Border News Agency
ယူကေ၊ မေ ၃။
ကမ္ဘာတဝှမ်းမှာ သတင်းမီဒီယာလွတ် လပ်ခွင့်တွေ ခြိမ်းခြောက်ခံနေရပြီး မြန်မာနိုင်ငံဟာလည်း နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၆၆ အထိ ကျဆင်းနေတာကြောင့် ဖမ်းဆီးခံသတင်းသမားအားလုံးကို ချက်ချင်းလွတ်ပေးဖို့ ယူကေအစိုးရတိုက်တွန်းလိုက်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံမှာ သတင်းသမား ၂၂၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး ၄၇ ဦးဟာ ထောင်ထဲမှာဆက်ရှိနေဆဲဖြစ်တယ်လို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ရဲ့ အစီရင်ခံစာကို ကိုးကားပြီး ထုတ်ပြန်ထားတာပါ။
မြန်မာသတင်းသမားတွေဟာ နေ့စဉ်နှောင့်ယှက်မှုတွေနဲ့ အသက်အန္တရာယ်ကြားက သတင်းမှန်ရဖို့ ကြိုးပမ်းနေကြရတာဖြစ်ပြီး သတင်းတပုဒ်စီတိုင်းမှာ အသက်နဲ့လုံခြုံရေးကို ရင်းထားရတယ်လို့ အမျိုးသမီးသတင်းထောက်တဦးက ပြောပါတယ်။
ယူကေအစိုးရဟာ ကမ္ဘာတဝှမ်းက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် မီဒီယာလွတ်လပ်ခွင့်ကို ခိုင်မာစွာ ထောက် ခံအားပေးနေပြီး မြန်မာနိုင်ငံက သတ င်းမီဒီယာကွန်ရက်တွေနဲ့အတူ ဆက်ပူးပေါင်း ဆောင်ရွက်နေတာပါ။
အဲဒါကြောင့် သတင်းမီဒီယာတွေဟာနဲ့ လွတ်လပ်စွာသတင်းရေးသားခွင့် ရှိရမှာဖြစ်သလို မတရားဖမ်းဆီးခံထားရသူတွေကိုလည်း အမြန်ဆုံးပြန်လွတ်ပေးဖို့ ယူကေက အလေးအနက် တောင်းဆိုထားပါတယ်။






