Border News Agency
မန္တလေး၊ ဇွန် ၂၃။
မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး PDF တွေက ဝင်ရောက်စီးနင်းခဲ့တဲ့အပေါ် ပြည်သူ့လွတ်မြောက်ရေးတပ်တော် (PLA) က ဇွန်လ ၂၃ ရက်နေ့မှာ သူတို့ရဲ့ သဘောထားကို အသေးစိတ်ထုတ်ပြန်ပြီး တုံ့ပြန်လာပါတယ်။
အဲဒီဖြစ်စဉ်မှာ ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးဖို့အတွက် ငွေကျပ်သိန်းတသောင်းတောင်းခံခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို PLA ဘက်က လုံးဝမရှိခဲ့ကြောင်းနဲ့ လုံးဝမဟုတ်မှန်ကြောင်း အဓိကထားပြီးငြင်းဆိုလိုက်ပါတယ်။
အဲဒီတောင်သာမြို့နယ်အတွင်းရှိ သူတို့ရဲ့တပ်ဖွဲ့ဝင်တွေကို NUG လက်အောက်ခံ PDF တပ်ဖွဲ့တွေက အင်အားသုံးဝင်ရောက်စီးနင်းတာ၊ ရဲဘော်တွေကို ဖမ်းဆီးတာနဲ့ ရုံးခန်းတွေကိုရှာဖွေတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အခုလိုပဋိပက္ခတွေဖြစ်ပွားခဲ့ရတာဟာ တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြားမှာ ညှိနှိုင်းမှုနဲ့ပူးပေါင်းဆောင်ရွက်မှု အားနည်းချက်တွေကြောင့် ဖြစ်ပေါ်လာရတာလို့ဆိုပါတယ်။
တော်လှန်ရေးရည်မှန်းချက်အတွက် နှစ်ဖက်အဖွဲ့အစည်းအကြားဆက်လက်ပြီးတော့ပဲ ညှိနှိုင်းဆွေးနွေးသွားမယ်ဆိုတဲ့အကြောင်းနဲ့ တော်လှန်ရေးလုပ်ငန်းစဉ်တွေကို ဆက်လက်ကိုင်စွဲသွားမယ်လို့ PLA က အသိပေးထားပါတယ်။










