Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
နိုင်ငံတကာ နိုင်ငံရေး သတင်း

အမေရိကန် ၂၅၀ ပြည့်အထိမ်းအမှတ် ပတ်စပို့မှာထရမ့်ပုံထည့်မယ်

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
3
VIEWS
Share on FacebookShare on Twitter

​Border News Agency
အမေရိကန်၊ ဧပြီ ၂၉။

​လာမယ့်ဇူလိုင်လမှာ ကျရောက်မယ့် အမေရိကန်လွတ်လပ်ရေး ကြေညာစာတမ်း ၂၅၀ ပြည့် အထိမ်းအမှတ်အဖြစ် သမ္မတထရမ့်ရဲ့ ပုံတူနဲ့ လက်မှတ်ပါဝင်တဲ့ အထူးထုတ် ပတ်စပို့တွေကို ကန့်သတ်ချက်နဲ့ ထုတ်ဝေသွားမယ်လို့ အိမ်ဖြူတော်က ဧပြီလ ၂၉ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။

ဒါဟာထရမ့်အစိုးရလက်ထက်မှာ နိုင်ငံတော်ပိုင် အဖွဲ့အစည်းတွေနဲ့အသုံးအဆောင်တွေအပေါ် သမ္မတရဲ့အမည်နဲ့ ပုံရိပ်ကို အမှတ်တံဆိပ်အဖြစ် အသုံးပြုလာတဲ့ လုပ်ဆောင်ချက်တွေထဲက တခုလည်း ဖြစ်ပါတယ်။

​အဲဒီပတ်စပို့အသစ်ရဲ့ ဒီဇိုင်းမှာ ထရမ့်ရဲ့ ပုံတူကို အမေရိကန် အလံ၊ လွတ်လပ်ရေး ကြေညာစာတမ်း အစိတ်အပိုင်းတွေနဲ့ တွဲဖက်ဖော်ပြထားပြီး သမ္မတရဲ့ လက်မှတ်ကိုလည်း ရွှေရောင်နဲ့ ရိုက်နှိပ်ထားပါတယ်။

ပတ်စပို့အတွင်းစာမျက်နှာတွေမှာတော့ အမေရိကန်တည်ထောင်သူ ဖခင်ကြီးတွေရဲ့ သမိုင်းဝင်ပုံရိပ်တွေကိုပါ ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။

​လက်ရှိမှာလည်း အမျိုးသားပန်းခြံဝင်ခွင့်လက်မှတ်တွေမှာ သမ္မတ ဂျော့ချ်ဝါရှင်တန်နဲ့အတူ ထရမ့်ရဲ့ပုံကို ထည့်သွင်းထားသလို ၂၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေမယ့် ၁ ဒေါ်လာတန် အကြွေစေ့မှာလည်း ထရမ့်ရဲ့ပုံနဲ့ “FIGHT FIGHT FIGHT” ဆိုတဲ့ ကြွေးကြော်သံကို ထည့်သွင်းဖို့ စီစဉ်နေပါတယ်။

ဒါ့အပြင် ဝါရှင်တန်ဒီစီက အစိုးရအဆောက်အအုံတွေမှာလည်း ထရမ့်ရဲ့ ပုံတူ နဖူးစည်းစာတန်းကြီးတွေကို ချိတ်ဆွဲထားပါတယ်။

​သမ္မတထရမ့်ဟာ ဝါရှင်တန်မြို့တော်က ကနေဒီစင်တာ (Kennedy Center) ကိုလည်း သူရဲ့အမည်ပြောင်းလဲ ထည့်သွင်းခဲ့သလို အိမ်ဖြူတော်ရဲ့ အရှေ့ဘက်ဆောင်ကို ဖျက်သိမ်းပြီး ခမ်းမဆောင်အသစ် တည်ဆောက်တာတွေပါ လုပ်ဆောင်ခဲ့ပါတယ်။

အခု ပတ်စပို့အသစ်တွေကိုတော့ ဝါရှင်တန် ပတ်စပို့အေဂျင်စီကတဆင့် လျှောက်ထားသူတွေကို ဒီနွေရာသီမှာ စတင်ဖြန့်ဝေပေးသွားမှာပါ။

