Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး နိုင်ငံတကာ သတင်း

​ဟော်မုဇ်ရေလက်ကြား လွတ်လပ်စွာသွားလာရေး ကုလဆုံးဖြတ်ချက်ကို နိုင်ငံပေါင်း ၁၁၂ ခုထောက်ခံ

ဓာတ်ပုံ - Al Jazeera

ဓာတ်ပုံ - Al Jazeera

Author picture

By

Swe Zin Htike
Reading Time: 1 min read
0
A A
0
SHARES
6
VIEWS
Share on FacebookShare on Twitter

Border News Agency
အမေရိကန်၊​ မေ ၁၃။

​ကမ္ဘာ့အရေးအပါဆုံးရေကြောင်းလမ်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားမှာ လွတ်လပ်စွာသွားလာခွင့်ရဖို့နဲ့ အီရန်ရဲ့တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ဘာရိန်းနဲ့အမေရိကန်တို့ဦးဆောင်တင်သွင်းတဲ့ ကုလသမဂ္ဂဆုံးဖြတ်ချက်မူကြမ်းကို နိုင်ငံပေါင်း ၁၁၂ ခုက ထောက်ခံ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။

အဲဒီအထဲမှာ ကာတာ၊ ဆော်ဒီအာရေဗျတို့လို ဒေသတွင်းနိုင်ငံတွေအပြင် အိန္ဒိယ၊ ဂျပန်နဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစုလည်း ပါဝင်နေတာပါ။

အဲ​ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံတကာရေကြောင်းလမ်းတွေနဲ့ စွမ်းအင်တင်ပို့မှုလုံခြုံရေးအတွက် ရည်ရွယ်တာဖြစ်ပြီး အရင်လကတင်သွင်းခဲ့စဉ်မှာတော့ တရုတ်နဲ့ရုရှားတို့က ဗီတိုအာဏာသုံးပြီးပယ်ချခဲ့ဖူးပါတယ်။

အခုတကြိမ်မှာလည်း အဲဒီနှစ်နိုင်ငံကကန့်ကွက်မှုတွေ ရှိနေသေးသလို ဘယ်နေ့မှာမဲခွဲဆုံးဖြတ်မလဲဆိုတာကိုတော့ မသိရသေးပါဘူး။

​လက်ရှိမှာအမေရိကန်နဲ့ အီရန်ကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေက ရှေ့မတိုးနိုင်ဘဲဖြစ်နေပါတယ်။

အမေရိကန်က အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို ဖျက်သိမ်းဖို့တောင်းဆိုနေပြီး အီရန်ဘက်ကတော့ အမေရိကန်ရဲ့ ရေကြောင်းပိတ်ဆို့မှုတွေကို ရပ်တန့်ပေးဖို့နဲ့ စစ်လျော်ကြေးပေးဖို့ အပြန်အလှန်တောင်းဆိုနေကြတာပါ။

​အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးကတော့ အမေရိကန်ဟာ ငြိမ်းချမ်းရေးထက် အညံ့ခံဖို့ကိုပဲရှာဖွေနေတယ်လို့ ဝေဖန်ထားပါတယ်။

တဖက်မှာလည်း တူရကီနဲ့ ကာတာခေါင်းဆောင်တွေက ရေလက်ကြားကို လက်နက်သဖွယ်အသုံးမပြုဖို့ သတိပေးထားသလို ပါကစ္စတန်ရဲ့ ကြားဝင်စေ့စပ်ပေးမှုတွေကိုလည်း ထောက်ခံနေကြပါတယ်။

​အခုလိုစစ်ပွဲနဲ့ စွမ်းအင်ပြတ်တောက်မှုတွေကြောင့် အမေရိကန်မှာ ကုန်စျေးနှုန်းတွေတက်လာနေပေမယ့် သမ္မတထရန့်ကတော့ အီရန်ကို နျူကလီးယားလက်နက်မရစေဖို့ကသာ သူတို့ရဲ့ပထမဦးစားပေးဖြစ်တယ်လို့ပြောဆိုထားပါတယ်။

