုံးရတာဖြစ်တယ်လို့ ဆိုပါတယ်။

​ဓာတ်ခွဲခန်းစစ်ဆေးချက်တွေအရ ကျားတွေမှာ Canine Distemper Virus (CDV) လို့ခေါ်တဲ့ ခွေးဝမ်းကျရောဂါပိုးနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဘက်တီးရီးယားပိုး (Mycoplasma spp.) တို့ ကူးစက်ခံထားရတာကို တွေ့ရှိခဲ့တာပါ။

အဲဒီရောဂါပိုးဟာ တိရစ္ဆာန်အချင်းချင်းသာကူးစက်တတ်ပြီး တိရစ္ဆာန်ကနေလူကိုကူးစက်တဲ့ ရောဂါမျိုးမဟုတ်တာကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ်စရာမရှိဘူးလို့ ရောဂါထိန်းချုပ်ရေးဦးစီးဌာနက ထပ်မံအတည်ပြုပြောကြားခဲ့ပါတယ်။

အဲဒီ​ရောဂါပိုး လူကိုမကူးစက်နိုင်ဘူးဆိုပေမယ့်လည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ သေဆုံးသွားတဲ့ကျားတွေနဲ့ နီးကပ်စွာထိတွေ့ခဲ့သူ ဝန်ထမ်းနဲ့တိရစ္ဆာန်ဆရာဝန် ၁၀၈ ဦးကို ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ထားပါတယ်။

သူတို့ကို ရောဂါပျိုးရက်ဖြစ်တဲ့ ၂၁ ရက်အထိ ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပြီး လောလောဆယ်မှာတော့ မဲရင်းမြို့နယ်က အဲဒီကျားဂေဟာကို ၁၄ ရက်ကြာ ယာယီပိတ်ထားကာ ပိုးသတ်သန့်စင်မှုတွေ လုပ်ဆောင်နေပါတယ်။

​လက်ရှိမှာ ကျန်ရှိနေတဲ့ကျားတွေကို မဲတန်းမြို့နယ်က စောင့်ရှောက်ရေးစင်တာကိုပြောင်းရွှေ့ထားပြီး အခြေအနေကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ဒါပေမဲ့လည်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကတော့ ပြည်သူတွေအနေနဲ့ အစားအသောက်တွေကို ကျက်အောင်ချက်စားဖို့၊ လက်ကိုမကြာခဏဆေးဖို့နဲ့ တိရစ္ဆာန်တွေကိုကိုယ်တိုင်ထိတွေ့တာ ဒါမှမဟုတ် အစာကျွေးတာမျိုးတွေ မလုပ်ကြဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

​တကယ်လို့ ထူးခြားတဲ့ကျန်းမာရေးလက္ခဏာတွေ သံသယရှိလာရင် အရေးပေါ်ဖုန်းလိုင်း ၁၄၂၂ ကို ၂၄ နာရီပတ်လုံး ဆက်သွယ်မေးမြန်းနိုင်တယ်လို့လည်း အသိပေးထားပါတယ်။

ဒီဖြစ်စဉ်ဟာ ချင်းမိုင်ဒေသက တိရစ္ဆာန်ထိန်းသိမ်းရေးလောကအတွက် တော်တော်လေးစိတ်မကောင်းစရာဖြစ်ရပ်တခု ဖြစ်ခဲ့ပေမယ့် အခုအခါမှာတော့ ရောဂါအရင်းအမြစ်ကို ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

PrevPrevious​ဖေဖော်ဝါရီလကုန်ပိုင်း အာရက္ခဒေသမှာမိုးထစ်ချုန်းရွာနိုင်ပြီး မြူထူတွေဆိုင်းမယ်
Next​မြစ်ကြီးနားလေဆိပ်မှာ MNA လေယာဉ်တစီး ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ လေဆိပ်ကိုယာယီပိတ်ထားNext
Previous Post

