Border News Agency
မင်းတပ်၊ ဇွန် ၅။
မင်းတပ်မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်က အင်အား ၂,၀၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုး ထိုးစစ်ဆင်မှုတွေ ရှိနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က ဇွန်လ ၄ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီဒေသတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ ချင်းပြည်သူ့တပ်မတော် (CPA)၊ မဟာမိတ်ပူးပေါင်းတပ်တို့အကြား ပြီးခဲ့တဲ့ မေလလယ်ဝန်းကျင်ကစပြီး ထိတွေ့တိုက်ပွဲတွေအပြင်းအထန် ဖြစ်ပွားနေတယ်လို့ဆိုပါတယ်။
အဲဒီချင်းပြည်သူ့တပ်မတော်နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက အာဏာသိမ်းစစ်တပ်ရဲ့ထိုးစစ်တွေကို အောင်မြင်စွာခုခံဟန့်တားထားနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်မြေပြင်မှာ အခြေအနေမကောင်းတဲ့ အာဏာသိမ်းစစ်တပ်ဟာ တိုက်လေယာဉ်၊ Y-12 လေယာဉ်တွေသုံးပြီး အကြိမ်ပေါင်းများစွာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲနဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ အများပြည်သူစိုးရိမ်ထိတ်လန့်စေမယ့် သတင်းမှားနဲ့ ကောလာဟလတွေပျံ့နှံ့နေလို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ တရားဝင်ထုတ်ပြန်ချက်တွေကိုသာ စောင့်မျှော်နားစွင့်ဖို့တိုက်တွန်းထားပါတယ်။





