Border News Agency
ရုရှား၊ ဧပြီ ၂၈။
ဒေသတွင်း အခြေအနေတွေပြောင်းလဲနေချိန်မှာ ရုရှားနိုင်ငံနဲ့အမြင့်ဆုံးအဆင့် တွေ့ဆုံဆွေးနွေးခွင့်ရတဲ့အပေါ် အလွန်ဝမ်းမြောက်မိတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ချီက ဧပြီလ ၂၈ ရက်၊ဒီနေ့မှာ ပြောပါတယ်။
မကြာသေးမီကဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေဟာ အီရန်နဲ့ ရုရှားနိုင်ငံတို့အကြားထားရှိတဲ့ မဟာဗျူဟာမြောက် မဟာမိတ်ဖြစ်မှုရဲ့ နက်ရှိုင်းမှုနဲ့ ခိုင်မာမှုကို သက်သေပြနေတာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဟာ မော်စကိုမြို့မှာ ရုရှားသမ္မတပူတင်နဲ့ တွေ့ဆုံအပြီးမှာ အခုလို ပြောကြားခဲ့တာပါ။
အမေရိကန်-အစ္စရေးတို့နဲ့ စစ်ပွဲဖြစ်ပွားနေချိန်မှာ ရုရှားရဲ့ ထောက်ခံမှုကို ရယူနိုင်ဖို့ အီရန်က ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။
ရုရှားနဲ့ အီရန်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာ လုံခြုံရေးနဲ့ ထောက်လှမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားတာကြောင့် လက်ရှိစစ်ပွဲအတွင်းမှာ နှစ်နိုင်ငံဆက်ဆံရေးဟာ ပိုမိုနက်ရှိုင်းလာနေပါတယ်။
အီရန်ဟာ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုနဲ့ ရေနံတင်ပို့မှုအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ရုရှားနိုင်ငံရဲ့အကူအညီနဲ့ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ မျှော်လင့်နေတာဖြစ်တယ်လို့ Al Jazeera သတင်းအရ သိရပါတယ်။






