Border News Agency
လုံးခင်း၊မေ ၈။
ကချင်ပြည်၊ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအုပ်စုရှိ ကျောက်စိမ်းလုပ်ကွ က်တွေကို မေလ ၈ ရက်၊ဒီနေ့မနက်ကအာဏာသိမ်းစစ်တပ်လေကြောင်းတို က်ခိုက်ခဲ့ပါတယ်။
အဲဒီမလောင်မှော်ရှိမြဥယျဉ်ကုမ္ပဏီ ပ တ်ဝန်းကျင်က ဒီနေ့မနက် ၁၀ နာရီအ ချိန်မှာကအာဏာသိမ်းစစ်တပ်လေ ကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီနေရာတွေဟာ စစ်ရေးနဲ့မသက်ဆိုင်ဘဲ အရပ်သားကျောက်စိမ်းလုပ်ကွက်တွေလို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကျောက်စိမ်းလုပ်ကွက်တွေထိခိုက်ပျက်စီးမှုတွေရှိသလို အလုပ်လုပ်နေကြတဲ့ဝန်ထမ်းတွေနဲ့ ဒေသခံတွေ ထိတ်လ န့်စိုးရိမ်နေကြပါတယ်။






