Border News Agency
နော်ဝေ၊ဧပြီ ၂၃။
နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပါအဝင်နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လည်လွတ်မြောက်လာတာကို အသိအမှတ်ပြုတယ်လို့ ရန်ကုန်အခြေစိုက် နော်ဝေဒေသဆိုင်ရာ သံရုံးက ဧပြီလ ၂၂ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူ အားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့အတွက် စစ်ကော်မရှင်တပ်ကို နော်ဝေအစိုးရက ဆက်လက်တောင်းဆိုထားပါတယ်။
နော်ဝေအနေနဲ့ မြန်မာပြည်သူတွေကို ဆက်လက်ထောက်ပံ့သွားမှာဖြစ်ပြီး အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေးအတွက် အဓိပ္ပာယ်ရှိတဲ့ ခြေလှမ်းတွေလှမ်းဖို့ တိုက်တွန်းထားတာပါ။
အဲဒီ အပြင်အရပ်သားတွေကို အကာအကွယ်ပေးဖို့၊လိုအပ်နေသူတွေဆီ အကူအညီတွေ အတားအဆီးမရှိ ရောက်ရှိဖို့နဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်အတိုင်း လုပ်ဆောင်ဖို့လည်း ပါရှိပါတယ်။
သက်ဆိုင်သူအားလုံး ပါဝင်နိုင်တဲ့ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်လာဖို့အတွက်လည်း နော်ဝေဘက်က ဆက်လက်တိုက်တွန်းထားပါတယ်။






