Border News Agency
နေပြည်တော်၊ ဇွန် ၂၃။
ဘင်းမ်စတက် (BIMSTEC) အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန်လ ၂၂ ရက်နေ့က နေပြည်တော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့လာရောက်တွေ့ဆုံခဲ့ပါတယ်။
အဲဒီတွေ့ဆုံမှုမှာ နှစ်ဖက်အဖွဲ့အစည်းတွေကြား ပူးပေါင်းဆောင်ရွက်မှုတွေ၊ မြန်မာနိုင်ငံအနေနဲ့ဘင်းမ်စတက်အဖွဲ့မှာပါဝင်နေတဲ့ အခြေအနေတွေအပြင် လာမယ့်နှစ်မှာ မြန်မာနိုင်ငံက ဘင်းမ်စတက်အတွင်းရေးမှူးချုပ် တာဝန်ကိုလွှဲပြောင်းရယူမယ့် ကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ သူတို့ရဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ဆောင်ချက်တွေကိုရှင်းပြခဲ့ပြီး ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးမြှင့်လိုကြောင်းပြောကြားခဲ့ပါတယ်။
ဘင်းမ်စတက်အတွင်းရေးမှူးချုပ်ကလည်း မြန်မာနိုင်ငံရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အပြုသဘောဆောင်တဲ့စကားတွေကို ပြန်လည်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။