လက်ရှိမှာ ထရန့်ဟာ စစ်ပွဲကိစ္စဆွေးနွေးဖို့အတွက် တရုတ်နိုင်ငံကို ရောက်ရှိနေတာလည်းဖြစ်ပါတယ်။

PrevPreviousဝက်လက်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကိုရင်တပါးနဲ့ပြည်သူတဦးဒဏ်ရာရ
Next​ဒေါ်အောင်ဆန်းစုကြည် အမျိုးသားခေါင်းဆောင်အဖြစ် ပါဝင်ခွင့်ရှိတယ်လို့ အာဆီယံဥက္ကဋ္ဌပြောNext
Previous Post

ဝက်လက်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကိုရင်တပါးနဲ့ပြည်သူတဦးဒဏ်ရာရ

Next Post

​ဒေါ်အောင်ဆန်းစုကြည် အမျိုးသားခေါင်းဆောင်အဖြစ် ပါဝင်ခွင့်ရှိတယ်လို့ အာဆီယံဥက္ကဋ္ဌပြော

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

Photo - ONN

ကျောက်​တော်လေကြောင်းတိုက်ခိုက်ခံရမှု ငါးဆယ်သုံးဦးထိသေဆုံး

September 28, 2026
ဓာတ်ပုံ - ONN

ကျောက်တော်လေကြောင်းတိုက်ခံရမှု သုံးဆယ်ကျော်သေဆုံး

September 28, 2026
ဓာတ်ပုံ-ONN

ကျောက်တော်လေကြောင်းတိုက်ခံရမှုသုံးဆယ်သုံးဦးထိသေဆုံး(ဓာတ်ပုံသတင်း)

September 28, 2026

မုတ္တမကွေ့အနီးဖြတ်ကျော်မယ့် မုန်တိုင်းငယ်ကိုအနီရောင်အဆင့်သတ်မှတ်

September 28, 2026

အာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)

မြန်မာတော်လှန်ရေးတပ်တွေကို လေ့ကျင့်ပေးခဲ့တယ်လို့စွပ်စွဲခံရတဲ့ နိုင်ငံခြားသားခုနှစ်ဦးအိမ်ပြန်ခွင့်ရ

အိန္ဒိယနဲ့နီပေါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုလို့ လူ၆၈ ဦးသေဆုံး

သက်တမ်းနှစ်ဆယ်ကျော်ယာဉ်ဟောင်းတွေကို EV နဲ့ အစားထိုးတင်သွင်းခွင့်ပြု

ဖာပွန်ခရိုင်တိုက်ပွဲမှာ စစ်တပ်ထံမှလက်နက်ခုနှစ်လက် KNLA သိမ်းဆည်းမိ

ဆောမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံး

Releated Post

ဓာတ်ပုံ-AA

အာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)

September 27, 2026
​Ref/Photo - India Today

မြန်မာတော်လှန်ရေးတပ်တွေကို လေ့ကျင့်ပေးခဲ့တယ်လို့စွပ်စွဲခံရတဲ့ နိုင်ငံခြားသားခုနှစ်ဦးအိမ်ပြန်ခွင့်ရ

September 27, 2026
Ref/​Photo - AFP/Reuters

အိန္ဒိယနဲ့နီပေါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုလို့ လူ၆၈ ဦးသေဆုံး

September 27, 2026
ဓာတ်ပုံ-BNA

သက်တမ်းနှစ်ဆယ်ကျော်ယာဉ်ဟောင်းတွေကို EV နဲ့ အစားထိုးတင်သွင်းခွင့်ပြု

September 27, 2026
​ဓာတ်ပုံ - KNU

ဖာပွန်ခရိုင်တိုက်ပွဲမှာ စစ်တပ်ထံမှလက်နက်ခုနှစ်လက် KNLA သိမ်းဆည်းမိ

September 27, 2026

ဆောမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံး

September 27, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page