Border News Agency
စစ်ကိုင်း၊ မေ ၁၃။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အရှေ့တောင်ခြမ်းမှာရှိတဲ့ နဘဲပင်လှရွာဘုန်းကြီးကျောင်းကို မေလ ၁၃ ရက်၊ ဒီနေ့ နေ့လည် ၁၂ နာရီခွဲအချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းအတွင်းမှာရှိနေတဲ့ ကိုရင်ကြီးတပါးနဲ့ပြည်သူတဦးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလေကြောင်းကတိုက်ခိုက်ခံရတဲ့အချိန်မှာ မြေပြင်စစ်ကြောင်းတွေမရှိသလို တိုက်ပွဲဖြစ်ပွားနေတာမျိုးလည်းမရှိဘူးလို့ မြေပြင်သတင်းတွေအရသိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲမရှိဘဲနဲ့ အခုလိုသာသနာ့နယ်မြေအတွင်းကို ရွယ်ရည်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ဒေသခံတွေကဆိုကြပါတယ်။
အဲဒါကြောင့် ဝက်လက်မြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို သတိထားနေထိုင်ကြဖို့နဲ့ လေယာဉ်သတင်းတွေကို နားစွင့်ထားကြဖို့သတိပေးထားပါတယ်။