​ဖေဖော်ဝါရီလကုန်ပိုင်း အာရက္ခဒေသမှာမိုးထစ်ချုန်းရွာနိုင်ပြီး မြူထူတွေဆိုင်းမယ်

Next Post

​မြစ်ကြီးနားလေဆိပ်မှာ MNA လေယာဉ်တစီး ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ လေဆိပ်ကိုယာယီပိတ်ထား

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - မြိုင်မြို့နယ် ဂဠုန်ပြည်သူ့ကာကွယ်‌‌ရေးတပ်ဖွဲ့

ပခုက္ကူမှာစစ်တပ်ရဲ့ ရဲနှစ်ဦး လက်နက်တွေနဲ့ အရှင်မိ

July 28, 2026
ဓာတ်ပုံ-SNA

စစ်ကိုင်းမှာ SNA တပ်ဖွဲ့ဝင်တဦးအလင်းဝင်

July 27, 2026
​ဓာတ်ပုံ - ကျားသစ်နက်စစ်ကြောင်း

မြဝတီမှာ အာဏာသိမ်းစစ်သားခြောက်ဦး လက်နက်နဲ့အတူ အလင်းဝင်

July 27, 2026
​ဓာတ်ပုံ - APM

ကျောက်တော်ရှိရွာနှစ်ရွာမှာ ငှက်ဖျားပိုးတွေ့လို့ အာရက္ခကျန်းမာရေးဌာန စစ်ဆေး

July 27, 2026

ပခုက္ကူမှာစစ်တပ်ရဲ့ ရဲနှစ်ဦး လက်နက်တွေနဲ့ အရှင်မိ

ပြင်သစ်နဲ့ စပိန်မှာ တောမီးကြောင့် လူသုံးသိန်းကျော်ဘေးလွတ်ရာ ရွှေ့ပြောင်းရ

စစ်ကိုင်းမှာ SNA တပ်ဖွဲ့ဝင်တဦးအလင်းဝင်

ဘန်ကောက်မှာ မြန်မာလုပ်သားငါးဦးနဲ့ မြန်မာယာဉ်မောင်းနှစ်ဦး ဖမ်းဆီးခံရ

မြဝတီမှာ အာဏာသိမ်းစစ်သားခြောက်ဦး လက်နက်နဲ့အတူ အလင်းဝင်

ကျောက်တော်ရှိရွာနှစ်ရွာမှာ ငှက်ဖျားပိုးတွေ့လို့ အာရက္ခကျန်းမာရေးဌာန စစ်ဆေး

Releated Post

ဓာတ်ပုံ - မြိုင်မြို့နယ် ဂဠုန်ပြည်သူ့ကာကွယ်‌‌ရေးတပ်ဖွဲ့

ပခုက္ကူမှာစစ်တပ်ရဲ့ ရဲနှစ်ဦး လက်နက်တွေနဲ့ အရှင်မိ

July 28, 2026
ဓာတ်ပုံ - Al Jazeera

ပြင်သစ်နဲ့ စပိန်မှာ တောမီးကြောင့် လူသုံးသိန်းကျော်ဘေးလွတ်ရာ ရွှေ့ပြောင်းရ

July 27, 2026
ဓာတ်ပုံ-SNA

စစ်ကိုင်းမှာ SNA တပ်ဖွဲ့ဝင်တဦးအလင်းဝင်

July 27, 2026

ဘန်ကောက်မှာ မြန်မာလုပ်သားငါးဦးနဲ့ မြန်မာယာဉ်မောင်းနှစ်ဦး ဖမ်းဆီးခံရ

July 27, 2026
​ဓာတ်ပုံ - ကျားသစ်နက်စစ်ကြောင်း

မြဝတီမှာ အာဏာသိမ်းစစ်သားခြောက်ဦး လက်နက်နဲ့အတူ အလင်းဝင်

July 27, 2026
​ဓာတ်ပုံ - APM

ကျောက်တော်ရှိရွာနှစ်ရွာမှာ ငှက်ဖျားပိုးတွေ့လို့ အာရက္ခကျန်းမာရေးဌာန စစ်ဆေး

July 27, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page