​ဝေဖန်သူတွေကတော့ ထရမ့်ရဲ့အခုလို လုပ်ရပ်တွေဟာ နိုင်ငံတော်ပိုင် အဆောက်အအုံနဲ့ အထိမ်းအမှတ်တွေကို ကိုယ်ပိုင်အမှတ်တံဆိပ်အဖြစ် ပြောင်းလဲနေတာလို့ ထောက်ပြနေကြပါတယ်။

ဒါပေမယ့် ထရမ့်အစိုးရကတော့ ဒါဟာ သမိုင်းဝင် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုတဲ့ လုပ်ဆောင်ချက်တွေသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

PrevPreviousနမ့်ဆန်မှာ မိုးသက်လေပြင်းတိုက်ခတ်လို့ လူနေအိမ်ဆယ်လုံးပျက်စီး
Nextပခုက္ကူမှာစစ်ကော်မရှင်တပ်သား ၅ ဦး အလင်းဝင်Next
Previous Post

နမ့်ဆန်မှာ မိုးသက်လေပြင်းတိုက်ခတ်လို့ လူနေအိမ်ဆယ်လုံးပျက်စီး

Next Post

ပခုက္ကူမှာစစ်ကော်မရှင်တပ်သား ၅ ဦး အလင်းဝင်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေး တောင်းဆိုမှုကိုအာဆီယံအထူးကိုယ်စားလှယ် အပြုသဘောတုံ့ပြန်

May 13, 2026

​အီရန်နဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရှေ့မတိုးနိုင်ဘဲ သမ္မတထရန့် အကျပ်ရိုက်နေ

May 13, 2026

မဏိပူရမှာ သာဒိုခရစ်ယာန်ခေါင်းဆောင် ၄ ဦး ခြုံခိုတိုက်ခိုက်ခံရလို့သေဆုံး

May 13, 2026

အာဏာသိမ်းစစ်တပ်ရဲ့ပြစ်ဒဏ်ကင်းလွတ်မှုကို အဆုံးသတ်ဖို့ကုလအထူးကိုယ်စားလှယ်တိုက်တွန်း

May 13, 2026

နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေး တောင်းဆိုမှုကိုအာဆီယံအထူးကိုယ်စားလှယ် အပြုသဘောတုံ့ပြန်

​အီရန်နဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရှေ့မတိုးနိုင်ဘဲ သမ္မတထရန့် အကျပ်ရိုက်နေ

မဏိပူရမှာ သာဒိုခရစ်ယာန်ခေါင်းဆောင် ၄ ဦး ခြုံခိုတိုက်ခိုက်ခံရလို့သေဆုံး

အာဏာသိမ်းစစ်တပ်ရဲ့ပြစ်ဒဏ်ကင်းလွတ်မှုကို အဆုံးသတ်ဖို့ကုလအထူးကိုယ်စားလှယ်တိုက်တွန်း

​အမေရိကန်သမ္မတထရန့် ပေကျင်းသို့ ရောက်ရှိ

​ဘန်ကောက်မှာ အိုက်စ် ၃၀၀ ကီလိုနဲ့အတူ တရားခံ ၆ ဦးဖမ်းမိ

Releated Post

နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေး တောင်းဆိုမှုကိုအာဆီယံအထူးကိုယ်စားလှယ် အပြုသဘောတုံ့ပြန်

May 13, 2026

​အီရန်နဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရှေ့မတိုးနိုင်ဘဲ သမ္မတထရန့် အကျပ်ရိုက်နေ

May 13, 2026

မဏိပူရမှာ သာဒိုခရစ်ယာန်ခေါင်းဆောင် ၄ ဦး ခြုံခိုတိုက်ခိုက်ခံရလို့သေဆုံး

May 13, 2026

အာဏာသိမ်းစစ်တပ်ရဲ့ပြစ်ဒဏ်ကင်းလွတ်မှုကို အဆုံးသတ်ဖို့ကုလအထူးကိုယ်စားလှယ်တိုက်တွန်း

May 13, 2026
​ကိုးကား / ဓာတ်ပုံ - CNA

​အမေရိကန်သမ္မတထရန့် ပေကျင်းသို့ ရောက်ရှိ

May 13, 2026
​ဓာတ်ပုံ - ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်းရေးရုံး (ONCB)

​ဘန်ကောက်မှာ အိုက်စ် ၃၀၀ ကီလိုနဲ့အတူ တရားခံ ၆ ဦးဖမ်းမိ

May 13, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page